ပြင်ပဒေါ်လာငွေလဲနှုန်းကျဆင်းလာမှုနဲ့အတူ ပြည်ပပို့ကုန်ပဲတွေအပါအဝင် သီးနှံဈေးနှုန်းအချို့ ပြန်လည်ကျဆင်းလာတယ်လို့ စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီနေ့ စက်တင်ဘာ ၂၂ ရက်မှာတော့ မတ်ပဲကော ပဲစင်းငုံနီကော ဈေးတွေ ထပ်ကျသလို အာလူး၊ နှမ်းဈေးတွေ လည်း ကျဆင်းသွားတာဖြစ်တယ်လို့ သိရပါတယ်။ တစ်ပိဿာ ကျပ် ၃၅၀၀ ထိ ဈေးမြင့်သွားခဲ့တဲ့ ကြက်သွန်နီဈေးဟာလည်း ဆက်တိုက်ပြန်လည်ကျဆင်းသွားပြီး ဒီနေ့မှာတော့ အမြင့်ဆုံးဈေး ကျပ် ၃၁၀၀ ထိ ဖြစ်သွားပြီ ဖြစ်ပါတယ်။
ငွေလဲလှယ်နှုန်းဈေးကျဆင်းသွားတဲ့အတွက် ဈေးတွေ ပြန်ကျဆင်းသွားတာဖြစ်တယ်လို့ AMIA က ဖော်ပြထားပါတယ်။
ထန်းလျက်ဈေးကတော့ အနည်းငယ်တက်လာပေမယ့် သကြားဈေးကတော့ ကျသွားတယ်လို့လည်း AMIA ရဲ့ သတင်းဖော်ပြချက်အရ သိရပါတယ်။
စက်တင်ဘာ ၂၂ ရက် သီးနှံဈေးနှုန်းအချို့
*ရန်ကုန်ဘုရင့်နောင်ဈေးကွက်*
- မတ်ပဲ (FAQ/RC) တစ်တင်း - ၆၃၁၈၅
- မတ်ပဲ (SQ/RC) တစ်တင်း - ၇၃၇၉၅
- ပဲစင်းငုံနီ (တစ်တင်း) - ၆၉၀၅၀
- ပဲလွန်းဖြူ(မြစ်ဝ) (တစ်ပိဿာ) - ၂၃၀၀ မှ ၂၃၃၅
- ကြက်သွန်နီ (တစ်ပိဿာ) - ၂၇၀၀ မှ ၃၁၀၀
- ထန်းလျက် (တစ်ပိဿာ) - ၂၂၅၀ မှ ၃၇၅၀
- မန်းကျည်းသီး (တစ်ပိဿာ) - ၂၁၀၀ မှ ၄၀၀၀
- အာလူး (တစ်ပိဿာ) - ၁၄၀၀ မှ ၂၁၅၀
- သကြား (တစ်ပိဿာ) - ၂၅၃၀
*မန္တလေးဈေးကွက်*
- နှမ်းနက်(စမုံ) (တစ်အိတ်) - ၂၆၀၀၀၀ မှ ၃၃၅၀၀၀
- နှမ်းညို (တစ်အိတ်) - ၂၅၀၀၀၀ မှ ၂၅၅၀၀၀
- စီပီပြောင်း (တစ်အိတ်) - ၅၄၀၀၀ မှ ၅၅၀၀၀
- စားတော်ပဲ (တစ်အိတ်) - ၂၃၀၀၀၀ မှ ၄၀၀၀၀၀
- စွန်တာပဲ (တစ်အိတ်) - ၁၄၀၀၀၀
- ပဲပုတ်(ရှမ်း) (တစ်အိတ်) - ၁၆၀၀၀၀ မှ ၁၆၆၀၀၀
- ပဲလွန်းပြာ (တစ်အိတ်) - ၁၁၅၀၀၀ မှ ၁၂၅၀၀၀
- ကုလားပဲ(ထိုင်ဝမ်) (တစ်အိတ်) - ၁၇၇၀၀၀ မှ ၁၇၈၀၀၀
(စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများကို ဖော်ပြခြင်းဖြစ်ပါသည်။)
(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။