မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊ ငရုတ် တစ်ပတ်အတွင်းဈေးကွက်နှင့်အလားအလာ
မတ်ပဲ

မတ်ပဲကတော့ ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ဈေးမြင့်တက်ပေမယ့် တစ်ပတ်အတွင်းမှာတော့ ဈေးအတက်အကျ အပြောင်းအလဲတွေ ရှိခဲ့ပါတယ်။ အိန္ဒိယနိုင်ငံတွင်း မတ်ပဲဈေးမြင့်တက်မှုကြောင့် CNF ဈေးနှုန်းတွေပါ မြင့်တက်လာပြီး ပြည်တွင်းဈေးပါ အနည်းငယ်မြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ မတ်ပဲ FAQ/RC က တစ်တန်ကို ၂၂၉၀၀၀၀ ကျော်ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၈၅၀၀၀ ကျပ် ဈေးပြန်မြင့်တက်လာပါတယ်။
မန္တလေးဈေးကွက်မှာတော့ မတ်ပဲအဟောင်းတွေ တစ်အိတ်ကို ၂၁၅၀၀၀ ကနေ ၂၂၀၀၀၀ ကြားပေါက်ဈေးရှိပြီး ၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။
ပခုက္ကူဈေးကွက်မှာတော့ တစ်တင်းကို ၅၂၀၀၀ ကနေ ၆၂၀၀၀ ကြားရှိနေပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်တင်းကို ၄၀၀၀ ကျပ် ဈေးမြင့်တက်လာပါတယ်။
အခြားနယ်ကုန်စည်ဒိုင်တွေ ဖြစ်တဲ့ အောင်လံကုန်စည်ဒိုင်၊ ပြည်တို့မှာလည်း တစ်တင်းကို ၇၀၀၀၀ ကနေ ၇၅၀၀၀ ကြားပေါက်ဈေးရှိနေပြီး ၃၀၀၀လောက် ဈေးတက်လာပါတယ်။
ဈေးကွက်ထဲ အသစ်တွေလည်း အနည်းငယ်ဝင်ရောက်နေပါတယ်။ ဒါပေမဲ့ ဒီအသစ်တွေက အဝင်ရှိ သလောက် အဝယ်ရှိနေပေမယ့် ဈေးကတော့ အနည်းငယ်လျော့နည်းပါတယ်။
ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ဈေးကျဆင်းသွားပါတယ်။ တစ်ပတ်အတွင်းလည်း အကျဈေးဖြင့် ဈေးငြိမ်နေခဲ့ပါတယ်။ ပြည်ပတင်ပို့မှုက ပုံမှန်ရှိပေမယ့် ပြည်တွင်းဝယ်ယူမှုကတော့ လက်ကျန်မရှိတဲ့အတွက် အရောင်းအဝယ်မရှိ ဈေးကျဆင်းနေတာဖြစ်တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။
အိန္ဒိယနိုင်ငံတွင်းမှာတော့ ပဲစင်းငုံနီ တင်သွင်းတာနဲ့ပတ်သက်ပြီး လုပ်ဆောင်နေကြပါတယ်။ အာဖရိကကနေ မကြာခင်တင်သွင်းတော့မှာဖြစ်ပေမဲ့ ဈေးက မျှော်မှန်းထားသလောက်တော့ ကျဆင်းနိုင်မှာ မဟုတ်ဘူးလို့ အိန္ဒိယကုန်သည်တွေက သုံးသပ်ထားကြောင်း အိန္ဒိယသတင်းစာတွေမှာ ဖော်ပြထားပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၃၁၃၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၂၀၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၃၀၀၀၀၀ ပေါက်ဈေးရှိနေပြီး ဈေးငြိမ်နေပါတယ်။
အခြား နယ်ကုန်စည်ဒိုင်တွေ ဖြစ်တဲ့ ပခုက္ကူဈေးကွက်၊ အောင်လံဈေးကွက်၊ မုံရွာဈေးကွက်နဲ့ ပြည်ဈေး ကွက်တို့မှာ ပဲစင်းငုံနီတစ်တင်းကို ၉၈၅၀၀ ကနေ ၁၀၀၀၀၀ ကြား ပေါက်ဈေးရှိနေပြီး ၅၀၀ ကျပ်လောက် ဈေးကျဆင်းသွားပါတယ်။
ပဲတီစိမ်း

ပဲတီစိမ်းကတော့ ရန်ကုန်ဈေးကွက်ထဲ ထိပ်စတွေ အဝင်မရှိဘဲ ဈေးကျဆင်းသွားပေမဲ့ နယ်ဈေးကွက် တွေမှာတော့ ပဲတီစိမ်းအသစ် ( အညာ)တွေ ဈေးကွက်ထဲဝင်နေပြီး ဈေးငြိမ်နေပါတယ်။
အသစ်တွေ အရည်အသွေးပေါ်မူတည်ပြီး အရောင်းအဝယ်ဖြစ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်ပဝယ်လက်တွေ ရှိပေမဲ့ နည်းနေတယ်လို့ သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၃၆၆၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ်၊ ခရမ်းရွှေဝါက တစ်ပိဿာကို ၃၃၃၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ်၊ ဈေးတွေကျဆင်းသွားပါတယ်။ ဝါးခယ်မကတော့ တစ်ပိဿာကို ၂၅၈၀ ကနေ ၂၉၂၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်နေပါတယ်။
မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ)က တစ်အိတ်ကို ၁၆၀၀၀၀ ကနေ ၁၇၃၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပေမဲ့ နေ့စဉ် အရောင်းအဝယ်ပေါ်မူတည်ပြီး ၃၀၀၀ ကနေ ၅၀၀၀ ကြား ဈေးအတက်အကျ ရှိနေ ပါတယ်။
မုံရွာဈေးကွက်မှာတော့ ပဲတီစိမ်းကြီးက တစ်တင်းကို ၄၅၀၀၀ မှ ၅၅၀၀၀ ကြား ပေါက်ဈေးရှိနေပါတယ်။
ငရုတ်
ငရုတ်ဈေးကတော့ အတက်ဈေးဖြင့် ဈေးငြိမ်နေရာမှ ပြန်ပြီး ဈေးပြန်ကျဆင်းလာပါတယ်။ ဈေးကွက်ထဲကို အသစ်တွေ အဝင်များလာတဲ့အတွက်ဈေးကျဆင်းနေတာ ဖြစ်ပါတယ်။ ထိုင်းတင်ပို့မှုမှာလည်း လမ်းကြောင်းအခြေအနေအရ တင်ပို့မှု နည်းနေတယ်လို့သိရပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
ဆက်စပ်မေးခွန်းများ
အခုလာမယ့်ဆောင်းစပါးမှာ ရက်ကိုးဆယ် ထည့်ချင်တယ် နဲနဲ နောက်ကျမှာ ဖစ်တဲ့အတွက် ကြက်သန်းပိုးကျတယ် အဲ့တာ ဘာဆေးဖျန်းရမလဲ ထိသေစားသေအမျိုးအစားကကောင်းမလား ပင်လုံးပြန့်အာနိသင်ရှိတဲ့ဆေးက ကောင်းမလားပြောပြပေးပါ ဆေးနာမည်လည်းပြောပြပေးပါ ပြီးတော့ အစိချပြီးရင် ပေါင်းမြက်မျိုးစုံလိုက်တယ် အဲ့အတွက် စပါးအပင်မြေကြီးကထွက်ကာစ လေးရက်သား ငါးရက်သားမှာ ဖျန်းတဲ့ဆေးရှိရင် ဆေးနာမည်နဲ့တကွ ဖော်ပြပေးပါ ပြီးတော့ တစ်ဧကကို ဘယ်နှစ်တင်းနှုန်း ကြဲပက်ရမလဲ ရယ် ပုလဲ ပိုတက်ရှ် အနက်စေ့ အသီးအားဆေး တွေကို ဘယ်နှစ်ရက်သားမှာ စပက်ပြီး ဘာကိုဘယ်လောက် ဘယ်အချိန်သုံးရမလဲ ညွှန်ပြပေးပါ ပိုတက်ရှ်က တခါးမှ မသုံးဘူး ပါဘူး
ming thein • ဖြေကြားချက် 4 ခု
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်ရန်မနိုင်ရွာ ခုပြောတဲ့အထက်ပါဒေသမှာ လယ်ယာမြေကနေ တစ်ဧကလောက် အစမ်းစိုက်ကြည့်ချင်တယ် လိုအပ်တာက အပင်ဘယ်ကရမလဲ နောက်တစ်ချက် မြေကြီးကိုမြောင်းပုံစံက ဘယ်လို တူးရမလဲ ဘယ်လိုစစိုက်ရမလဲ ဘယ်ရာသီမှာစစိုက်ရမလဲ ဥပမာ. နတ်တော် ပြာသိုအဲ့သလိုပေါ့
ming thein • ဖြေကြားချက် 1 ခု
တိုင်ထောင်ပဲမှာအသီးညှာမှာ-နီညိုရောင်ဖြစ်ပြီးချောက်သွားတယ်အသီးလဲပုတ်တယ်မိူဖြူလေးတက်နေတယ်အရွက်မှာလဲ-နီညိုအစက်တွေရှိတယ်-ဘာရောဂါလဲဆရာတို့ဘာဆေးတွေဖြန်သင့်ပြောပေးပါဦ
aungkolatt • ဖြေကြားချက် 1 ခု
ပျိုးပင်လေးတေ ဘာဖြစ်တာလဲဗျ
Htet Lin • ဖြေကြားချက် 1 ခု
စပါးပင်များနွားသေးဖြန်းရင်ကောင်းမလားဆရာတဖက်ကလဲမြေဩဇာထည့်မှာပေါ့။
U Win Zaw • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကမ္ဘာကြီး ပူလာချိန် အပင်တွေ ဘယ်လို ညှိယူနေကြလဲနဲ့ ဘယ်လိုတွေ ကြိုတင်ပြင်ဆင်ထားရမလဲ
30/10/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (26-30.10.2026)
30/10/2026
မြစ်ဝကျွန်းပေါ်နှင့် အောက်ပိုင်းဒေသများ အောက်တိုဘာ ၃၀ မှ နိုဝင်ဘာ ၁ ရက်အတွင်း မိုးအသင့်အတင့်မှ မိုးရွာသွန်းမှု ပြန်လည်အားကောင်းလာမည်
29/10/2026
ဗီဒီယို
ပြောင်းမျိုးကောင်းမကောင်း ဘာတွေကြည့်လဲ?
29/10/2026
သီတင်းကျွတ် ပိတ်ရက်အပြီး ပဲဈေးများ ကျဆင်း
29/10/2026
More from Green Way
အားလုံး
အဘိဓမ္မာအခါတော်နေ့ဆုတောင်း (မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်)
26/10/2026
အစိမ်းရောင်လမ်းကို ကူညီပံ့ပိုးနေသော ဆရာ၊ ဆရာမများသို့
26/10/2026
iPhone သုံးတဲ့ မိတ်ဆွေများအတွက် သတင်းကောင်း
23/10/2026
အစိမ်းရောင်လမ်းရဲ့ website အသစ်ထဲမှာ ဈေးတန်းကြီးရှိနေပြီဆိုတာ သိထားပြီးကြပြီလား?
07/10/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....