နာမည်ကြီးနေတဲ့ Dalgona ကော်ဖီကို အိမ်မှာလုပ်သောက်ကြမယ်

13/05/2020 11:30 AM တွင် ဝတ်မှုံသင်း ဝတ်မှုံသင်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ခုလို stay home ကာလမှာ လုပ်သောက်ဖို့ အရသာကောင်းမွန်တဲ့ Dalgona (ဒယ်ဂိုနာ) ကော်ဖီလုပ်‌နည်းလေးကိုတင်ပေးလိုက်ပါတယ်။ ပါဝင်ပစည်းတွေက ရိုးရှင်းပြီးတော့ လုပ်ရတာလည်း လွယ်ကူပါတယ်။

ပါဝင်ပစည်းများ

ကော်ဖီမှုန့် -ထမင်းစားဇွန်း2ဇွန်း

( Nescafeဆိုရင်ရပါတယ်။ သကြားနဲ့တစ်ခါတည်းရောပြီးသား ရယ်ဒီမိတ်ကော်ဖီမှုန့်တွေ မသုံးပါနဲ့နော် )

သကြား-ထမင်းစားဇွန်း 2ဇွန်း

ရေနွေး-ထမင်းစားဇွန်း 2ဇွန်း

နွားနို့- ခွက်ရဲ့သုံးပုံနှစ်ပုံ (နွားနို့အစစ်မလွယ်လည်း နို့မှုန့် (သို့) အိုဗာတင်း သုံးလို့ရပါတယ်)

ပြုလုပ်နည်း

ကော်ဖီရယ် သကြားရယ် ရေနွေးရယ်ကို ရောမွှေပါ။ ဒီမှာသတိထားရမှာက ရေနွေးကို ခုမှတည်ပြီးပြီးချင်းကိုသုံးရမှာပါ။ နောက်ပြီး ရေကို ပြောထားတဲ့ပမာဏထက် မများအောင်ဂရုစိုက်ပါ။

ပြီးရင် ၃မျိုးအရောကို မွှေပါမယ်။ ကြက်ဥ‌မွှေတံ ဒါမှမဟုတ် ဇွန်းနဲ့ မွှေရင်လည်းရပါတယ်။ ဒီကော်ဖီမှာ‌ မွှေတာကအ‌‌ရေးကြီးပါတယ်နော်။ တော်တော်တော့မွှေရပါတယ် အနှစ်ကပျစ်ပြီး ခရင်လိုဖြစ်သွားတဲ့အထိ မွှေ‌ပေးပါ။ ၁၅မိနစ်လောက်အထိကို မွှေပေးရပါတယ်နော်။ မွှေနေရင်းကို ကော်ဖီအနံ့လေးက အရမ်း‌မွှေးပြီး‌တော့သောက်ချင်‌စရာဖြစ်လာပါတယ်။

ကော်ဖီတွေ ခရင်လိုလေးဖြစ်သွားပြီဆိုရင် နွားနို့ (သို့) နို့မှုန့်၊ အိုဗာတင်း ဖျော်ထားတဲ့အပေါ်ကို ဖြည်းဖြည်းချင်း ဇွန်းလေးနဲ့တင်ပေးပါ။ အပူမကြိုက်ဘူးဆိုရင်လဲ နို့အေးလေးနဲ့ သောက်သုံးနိုင်ပါတယ်။ ကော်ဖီကသက်သက် အောက်ကနွားနို့ကသက်သက်ဖြစ်ရင် ဓာတ်ပုံရိုက်ပြီး ဖေ့ဘုတ် ပေါ်တင်ပြီးကြွားလို့ရပါပီနော်။

ပြီးရင် ဇွန်းလေးနဲ့မွှေပြီး ချိုအီစိမ့်‌မွှေးတဲ့ ကော်ဖီလေးကို အရသာရှိရှိသောက်သုံးနိုင်ပါပြီ။

ဝတ်မှုံသင်း


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်