မှိုဆီစိမ်
မှိုတွေဈေးထဲမှာ ပေါပေါများများတွေ့နေပါသလား? တစ်နှစ်ပတ်လုံးစားလို့ရအောင် မှိုဆီစိမ်လုပ်ထားလိုက်ပါ။ ဒီနေ့တော့ အတော်လေးကိုလူကြိုက်များတဲ့ မှိုဆီစိမ်နည်းလေးကိုပြောပြပါမယ်နော်။
ပါဝင်ပစ္စည်း
မှို(တောင်ပို့မှို၊ ငွေနှင်းမှို)
ဆီ
ဆား
ဟင်းခတ်မှုန့်
ကြက်သွန်ဖြူ
ငရုတ်သီးခြောက်
ပြုလုပ်နည်း
-မှိုကိုရေဆေးပြီး အမျှင်လေးတွေမျှင်ပါ။ ထို့နောက် ရေစင်အောင်စစ်ထားပါ။
-အိုးထဲကို ဆီထည့်ပြီး ဆီပူလာရင် ရေစင်အောင်စစ်ထားတဲ့ မှိုထည့်ကြော်ပါ။ အိုးမကပ်စေရန် ဆီပမာဏကို များများထည့်ပါ။ ဆား၊ ဟင်းခတ်မှုန့်(ဟင်းချိုမှုန့်)ထည့်ပါ။ မှိုက ချိုပြီးသားမို့ အနည်းငယ်ထည့်ရင်ရပါပြီ။
-မှိုအကျက်ညီပြီး နီလာပြီဆို မှိုကို ဆီစစ်ပါ။ ပြီးရင် အအေးခံထားပါ။
-ထို့နောက် ကြက်သွန်ဖြူနဲ့ ငရုတ်သီးခြောက်ကို ကြော်ပါ။ ထို့နောက် ဆီစစ်ပါ။ အအေးခံပါ။
-နှစ်ခုလုံးအအေးခံပြီးရင် မှို၊ ငရုတ်သီး၊ ကြက်သွန်ဖြူကြော်ကို ရောမွှေပါ။
-ထည့်မယ့်ပုလင်းထဲကိုထည့်ပြီး ကြော်တုန်းကပိုထားတဲ့ဆီကို မှိုကိုဖုံးတဲ့အထိထည့်ပါ။
ဒါဆိုရင် ထမင်းနဲ့အရမ်းလိုက်ဖက်တဲ့ မှိုဆီစိမ်ကို ရရှိပြီဖြစ်ပါတယ်။
ဝတ်မှုန်သင်း
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ပြည့်ဝင်း
လွန်ခဲ့သော ၆ နှစ် ကမှိုမှတန်ဘိုးမြင့်ထုတ်ကုန်လုပ်နည်းတွေ များများတင်ပေးပါခင်ဗျ ကျွန်တော်တို့က မှိုစိုက်သူတွေပါ
ကျော်ဆန်းလင်း
လွန်ခဲ့သော ၆ နှစ် ကကောက်ရိုးမှိူမျိုးထုပ်ဝယ်လို့ရလားဗျ
ဦးထွန်းလင်းဆန်း
လွန်ခဲ့သော ၆ နှစ် ကကောက်ရိုးမှိုကိုရော ပြုလုပ်၍ ရပါသလား
ဆက်စပ်မေးခွန်းများ
ဒီလ အတွင်း မတ်ပဲစျေး တက်လာနိင်ချေရှိသလားဗျ သိတဲ့သူတွေ နဲနဲလောက် ပြောပေးကြပါလားဗျ
Sa Kyaw Lin Tun • ဖြေကြားချက် 3 ခု
စပါးဈေး
MOUNG AUNG PAING • ဖြေကြားချက် 1 ခု
ပီလောပီနံေချာမှုန့်ဈေးနှုန်းသိချင်လို့ပါ ဘယ်ဈေးပေါက်နေသေးလဲသိချင်ပါတယ်
Ab • ဖြေကြားချက် 3 ခု
မွေးမြူရေး/စိုက်ပျိုးရေး ပညာရှင် ဆရာများခင်ဗျာ... တမာစေ့ကနေ တမာဆီကို စီးပွားဖြစ် အရည်အသွေးမီ ညှစ်ထုတ်နည်း သို့မဟုတ် Bulk ဝယ်ယူနိုင်မည့် နေရာကို လမ်းညွှန်ပေးပါရှင်
wai wai oo • ဖြေကြားချက် 2 ခု
ပဲကြီးလှောင်ရင်ဘာဆေးတေအုပ်ရလည်းသိချင်လို့ပါ
ပုတူး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာ (အပိုင်း-၆)
10/11/2026
နိုဝင်ဘာ ၉ မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံကို ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ လုံးဝမရှိ
09/11/2026
အပင်ရဲ့ အစာချက်လုပ်မှုကို ထိခိုက်စေတဲ့ သရက်ခေါင်ညွန့်စားပိုး(သို့) သရက်ရွက်အိမ်ဖွဲ့ပိုး
09/11/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)
06/11/2026
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)
06/11/2026
More from ဝတ်မှုံသင်း
အားလုံး