ဘဲမွေးမြူရေးအောင်မြင်စေဖို့ နည်းလမ်းကောင်းများနှင့် ပြုစုစောင့်ရှောက်နည်းများ အပိုင်း-၂

12/10/2022 11:00 AM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

ဘဲရောဂါများနှင့် ကာကွယ်ကုသနည်းများ

ဘဲရောဂါများအနေဖြင့် ကူးစက်ရောဂါပိုးမွှားများဖြစ်သော ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ ပရိုတိုဇိုးဝါးပိုးများ၊ ကိုယ်တွင်းကိုယ်ပ ကပ်ပါးပိုးများ၊ အစာအာဟာရ မပြည့်စုံခြင်း၊ ပတ်ဝန်းကျင်ဒဏ်၊ ဇီဝလုံခြုံမှု အားနည်းခြင်းတို့ကြောင့် ဖြစ်ပေါ်စေနိုင်ပြီး တချို့ဗိုင်းရပ်စ်ပိုးများသည် ကုသ၍ မရနိုင်ပါ။ 

ထို့ကြောင့် ဘဲများကို ကြိုတင်ကာကွယ်ဆေးထိုးခြင်းဖြင့် ကာကွယ်သင့်ပါသည်။

ရောဂါဝင်ရောက်ပါက တစ်ခြံလုံးသို့ ကူးစက်နိုင်သလို ရောဂါဖြစ်ချိန်တွင် ကာကွယ်ဆေးပေးပါကလည်း ရောဂါပိုမိုပြင်းထန်လာနိုင်သဖြင့် အားလုံးရှင်းပစ်သင့်ပါသည်။

  • ဘက်တီးရီးယားပိုးများကိုမူ ပဋိဇီဝဆေးဖြင့် ကုသနိုင်ပါသည်။ ကျွမ်းကျင်သော တိမွေးကုဆရာဝန်နှင့် ကုသပါ။
  • ကပ်ပါးပိုးများကို သန်ချဆေးတိုက်ကျွေးခြင်းဖြင့် ကုသနိုင်ပါသည်။အထူးသဖြင့် အစာတွင် ကပ်ပါးပိုးများ ပါဝင်မှု မရှိရန် ဂရုစိုက်ရပါမည်။
  • ကျွေးမွေးသည့်အစာတွင် အာဟာရဓာတ် မညီမျှပါကလည်း ရောဂါဖြစ်ပွားနိုင်ပါသည်။
  • အထူးသဖြင့် ကာကွယ်ဆေးများ ကြိုတင်ထိုးနှံနိုင်ရန် အရေးကြီးလှပါသည်။

ဘဲများကျန်းမာရေးကောင်းမွန်လာစေရန် ပြုစုစောင့်ရှောက်နည်းများမှာ-

  • ဘဲများ ကျန်းမာရေးကောင်းမွန်စေရန် အားဆေးများ၊ အစိမ်းရောင်နှင့် အဝါရောင်အသီးအရွက်များကို ကျွေးနိုင်ပါသည်။
  • သန့်ရှင်းသောသောက်ရေ မပြတ်စေရန် အရေးကြီးပါသည်။
  • ဘဲမွေးမြူရာတွင် ဘဲများကို ခြံသို့မရွှေ့မီအချိန်များတွင် ပိုးသတ်ဆေးဖျန်းပေးခြင်းများ ဆောင်ရွက်ပေးရပါမည်။
  • ကာကွယ်ဆေးများကို တိမွေးကုဆရာဝန်(သို့မဟုတ်) ကျွမ်းကျင်သူနှင့် ထိုးနှံပေးရပါမည်။
  • ဘဲငယ်များကို မထည့်ခင် အနွေးပေးရုံတွင် ရိုင်ဖြင့် ၁၀ ပေ ပတ်လည်တစ်ဝိုင်းနှုန်းနှင့် စီစဉ်ထားရှိပြီး တစ်ဝိုင်းလျှင် ဘဲငယ်ကောင်ရေ ၂၀၀ မှ ၂၅၀ ထည့်ပေးရပါမည်။
  • အစာဗန်း၊ ရေခွက်၊ အနွေးပေးအုပ်ဆောင်းများကို အဆင်သင့်ပြင်ထားရပါမည်။
  • အုပ်ဆောင်းတစ်ခုလျှင် ၆၀ ဝပ်မီးသီး ၄ လုံး ထားပေးရပါမည်။
  • ရက်သားဘဲပေါက်မှ ၃ ပတ်သားအထိကို ဘဲငယ်လေးအဖြစ် သတ်မှတ်၍ အနွေးပေးအုပ်ဆောင်းကို လိုသလိုအသုံးပြုနိုင်ရန် ကြိုးနှင့်ထိန်းထားပေးရပါမည်။
  • ဘဲငယ်များရောက်ရောက်ချင်း ဘဲများ Stress မဖြစ်စေရန် Antibiotics နှင့် Glucose ရော၍ ရေတွင်ထည့်တိုက်ပါ။
  • အစာကိုလည်းရောပြီး နာရီဝက်ကြာမှ ကျွေးပါ။
  • ၃ရက်သားမှ စ၍ ရိုင်ကို ချဲ့ပေးရန် လိုအပ်ပါသည်။
  • ဘဲငယ် ၄ ပတ်သားမှစ၍ မနက်၊ ည(၂)ကြိမ် ရေချပေးပါ။ ၁ ကြိမ်လျှင် နာရီဝက်ခန့်ထက် မပိုရပါ။

ဘဲများအား ကိုင်တွယ်ဖမ်းဆီးရာတွင်-

  • ဘဲများကို ကိုင်တွယ်လျှင် သတိထားပြီး ကိုင်ရပါမည်။
  • ဘဲဖမ်းရာတွင် ခြေထောက်နှင့် တောင်ပံများမှ ကိုင်တွယ်ဖမ်းဆီးလျှင် ဘဲမှာနာကျင်၍ အရိုးများကျိုးနိုင်ပါသည်။
  • ခြေထောက်နှင့် တောင်ပံကို ကိုင်တွယ်ဖမ်းဆီးခြင်းမပြုဘဲ လည်ပင်းအောက်ခြေပိုင်းအား ညင်သာစွာဆုပ်ကိုင်ခြင်းဖြင့် ဖမ်းဆီးရပါမည်။
  • ၎င်းအပြင် လက်ဖဝါးဖြင့် ခြေထောက်၂ ချောင်းအား ထိန်းချုပ်၍ လက်ဖျံပေါ်တွင် ဘဲရင်ဘတ်အားတင်၍ ဖမ်းသူ၏ခန္ဓာကိုယ်နှင့် ကပ်ထားခြင်းဖြင့် ညင်သာစွာ ကိုင်တွယ်နိုင်ပါသည်။

ဘဲမွေးမြူရေးလုပ်ငန်း၏ အကျိုးအမြတ်အနေဖြင့်-

ဘဲမွေးမြူရေးသည် ကျေးလက်ဒေသမွေးမြူရေးလုပ်ငန်းအတွက် တစ်နိုင်တစ်ပိုင် လူအများစုမွေးမြူသော လုပ်ငန်းတစ်ခု ဖြစ်ပါသည်။

ဘဲမွေးမြူရေးမှာ ဥစားကြက်မွေးမြူရေးလုပ်ငန်းလောက် ကရိကထ မများပါ။

လွှတ်ကျောင်းစနစ်ဖြင့် မွေးမြူနိုင်သည့်အတွက် သဘာဝအစာများ ရသဖြင့် အစာကုန်ကျစရိတ် သက်သာစေပါသည်။

ထို့ပြင် အဆောက်အအုံ ကုန်ကျစရိတ် သက်သာခြင်း၊ ရာသီဥတုဒဏ်ခံနိုင်ခြင်း၊ ထိန်းသိမ်းရသည့် လုပ်အား သက်သာခြင်း၊ လယ်ကွက်များတွင် စပါး၊ ငါး၊ ဘဲတို့ တွဲမွေးနိုင်သဖြင့် အကျိုးအမြတ် ပိုမိုရရှိနိုင်ပါသည်။

ဘဲမ ၁၀ ကောင်ကို ၁ နှစ်မွေးမြူလျှင် ဘဲဥ ၂၀၀၀ လုံးခန့် ဥနိုင်ပါမည်။ ယနေ့ခေတ်ကာလတွင် ဘဲဥတစ်လုံးလျှင် (၂၅၀-၃၀၀)ကျပ်နှုန်းနှင့် ဥတုံးဘဲ ၁ ကောင်လျှင် (၇၀၀၀- ၉၀၀၀)ကျပ်နှုန်း ရရှိနိုင်သည့်အတွက် ဥစားဘဲမွေးမြူခြင်းသည် အကျိုးအမြတ်များစွာ ရရှိနိုင်မည့်လုပ်ငန်းဖြစ်ပါကြောင်း လေ့လာရေးသားလိုက်ရပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်