အင်းဆက်ပိုးမွှားများကို ကာကွယ်နှိမ်နင်းနိုင်တဲ့ အီးအမ် - ၅
အီးအမ် - ၅ကို အင်းဆက်ပိုးနှင့် ရောဂါပိုးများကာကွယ်ရာတွင် အသုံးပြုနိုင်သည်။ အထူးသဖြင့် အင်းဆက်နှိမ်နင်းရာတွင် သုံးသည်။ သို့သော် အီးအမ် ၅ သည် အင်းဆက်ပိုးများကိုသေစေသော ဓာတုဗေဒဆေးမဟုတ်ပါ။ အင်းဆက်ပြန့်ပွားမှုကို ထိန်းချုပ်သည်။ အီးအမ် - ၅ သည် အင်းဆက်ပိုးမွှားများ၏ အစာကိုစား၍မရသော အညစ်အကြေးအဖြစ် ပြောင်းလဲပေးသည့်အတွက် အင်းဆက်များအစာမစားနိုင်ဘဲ တဖြည်းဖြည်းလျော့နည်းစေသည်။
ပါဝင်သောပစ္စည်းများ
ရေ - ၆၀၀ စီစီ
တင်လဲရည် - ၁၀၀ စီစီ
ရှာလကာရည် - ၁၀၀ စီစီ
အရက် (သို့) အရက်ပြန် (၃၀-၃၅ %) - ၁၀၀ စီစီ
အီးအမ်အပြင်း - ၁၀၀ စီစီ

ပြုလုပ်ပုံ
(၁) ရေနှင့် တင်လဲရည်ကို ပျော်အောင် ဦးစွာဖျော်ပါ။
(၂) ၎င်းအရည်ထဲသို့ ရှာလကာရည်နှင့် အရက်ကိုထည့်ပြီး မွှေပါ။
(၃) ထို့နောက် အီးအမ်ကိုထည့်ပါ။
(၄) ပလတ်စတစ်ပုံးထဲသို့ လေဟာနယ်မရှိအောင်ထည့်ပြီး အဖုံးလုံအောင် ပိတ်ထားရမည်။
(၅) (၁၀ - ၁၅) ရက်ကြာလျှင် စတင်သုံးစွဲနိုင်သည်။
(၆) ၎င်းပုံးကို အေး၍မှောင်သောနေရာ (အပူချိန် ၂၀ - ၃၀) ဒီဂရီစင်တီဂရိတ်ရှိသော နေရာတွင်ထားပါ။
(၇) တိုက်ရိုက်နေရောင်ခြည်မထိတွေ့စေရ။
(၈) ရေခဲသေတ္တာထဲ မထည့်ရ။
(၉) အီးအမ် - ၅ ပြုလုပ်ပြီး (၆) လအထိထား၍ သုံးစွဲနိုင်သည်။
အသုံးပြုပုံ
အပင်ပေါက်လာပြီး ဖျက်ပိုးများမကျမီ စတင်ဖျန်းပါ။ ၃ရက်ကြားတစ်ကြိမ် ရေနှင့် (၁ : ၂၀၀ ) သို့မဟုတ် (၁ : ၅၀၀ ) နှုန်းဖြင့်ရော၍ ပက်ဖျန်းပါ။ မနက်ပိုင်းနှင့် ညနေပိုင်း နေအေးချိန်များတွင် ဖျန်းပါ။
အကျိုးကျေးဇူးများ
အီးအမ် - ၅ ကိုအသုံးပြုခြင်းသည် အသုံးပြုသည့်မြေ၊ စိုက်ပျိုးသည့် သီးနှံပေါ်မူတည်ပြီး အီးအမ် - ၅၏ အာနိသင်အကောင်းဆုံးအခြေအနေကို ရရှိ၍ ပတ်ဝန်းကျင်ကိုလည်း အကျိုးပြုနိုင်ပါသည်။ လယ်သမားများအတွက် စီးပွားရေးတွက်ခြေကိုက်စေပါသည်။ အီးအမ် - ၅ကိုလွယ်ကူစွာနှင့် ဈေးသက်သာစွာ ပြုလုပ်နိုင်သည်။ သီးနှံတစ်ခုရိတ်သိမ်းပြီးနောက် သီးနှံအကြွင်းအကျန်များကို မြေထဲသို့ ထယ်ထိုးမြေမြှုပ်ကာ နောက်သီးနှံမစိုက်မီ အီးအမ် - ၅ကိုဖျန်းပေးခြင်းဖြင့် နောက်ဆုံးတွင်ရောဂါနှင့် အင်းဆက်ပိုးတို့၏ သံသရာမလည်အောင်ထိန်းထားနိုင်ပါသည်။
အကျိုးပြုအဏုဇီဝ (အီးအမ်) နည်းပညာ ပါမောက္ခ ဒေါက်တာမြင့်လွင် စာအုပ်မှကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။
အကျိုးပြုအဏုဇီဝ (အီးအမ်) နည်းပညာ စာအုပ်ကို ဝယ်ယူလိုပါက အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့် )
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
KoLinn
လွန်ခဲ့သော ၃ နှစ် ကအီးအမ်အပြင်းကဘာလဲဗျ
U Mg Pu
လွန်ခဲ့သော ၃ နှစ် ကဉိးမေါင်ပု အိးအင်ကိုဘယ်လိုလုပ်သလဲဖြေပေးပါ
U Mg Pu
လွန်ခဲ့သော ၃ နှစ် ကzဖဉိးမေါင်ပု
မန်းတင်စိုး
လွန်ခဲ့သော ၃ နှစ် ကအီအန်လုပ်နည်းပိုပေးပါ
မန်းတင်စိုး
လွန်ခဲ့သော ၃ နှစ် ကအီအန်ဘယ်ကလုပ်ရမလည်း
ဆက်စပ်မေးခွန်းများ
မြေပဲအပင်လေတွေမှာ အလိုတွေတွေနေရလို ဘာရောဂါဖြစ်တာလည်ခင်များပြောပြပေပါအုံခင်များ
မင်းမင်း • ဖြေကြားချက် 2 ခု
ငရုတ်ပင်မှာ ခါးရိတဲ့ရောဂါအတွက် ဘာဆေးဖျန်းရမလဲ နှင့် ငရုတ်ပင် အမြစ်တွေ ခြောက်ပြီး သေတဲ့ ရောဂါအတွက် ဘာဆေးဖျန်းရမလဲ ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 5 ခု
ဂေါ်ဖီထုပ်ပျိုးပင်တွေအခုလိုအဝိုင်းလိုက်သေနေလို့ဘယ်လိုလုပ်ရမလဲသိတဲ့သူများရှိရင်ပြောပြပေးကြပါဗျအပင်သက်တန်းကရက်ပေါင်း20လောက်ရှိသေးတယ်ပိုးသတ်ဆေးရော့မြေသြဇာရော့မကျွေးထားဘူးဗျ
kyaw kyaw • ဖြေကြားချက် 1 ခု
စပါးခင်း ယခုလိုပိုးကျတာဘာဆေးဖျန်းသင့်လဲဗျ
zaw winnaing • ဖြေကြားချက် 1 ခု
ဘီးစပ်ရွက်၊တမာရွက်များကိုထုထောင်းပြီးရလာသောအရေည်ကိုရွှေခရုများကိုနှိမ်နင်းလို့ရနိုင်မလာဗျို့။
U Win Zaw • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026