ငါးများကို အပင်နှင့် ရောနှောမွေးမြူပါက သတိထားသင့်သည့်အချက်များ

03/04/2022 13:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ငါးများကိုအပင်နှင့် ရောနှောမွေးမြူခြင်းဆိုသည်မှာ ငါးကန်အတွင်းလိုအပ်သော သစ်ပင်၊ရေမှော်ပင်များနှင့် ရောနှောမွေးမြူခြင်းဖြစ်ပါသည်။ အပင်၏အမြစ်များ၊ ရေညှိရေမှော်များကို စားသောက်လေ့ရှိသောငါးများကို မွေးမြူရာတွင်ကန်စွန်းပင်၊ ဗေဒါပင်များပါ သင့်တင့်ရုံ မွေးမြူရေးကန်များအတွင်း၌ စိုက်ပျိုးမွေးမြူခြင်းကို အပင်နှင့်ရောနှောမွေးမြူခြင်းဟု ဆိုလိုပါသည်။ 

ဤသို့မွေးမြူခြင်းဖြင့် အပင်များမှ ရေအောက်သို့ကျလာသော အမြစ်များနှင့် အပင်အညွန့်ကလေးများ၊ အပင်နှင့် အမြစ်တွင်တွယ်ကပ်နေသော ရေညှိများကို ငါးများစားသုံးရသဖြင့် ငါးစာကို လျှော့ပေါ့ကျွေးနိုင်သော အကျိုးအမြတ်ကို ရရှိစေပါသည်။

ယခုလိုမွေးမည်ဆိုပါက သတိထားသင့်သည့် အချက်များမှာ - 

-  အပင်များကို ငါးကန်တွင် စိုက်ပျိုးမွေးမြူရာ၌ ရေကောင်းရေသန့်ကိုကြိုက်သည့် ငါးကြင်း၊ ငါးသိုင်းစသော ငါးများကို မွေးမြူထားသောကန်တွင် အပင်များကိုရော၍ မမွေးမြူသင့်ပါ။  

- ကန်၏ရေမျက်နှာပြင်သည် သန့်ရှင်းနိုင်သမျှသန့်ရှင်းနေခြင်းသည်သာ အကောင်းဆုံးဖြစ်ပါသည် ။ မြစ်ဝကျွန်းပေါ် ဒေသမှ မွေးမြူရေးသမားများခေါ်ဝေါ်သည့် မှော်ပင် (ခေါ်) အပင်စိမ်းစိမ်း အရွက်သေးသေးကလေးများရှိသော အပင်ကလေးများကို ကန်တွင်ထည့်၍ရောစပ်မွေးမြူနိုင်ပါသည်။    

- ထိုရေမှော်ပင်ကလေးများမှာ ဗေဒါပင်များကဲ့သို့ပင် အလွန်အပွားမြန်ပါသည်။ငါးများစား၍ မနိုင် ဖြစ်တတ်သည်။ တစ်ကန်လုံးအစိမ်းရောင်ရေမှော်ပင်များနှင့် ဖုံးလွှမ်းသွားသည်အထိ မဖြစ်လာစေရန် သတိပြုသင့်ပါသည်။   

- လိုအပ်သော သင့်တင့်ရုံမျှသာ ရေမှော်ပင်များ ကန်အတွင်းမှာ ရှိရပါမည်။ တစ်ကန်လုံးရေမှော်ပင်များဖြင့် ဖုံးလွှမ်းသွားပါက ငါးများအသက်ရှူရန် အောက်ဆီဂျင်ဓာတ်ရရှိရေး နှင့် အလင်းရောင်လုံလောက်စွာ ရရှိရေးကို အဟန့်အတားဖြစ်စေပါသည်။

- အလားတူ ဗေဒါပင်နှင့် ကန်စွန်းပင်၊ကြာပင် စသည်များ ကိုလည်း လိုသည်ထက်မပိုရန် သတိပြုရပါမည်။ အစာအတွက်သာမက ကန်အတွင်း ငါးများ ဉချချိန်တွင်လည်း အမြစ်ရှည်

အပင်များကို ကန်အတွင်း၌ ငါးများနှင့်အတူရောနှော၍ ထားရှိရန် လိုအပ်ပါသည်။ 

မှီငြမ်း-ငါးလုပ်ငန်းဦးစီးဌာန။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်