ကမ္ဘာကြီးကိုခြောက်လှန့်လာတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့များ

21/01/2021 12:45 PM တွင် စုမြတ်မြတ်မိုး စုမြတ်မြတ်မိုး မှ ရေးသား

    ဖန်လုံအိမ်ဓာတ်ငွေ့ဆိုသည်မှာ အနီအောက်ရောင်ခြည်ခေါ် အလွန်ပူပြင်းသည့်ရောင်ခြည်များကို စုပ်ယူထားပြီး ကမ္ဘာ့လေထုထဲသို့ အပူငွေ့များကို ပြန်လည်ထုတ်လွှတ်ပေးသော ဓာတ်ငွေ့များကို ဆိုလိုပါသည်။ ဖန်လုံအိမ်အာနိသင်ရှိသော အငွေ့များမှာ မီသိန်း(methane)၊ ကာဗွန်ဒိုင်အောက်ဆိုက် (Co2)၊ နိုက်ထရပ်အောက်ဆိုက် (N2O) နှင့် ကလိုရိုဖလူရိုကာဗွန် (CFCs) တို့ဖြစ်ပါသည်။

    မီသိန်းသည် များသောအားဖြင့် ရေဝပ်နေသောစိုက်ပျိုးမြေများ၊ လယ်ကွက်များ၊ ကျွဲ နွားများ အစာချေခြင်းဖြစ်စဥ်များအပါအဝင် အမှိုက်ပုံများ၊ ကျောက်မီးသွေးတွင်းများမှ ထွက်ရှိပါသည်။

    ကာဗွန်ဒိုင်အောက်ဆိုက်သည် အပင်များ၊ စက်ရုံများ၊ ကားများမှထွက်သော မီးခိုးများ၊ အမှိုက်ပုံများမီးရှို့ခြင်း၊ တောင်ယာမီးရှို့ခြင်း၊ သစ်တောများမီးလောင်ရာမှ ထွက်လာပါသည်။

    နိုက်ထရပ်အောက်ဆိုက်သည် စိုက်ခင်းများတွင် နိုက်ထရိုဂျင်မြေဩဇာအလွန်သုံးစွဲခြင်းနှင့် စက်ရုံအလုပ်ရုံများမှထွက်ရှိပါသည်။

    ကလိုရိုဖလူရိုကာဗွန်ဓာတ်ငွေ့မှာ လေအေးပေးစက် aircon များမှထွက်သော အငွေ့များဖြစ်ပါသည်။

    အဆိုပါဓာတ်ငွေ့များ ပမာဏများလာလျှင် ကမ္ဘာ့အပူချိန် မြင့်တက်လာရုံမျှမက ​အဆမတန်မြင့်လာသောအပူရှိန်ကြောင့် အပူလှိုင်းများဖြစ်ကာ လူသားတို့ ဦးနှောက်သွေးကြောပြတ်ခြင်း၊ အပူရှပ်ခြင်း၊ သက်ကြီးရွယ်အိုများ အပူဒဏ်ကြောင့်သေဆုံးခြင်း၊ အပူချိန်မြင့်၍ သီးနှံများစိုက်ပျိုး၍မရခြင်း၊ မျိုးညှောင့်မပေါက်ခြင်း၊ အသီးမတင်ခြင်း၊ မြေအောက်ရေများကျဆင်းလာကာ ရေရှားပါးလာခြင်း၊ မိုးခေါင်ခြင်း၊ အက်စစ်မိုးများရွာ၍ သီးနှံများပျက်စီးခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုက်မြင့်မားလာမှုကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ခြင်း၊ ပင်လယ်မှ ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူမှုများလာသောအခါ ပင်လယ်ရေတွင် အယ်ကာလိုင်းဓာတ် (အငံဓာတ်) ပိုလာသဖြင့် ရေနေသက်ရှိများ (ငါးအပါအဝင် ရေညှိ​ရေမှော်များ) ပျက်စီးကာ မျိုးတုံးခြင်း၊ ​အပူချိန်မြင့် ၍ ရေခဲတောင်များ ရေခဲ​မြစ်များ အရည်ပျော်ကျခြင်းကြောင့် ပင်လယ်ရေမြင့်တက်လာကာ ရေကြီးရေလျှံခြင်း၊ ကမ်းရိုးတန်းဒေသများတွင် မှီတင်းနေသော လူသားတို့ အိုးအိမ်များဆုံးရှုံးရခြင်း၊ မြို့ရွာများပျောက်ကွယ်ခြင်း၊ ကလိုရိုဖလူရိုကာဗွန်ဓာတ်ငွေ့များသည် အိုဇုန်းလွှာကို ပျက်စီးစေကာ အိုဇုန်းလွှာပါးလာသောကြောင့် အရေပြားကင်ဆာများ၊ မျက်စိတိမ်စွဲခြင်းများ ဖြစ်လာခြင်းစသော ဆိုးကျိုးများစွာကို အကျိုးဆက်ဖြစ်စေပါသည်။

    အဆိုပါဓာတ်ငွေ့များကိုဖြစ်စေသော လုပ်ငန်းတွင် စိုက်ပျိူးရေးသည်လည်း ပါဝင်နေသောကြောင့် တောင်သူများအနေဖြင့်လည်း ရေအမြဲလွှမ်းနေသော လယ်ကွက်များတွင် ရေကို ရေသွင်းရေထုတ်စနစ်သုံးပေးခြင်း၊ နိုက်ထရိုဂျင်ကိုလျော့သုံးခြင်းနှင့် တတ်နိုင်သမျှ အမှိုက်သရိုက်မီးရှို့ခြင်းနှင့် တောင်ယာမီးရှို့ခြင်းကို ရှောင်ရှားပေးသင့်ပါသည်။ ကားများမှထွက်သော မီးခိုးငွေ့ကို လျှော့ချရန်အတွက်လည်း တတ်နိုင်သမျှ ကားစီးခြင်းလျှော့ချကာ စက်ဘီးစီးခြင်း၊ လမ်းလျှောက်နိုင်သောအကွာအဝေးကို လမ်းလျှောက်ခြင်း၊ aircon များကို မဖြစ်မနေသုံးသင့်မှသာ သုံးခြင်းတို့ ပြုလုပ်ရပါမည်။ တစ်ခါသုံးလူသုံးကုန်များအစား အခါခါသုံးနိုင်သောအရာများ သုံးခြင်း၊ မီးမရှို့ရဘဲ ဆွေးမြေ့သော လူသုံးကုန်များသုံးခြင်းကိုလည်း လုပ်ဆောင်ရပါမည်။

    လူသားအားလုံးတို့သည် မိမိ၏ပင်ကိုယ်အသိစိတ်ဖြင့် တတ်နိုင်သမျှဆင်ခြင်ကြပါလျှင် ဖန်လုံအိမ်ဓာတ်ငွေ့ထွက်ရှိမှုသည် ရာခိုင်နှုန်းအတော်တန်လျော့ကျမည်ဖြစ်ကာ အားလုံးသောသက်ရှိတို့သည် ကျန်းမာပျော်ရွှင်စွာဖြင့် သက်တမ်းစေ့ရှင်သန်နိုင်မည်မှာ မလွဲပင်ဖြစ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်” ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်