စိန်ခေါ်မှုတွေကို ကျော်ဖြတ်ပါ

28/04/2020 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Mother Finance Mother Finance မှ ပေးပို့ထားပါသည်။

အားလုံးပဲမင်္ဂလာပါ။ COVID-19 ကြောင့် အလုပ်ရပ်နားလိုက်ပါသလား။ အလုပ်ထုတ်ခံလိုက်ပါသလား။ အလုပ်ဖြုတ်ခံရပါသလား။ ဘယ်တွေဆက်လုပ်ရမယ်မှန်း မသိဖြစ်နေပြီး စိတ်ဓါတ်တွေကျနေသလား။ အလုပ်မရှိတော့ရင် ဘယ်လိုဆက်သွားသင့်သလဲဆိုတာကို ဒီ post လေးကို အချိန်တစ်ခုပေးပြီးဖတ်လိုက်ပါ။

အရမ်းခက်ခဲတဲ့အခြေအနေမျိုးမှာ ရှိနေပါတယ်။ ကိုယ်ကတော့အလုပ်မရှိတော့ ဝင်ငွေမရှိတော့ပါဘူး။ ကိုယ်တစ်ယောက်ထဲခံစားနေရတာ မဟုက်ပါဘူး။ တစ်ချို့ကတော့ စီးပွားရေးလုပ်ငန်းပိတ်လိုက်ရတယ်။ ကိုယ့်အသိမိတ်ဆွေသူငယ်ချင်းက ရောဂါပိုးကူးစက်သွားတယ်။ အသက်ဆုံးရှူုံးသွားတယ်။

ခိုင်မာတောင့်တင်းထားနိုင်တဲ့စိတ်ဓာတ်ကို မွေးမြူထားဖို့ အထူးလိုအပ်ပါတယ်။ အခုဖြစ်နေတာတွေအားလုံးက ဘယ်လောက်ကြာမယ်ဆိုတာ ပြောလို့မရပါဘူး။ ဒါပေမယ့် တစ်သက်လုံး အမြဲတမ်း ဆက်မသွားဘူးဆိုတာတော့ သေချာပေါက်ပြောလို့ရပါတယ်။

အသက်ရှင်နေသရွေ့ဆက်လုပ်ရမှာတွေ ရှိပါတယ်။ ငုတ်တုတ်ထိုင်နေပြီး အငတ်ပဲခံလိုက်မယ်ဆိုတဲ့ အတွေးတွေက လက်တွေ့မကျပါဘူး။ လက်မြှောက်ပြီး အရှုံးပေးလို့မရပါဘူး။ ဘယ်လောက်ကြာမယ်မှန်းတွက်လို့မရတဲ့အတွက် ကာလတိုအတွက် မစဉ်းစားပါနဲ့။ ခဏရှောင်ရှားဖို့ ဖြတ်လမ်းတွေနဲ့မလုပ်ပါနဲ့။ အခက်အခဲတွေအားလုံးကို ရင်ဆိုင်ဖို့ ကိုယ့်စိတ်ကို ပြင်ဆင်ထားလိုက်ပါ။

အလုပ်မရှိတော့ဘူး။ ဝင်ငွေမရှိတော့ဘူး။ ဒါကဘဝတစ်ခုလုံးဆုံးရှုံးတာ မဟုက်ပါဘူး။ အသက်ဆုံးသွားတာ မဟုက်ပါဘူး။ ချစ်ခင်ယုံကြည်စိတ်ချရသော မိသားစုဆွေမျိုးသူငယ်ချင်းတွေ ရှိပါသေးတယ်။ စိုးရိမ်စိတ်ကို ခေတ္တနားလိုက်ပါ။ တခြားသောရှုထောင့်နှင့် အမြင်တွေကိုရယူပါ။ အလုပ်မရှိတော့တဲ့အတွက် ကြောက်ရွံ့စိတ်တွေပေါ်လာပြီး ပြသာနာအသေးအမွှားတိုင်းကိုအကြီးအမားဖြစ်အောင်လုပ်တာ ကိုယ်တိုင်အဖြေမရှာဘဲ သူများတွေကို အပြစ်တင်တာတွေမလုပ်ပါနဲ့။ စိတ်လှုပ်ရှားမှုတွေနဲ့မဆုံးဖြတ်ကြပါနဲ့ မတုံ့ပြန်ကြပါနဲ့။

အိုကေ စိတ်တွေပြင်ဆင်ထားဖို့က နံပါတ်တစ်အဆင့်ပါ။ နောက်ဘာထပ်လုပ်ရမဲ့ အဆင့်တွေရှိလဲ။ အလုပ်ထုတ်/ဖြုတ်/ရပ်နားခိုင်းခံရရင် အထောက်အထားစာရွက်စာတန်းကို အလုပ်ရှင်ဆီက တရားဝင်ရယူလိုက်ပါ။ လွှဲပြောင်းစာ (သို့မဟုက်)ထောက်ခံ ချက်စာတွေက နောက်အလုပ်ရလျှောက်ရင် အရမ်းအရေးကြီးပါတယ်။ နောက်လာမယ့်လတွေမှာ အလုပ်ရှာဖွေရမယ့်သူတွေများလာပါလိမ့်မယ်။ ယှဉ်ပြိုင်နိုင်စွမ်းရှိဖို့ လိုပါတယ်။ ဗိုင်းရပ်စ်ကြောင့် အလုပ်နားလိုက်ရတာလား။ မကြိုးစားလို့အလုပ်ထုတ်ခံလိုက်ရတာလားဆိုတာ ခွဲခြားနိုင်တဲ့ အထောက်အထား လိုအပ်လာပါလိမ့်မယ်။

Mother Finance FB page မှ ခဏခဏပြောဖူးခဲ့ပါတယ်။ အရေးပေါ်ငွေစုပါ။ အသုံးစရိတ်လျှော့ပါ။ ဘတ်ဂျတ်လုပ်ပါ။ အခုအချိန်က လူတိုင်းကို ဒါတွေနေ့စဉ်လစဉ် ပြုပြင်ပြောင်းလဲဖို့ နှိုးဆော်နေပါပြီ။ အားလုံးစလုပ်ကြပါလို့ တောင်းဆိုပါရစေ။

တစ်ချို့ကုမ္ပဏီတွေက လစာ ၁-၂ လပေးပြီး အလုပ်ရပ်နားခိုင်းတယ်။ တစ်ချို့က ဘာမှမပေးနိုင်တာတွေလည်း ရှိကြမှာပါ။ လစာနဲ့ချိတ်ပြီး အိမ်၊ကား၊ဖုန်း၊ပစ္စည်း၊အရစ်ကျချေးငွေယူထားသူတွေ အခက်အခဲတွေ ရလာပါပြီ။ အကြွေးပေါင်းများစွာပတ်လည်ဖောင်းပွနေပြီး ဘယ်ချေးငွေကိုမှ အချိန်မှန်မဆပ်ခဲ့သူတွေဆိုရင် ဘာနည်းလမ်းဆီကိုမှ သွားမရတော့ပါဘူး။ နာမည်ပျက်ပြီး အမွဲစရင်းခံထဲရောက်ဖို့ပဲကျန်ပါတော့တယ်။ ဒါပေမယ့် အဲဒီစရင်းထဲသွားမယ်လို့ ဆုံးဖြတ်တာကလည်း ဘဝကို အရှုုံးပေးသလိုပါဘဲ။ ဒီဗိုင်းရပ်စ်ကာလပြီးသွားရင် အဲဒီနာမည်ပျက်တွေနဲ့ ဘယ်လိုအလုပ်ရှာမလဲ။ ဘယ်လိုစီးပွားလုပ်ငန်းထောင်မလဲ။ ရေရှည်တွေးကြဖို့ လိုပါတယ်။

အလုပ်မရှိတော့တာ ရှက်စရာမလိုပါဘူး။ ရင်ဆိုင်လိုက်ပါ။ ကိုယ့်အသိုင်းအဝိုင်းအတွင်းမှာ အချင်းချင်းအကူ တောင်းကြည့်ပါ။ အလုပ်အသစ်အမြန်ရှာဖွေဖို့ ကြိုးစားကြည့်လိုက်ပါ။ အခုအချိန်မှာ အလုပ်သမားလိုအပ်နေနိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ဆက်သွယ်ကြည့်ပါ။ ဥပမာအားဖြင့် ဆေးဘက်ဆိုင်ရာလုပ်ငန်း၊ ကုန်စုံရောင်း/ဝယ်စူပါမားကက် သန့်ရှင်းရေး ဝန်ဆောင်မှု လုံခြုံရေးဝန်ဆောင်မှု၊ သယ်ယူပေးပို့ဝန်ဆောင်မှုလုပ်ငန်းတွေမှာပဲ အလုပ်ထပ်ခန့်ဖို့ ဖြစ်နိုင်ချေရှိပါတယ်။ လက်တလောငွေအရေးပေါ်လိုနေရင် ကိုယ်လုပ်ဖူးခဲ့တဲ့ လုပ်ချင်တဲ့အလုပ်နဲ့ မပတ်သက်ရင်တောင်မှ အချိန်ပိုင်းလုပ်ကြည့်ပါ။ တစ်နိုင်ငံလုံးစီးပွားရေးအခြေအနေ ပြန်ကောင်းလာရင် ကိုယ်ကြိုက်တဲ့အလုပ် ပြန်ရှာဖွေလို့ရမှာပါပဲ။

ဒီ အကျပ်အတည်းကာလသည် လူတစ်ဦးချင်းဆီကို မည်သူမည်ဝါဖြစ်ကြောင်း ဖော်ပြပါလိမ့်မယ်။ အလုပ်မှထုတ်ပယ်ခံရခြင်းအခက်အခဲကို ကျော်လွှားနိုင်မလား။ ကျရှုံးခံမလား။ သို့သော် ဤအချိန်ကို အားသာချက်တစ်ခုအဖြစ် စိတ်ထဲကသတ်မှတ်ပြီးအသုံးပြုကြည့်လိုက်ပါ။ အကြံအစည်များကို စုဆောင်းပါ၊ အစီအစဉ်တစ်ခုနှင့်အတူ တွက်ချက်ပြီး ဘဝတိုက်ပွဲအောင်မြင်အောင်ဆက်လုပ်ကြပါ။ အကယ်၍ ဒီလိုစိန်ခေါ်မှုကို အဆင့်လိုက်အဆင်သင့်ဖြေရှင်းရန် စိတ်ဆုံးဖြတ်ရှိထားပါက ပိုမိုအားကောင်းလာလိမ့်မည်ဟုယုံကြည်ပါသည်။

Mother Finance

 ယခုသတင်းက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ အသုံးဝင်ပါတယ်/အသုံးမဝင်ပါ ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်