ဆိတ်များအတွက် အာဟာရပြည့်၊ အကြီးမြန်စေမည့်..ဆိတ်အစာလုံး ပြုလုပ်နည်း
ဆိတ်များအတွက် အာဟာရလည်းဖြစ်စေ၊ ကျန်းမာရေးအတွက်လည်း အထောက်အကူပြု၊ ကြီးထွားနှုန်းလည်းမြန်စေနိုင်မည့် ဆိတ်အစာလုံးပြုလုပ်နည်းကို ပြောပြပေးပါမည်။

ဆိတ်အစာလုံး ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့-
* ဂျုံဖွဲ(သို့မဟုတ်)ပြောင်းမှုန့် - ၁ပိဿာ ၂၀ ကျပ်သား
* ဖွဲနု - ၁ပိဿာ ၂၀ ကျပ်သား
* EM- ၄၈ စီစီ
* သကာရည်-၃၆ စီစီ (မရပါက ထန်းလျက် ၁၀ ကျပ်သားကို ကျိုထည့်ပါ)
* ရေ- ၁၁၁၆ စီစီ (ရေသန့်တစ်ပုလင်းကျော်ကျော်)တို့ ဖြစ်ပါတယ်။
ပြုလုပ်နည်းမှာ -
- အထက်ပါ ပါဝင်ပစ္စည်းများကို သမအောင်မွှေပါ။ လက်ဖြင့် နယ်ပါ။
- ပြီးလျှင် အလုံးလေးများဖြစ်အောင်လုံးပြီး လေလုံအောင် ပလတ်စတစ်အိတ်ထဲ ထည့်ရပါမည်။
- ထို့နောက် နေရောင်တိုက်ရိုက်မရသော နေရာတွင် ၃၊ ၄ ရက် လောက် ထားပေးရပါမည်။
- ၃၊ ၄ ရက်ကြာလျှင် အစာလုံးလေးများပေါ်တွင် အဖြူဖတ်လေးများပွင့်လာပြီး အနံ့လည်း မွှေးလာပါမည်။
- ၄ ရက်နောက်ပိုင်းတွင် ဆိတ်များကို စတင်ကျွေးနိုင်ပါပြီ။
ကျွေးရမည့်ဆိတ်အရွယ်မှာ-
- ဆိတ်လတ်နှင့် ဆိတ်ကြီးများကို ကျွေးနိုင်ပါသည်။ ဆိတ်တစ်ကောင်လျှင် အစာလုံး ၃ ကျပ်သားမှ ၅ ကျပ်သားအထိ ကျွေးနိုင်ပါသည်။
ကျွေးနည်းမှာ -
- အခြားဆိတ်စာ ၁ ပိဿာကုန်လျှင် အစာထဲတွင် အထက်ပါ အစာလုံးကိုပါရောပြီး ကျွေးနိုင်ပါသည်။ ( ဥပမာ-ဆိတ်တစ်ကောင်စာအတွက် အစာလုံး ၃ ကျပ်သားကို မြက်နှင့်ရောပြီးကျွေးလို့ရပါသည်။)
အကျိုးကျေးဇူးများမှာ -

- ဆိတ်များစားသော အစားအစာများထဲမှ ကောင်းသောအာဟာရတန်ဖိုးများကို ဆိတ်၏အူလမ်းကြောင်းက ကောင်းစွာ စုပ်ယူလာနိုင်ပါမည်။
- ဆိတ်များအစာချက်နှုန်း ကောင်းမွန်လာပြီး အသားအရေစိုပြည်ကာ ကြီးထွားနှုန်း မြန်လာပါမည်။
- အစာမှ အသားဖြစ်နှုန်း မြင့်လာပါမည်။
- ခန္ဓာကိုယ် ခုခံစွမ်းရည်မြင့်လာပြီး ရောဂါဖြစ်ပွားမှု နည်းလာပါမည်။
- စွန့်ပစ်သောမစင်အနံ့ကင်းလာပြီး ပတ်ဝန်းကျင် အနံ့အသက် ကင်းစင်လာပါမည်။
- အဆိုပါဆိတ်ချေးကို စိုက်ပျိုးရေးတွင် မြေသြဇာအဖြစ် အသုံးပြုလျှင်လည်း အထူးကောင်းမွန်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဦးသောင်းလွင်
လွန်ခဲ့သော ၂ နှစ် ကEMဆိုတာမသိဘူးဆရာ
Kaung Khant
လွန်ခဲ့သော ၂ နှစ် ကEMဆိုတာဘာကိုပြောတာလဲဗျ
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဆိတ် အတွက်စိုက်ပျိုးရေးမြက်ကြွေးမယ်ဆိုရင် ဘယ်မြက်အဆင်ပြေမလဲဗျ ဘယ်မြက်ကသင့်တော်နိုင်လဲဗျ
kyawlin soe • ဖြေကြားချက် 1 ခု
ဥစားဘဲ (ထိုင်း) မွေးမြူရေးနှင့် အကောင်တစ်ရာလျှင် ဥနှုန်းကောင်းမွန်စေရန် အစာစပ်ပုံများအကြောင်းကို သိရှိလိုပါသည်ခင်ဗျ။
ဦးအာကာမင်း • ဖြေကြားချက် 1 ခု
နွားဝစေရန်ရန်ဆေးနည်းလေးရှိရင်ပြောပြပါ
Min Maung • ဖြေကြားချက် 2 ခု
ဆိတ်စာချဉ်ဖတ် လုပ်လို့ရတယ်ပြောကြတယ်။ ဘယ်လိုလုပ်ရသလဲ ပြောပေးပါ။
Min Soe • ဖြေကြားချက် 1 ခု
ဝက်မွေးမြူရေးတွင် ဝက်များအတွက် လိုအပ်သော လိုင်ဇင်းဓါတ်ကို သဘာဝအစားအစာများတွင် မည်သည့်အပင်/အစားအစာက ရရှိနိုင်သနည်း။သို့မဟုတ် လိုင်ဇင်ဓါတ်ရရှိအောင်မည်သို့ ဆောင်ရွက်ရမည်နည်း
Kyaw Thu Lin • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ပဲမျိုးစုံ ဈေးကွက် သုံးသပ်ချက် (12-16.9.2026)
16/10/2026
ဂျပန်နိုင်ငံ၏ တန်ဖိုးအကြီးဆုံး သီးနှံမျိုးများ ခိုးယူစိုက်ပျိုးခံနေရ
16/10/2026
ဈေးကွက်ထဲ အာလူး အဝင်များ၍ ဈေးကျဆင်းနေ
15/10/2026
အယ်လ်နီညိုလာမည်ဆိုလျှင် သီးနှံစိုက်ပျိုးရေးတွင် ကြိုတင်ပြင်ဆင်
14/10/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၇)
13/10/2026
More from ဦးဇော်(dof)
အားလုံး