ဆိတ်စာတွင်လိုအပ်သောအာဟာရဓာတ်များနှင့် ဆိတ်စာအမျိုးအစားခွဲခြားခြင်း (၁)

20/02/2023 15:00 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

 

အာဟာရဓာတ်ဆိုသည်မှာ ဆိတ်သား၊ ဆိတ်နို့ရရှိရန် မျှော်လင့်ထားချက်ပြည့်မီစေရေးအတွက် အစာတစ်မျိုး(ဝါ) အစာအမျိုးမျိုးတွင် ပါဝင်သောအရာများဖြစ်သည်။

အာဟာရ (၅)မျိုးရှိသည်။ ၄င်းတို့မှာ...

  • (၁) အပူစွမ်းအင်
  • (၂) ပရိုတင်း ခေါ် အသားဓာတ်
  • (၃) သတ္တုဓာတ်
  • (၄) ဗီတာမင်
  • (၅) ရေတို့ဖြစ်သည်။

(၁) အပူစွမ်းအင်

ခန္ဓာကိုယ်အတွင်း ဇီဝဓာတုပစ္စည်းဖြစ်သောအောက်စီဂျင်ဓာတ်ပြုပြင်ခြင်းမှရရှိသော အပူစွမ်းအင် ဖြစ်သည်။ လိုအပ်သောအပူစွမ်းအင်အများဆုံးရရှိနိုင်သောအရာများမှာ အသီးအနှံနှင့် တိရစ္ဆာန်အစာများထဲတွင်တွေ့ရသော ကာဘိုဟိုက်ဒြိတ်နှင့် အဆီဓာတ်များဖြစ်သည်။ အလုပ်လုပ်နိုင်ရန် လိုအပ်သောစွမ်းအင်၊ နို့ထုတ်လုပ်ပေးနိုင်ရန် လိုအပ်သောစွမ်းအင်တို့ဖြစ်သည်။

(၂) ပရိုတင်း ခေါ် အသားဓာတ်

ကြီးထွားခြင်း၊ အသားမျှင်ပျက်စီးမှုအတွက်အစားထိုးခြင်း၊ နို့ထွက်များစေခြင်း၊ မမွေးသေးသော သန္ဓေသားဖွံ့ဖြိုးစေရေးတို့အတွက် အရေးကြီးလိုအပ်ပါသည်။ ဇီးရှိစဉ်နှင့် နို့ညှစ်ချိန်တွင်လည်း အထူးလိုအပ်ပါသည်။ အစာနုများသည်သာ အချိုးအစားမြင့်မားစွာပါဝင်သော အာဟာရဖြစ်သည်။

ဆိတ်ကို ပရိုတင်းကျွေးသောအခါ လိုသည်ထက်ပို၍ မကျွေးရန်လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် ပိုကျွေးပါက အပူစွမ်းအင်ဖြစ်သွားသည်။ ပရိုတင်းပါဝင်သော အစာနုများသည် ကာဘိုဟိုက်ဒြိတ်ထက် စျေးကြီးသောကြောင့် ပရိုတင်းကို လိုသလောက်သာကျွေးခြင်းသည် စီးပွားရေး တွက်ချေ ပိုမိုကိုက်ညီပါသည်။

(၃) သတ္တုဓာတ်များ

ကြီးထွားခြင်းနှင့် သားဖွားခြင်းဆိုင်ရာများအတွက် အထူးလိုအပ်သည်။ နို့စားဆိတ်မ၏ ကိုယ်အလေ းချိန် (၅%) ကို ဤသတ္တုဓာတ်များမှ ဖြည့်စွက်ပေးပါသည်။ ၄င်းတို့သည် များသောအားဖြင့် ကယ်လ်စီယမ် ခေါ် ထုံးဓာတ်နှင့် ဖော့စ်ဖရပ်စ် ခေါ်  မီးစုန်းဓာတ်တို့ဖြစ်ပြီး အရိုးထဲတွင်အများစုတွေ့ရှိရသည်။ ကယ်လ်စီယမ်နှင့် ဖော့စ်ဖရပ်စ် အချိုးသည် အကြမ်းအားဖြင့် (၂:၁) ဖြစ်သင့်ပါသည်။

သတ္တုဓာတ်(Mineral) မချို့တဲ့စေရန် အိုင်အိုဒင်း(Iodine) ,ကြေးနီ(Copper),မက်ဂနိစ်(Manganese)နှင့် သွပ်(Zinc)များကို အစာနှင့်ရော၍လည်းကောင်း၊ သီးခြားတိုက်ကျွေး၍လည်းကောင်း စီစဉ်ပေးနိုင်သည်။

(၄) ဗီတာမင်များ

အသက်ရှင်သန်ရန်အထူးလိုအပ်သော်လည်း အရေအတွက်အားဖြင့် အနည်းငယ်သာလိုအပ်ပါသည်။ ဆိတ်စာထဲတွင် ဗီတာမင်အေနှင့် ဗီတာမင်ဒီချို့တဲ့လိုအပ်လေ့ရှိသည်။ ဆိတ်စာအများစု၌ ဗီတာမင်အီးကြွယ်ဝစွာရှိသည်။ ဗီတာမင်ကေ(Vitamin-K)နှင့် ဘီကွန်ပလက်(B-Complex)တို့ကို အစာအိမ်တွင် အစာကြေချက်ခြင်းဖြစ်စဉ်မှ ထုတ်လုပ်နိုင်သည်။

(၅) ရေ

ရေသည် အမှန်စင်စစ် အာဟာရဓာတ်မဟုတ်သော်လည်း တိရစ္ဆာန်များ၏ကျန်းမာရေးအတွက် ရေ၏ အရေးကြီးပုံကို ကျယ်ပြန့်စွာ အသိအမှတ်ပြုကြပါသည်။ ခန္ဓာကိုယ်၏ ( ၅၆ % မှ ၇၀ %) သည် ရေဖြစ်သည်။ရေက အစာကြေချက်ခြင်းဆိုင်ရာ လုပ်ငန်း၌ ကူညီပါသည်။ ကိုယ်ခန္ဓာအပူချိန်ထိန်းချုပ်ရာတွင်လည်း ရေသည်အရေးကြီးသည်။ ဆိတ်များကျန်းမာသန်စွမ်းပြီး အသုံးချနိုင်ရန် ရေကောင်းရေသန့်များစွာရှိရန် လိုအပ်သည်။ ဆိတ်များသည် ရေများစွာသောက်နိုင်သည်။

(အပိုင်း- ၂ တွင် ဆိတ်စာအမျိုးအစားခွဲခြားခြင်းနှင့် ဆိတ်အစာများအကြောင်းကို ဆက်လက်ဖော်ပြပေးပါမည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more မှာယူရန် နှိပ်ပါ

ဆွေးနွေးချက်များ

ဆွေးနွေးရန်