ပိန်းဥ ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိူးကျေးဇူများ
ပိန်းဥစားရတာ ကြိုက်နှစ်သက်တဲ့ သူတွေရှိကြလား ခင်ဗျ။ ပိန်းဥစားရင် ဘယ်လို ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ ရမလဲဆိုတာ ဆောင်းပါးလေးထဲမှာ လေ့လာကြည့်ရအောင်လား ခင်ဗျ။ ပိန်းဥရဲ့ မူရင်းဒေသဟာ အာရှဒေသဖြစ်ပါတယ်။ ပိန်းဥဟာ ကစီဓာတ်ပြည့်ဝတဲ့ သီးနှံတစ်ခု ဖြစ်ပါတယ်။ ပိန်းဥရဲ့ အပြင်ဘက်အလွှာဟာ အညိုရောင်ရှိပြီး အသားကတော့ အဖြူရောင် ဖြစ်ပါတယ်။ ၎င်းကို ချက်ပြုတ်စားသောက်တဲ့ အခါမှာ နူးညံ့ပျော့ပျောင်းပြီး ချိုတဲ့ အရသာရှိကာ အာလူးနဲ့ ဆင်တူပါတယ်။ ပိန်းဥမှာ အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်နေပြီး ကျန်းမာရေးအတွက် အကျိုးရှိစေတဲ့ အခြားသော အာဟာရဓာတ်တွေလည်း များစွာပါဝင်နေပါတယ်။ ပိန်းဥဟာ ယေဘူယျအားဖြင့် သွေးတွင်းသကြားဓာတ်ပါဝင်မှု၊ ကိုယ်တွင်း အင်္ဂါများနဲ့ နှလုံးကျန်းမာရေးအတွက် များစွာ အကျိုးရှိစေတဲ့ သီးနှံတစ်ခု ဖြစ်ပါတယ်။
ပိန်းဥဟာဆိုရင် လူအများစုမှာ လိုအပ်နေတဲ့ အမျှင်ဓာတ်၊ မဂ္ဂနီးစ်ဓာတ်၊ ဗီတာမင် ဘီ ၆၊ ဗီတာမင် အီး၊ ဗီတာမင် စီ၊ ပိုတက်စီယမ်၊ သံဓာတ်၊ ကော့ပါး စတဲ့ အာဟာရဓာတ်တွေ အဓိက ပါဝင်နေပါတယ်။ ပိန်းဥဟာ အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အမျှင်ဓါတ် ပါဝင်မှုမြင့်မားတာကြောင့် အူတွင်းလှုပ်ရှားမှုကို အထောက်အကူပြုပြီး အစာချေဖျက်နိုင်စွမ်းကောင်းစေကာ ဝမ်းမှန်စေပါတယ်။ ထို့အပြင် လေပွခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းချုပ်ခြင်းနဲ့ ဝမ်းပျက်ဝမ်းလျှော ဖြစ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ အမျှင်ဓါတ်က ကိုယ်တွင်း အင်ဆူလင်နဲ့ ဂလူးကို့စ်ဓါတ် ထွက်ရှိမှုကို ထိန်းညှိပေးတာကြောင့် ဆီးချိုသွေးချို ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။
ပိန်းဥဟာ ကစီဓာတ်ပြည့်ဝတဲ့ သီးနှံတစ်ခုဖြစ်သော်လည်း ၎င်းမှာ ပါဝင်တဲ့ ကာဗွန်ဟိုက်ဒရိတ်ဓာတ်ဟာ သွေးတွင်းသကြားဓာတ် ပါဝင်မှုကို ကောင်းစွာထိန်းညှိပေးပါတယ်။ ပိန်းဥမှာ ပါဝင်တဲ့ အမျှင်ဓာတ်နဲ့ ကစီဓာတ်ဟာ နှလုံးရောဂါဖြစ်နိုင်ချေကို လျော့နည်းစေပါတယ်။ အမျှင်ဓာတ်ပါဝင်တဲ့ သီးနှံတွေကို များများစားပါက နှလုံးရောဂါ ဖြစ်ပွားနိုင်မှုကို လျော့ချနိုင်တယ်လို့ အချို့သော သုတေသနတွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ ပိန်းဥမှာ ပါဝင်တဲ့ ပိုတက်စီယမ်ဓါတ်က နှလုံးသွေးကြောတွေကို ဖိစီးမှုပြေလျော့စေပြီး သွေးဖိအားကိုလျော့ကျစေပါတယ်။ ထို့အပြင် အာရုံကြောစနစ်ရဲ့ လုပ်ဆောင်ချက်တွေကိုလည်း မြှင့်တင်ပေးတာကြောင့် ဦးနှောက်ရဲ့လုပ်ဆောင်ချက်များကိုလည်း ပိုကောင်းစေတယ်လို့ သိရပါတယ်။
ပိန်းဥ စားရင် သတိထားရမယ့် အချက်ရှိပါတယ်။
ပိန်းဥဟာ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေရှိနေသလို ၎င်းမှာ ကယ်လိုရီပါဝင်မှု များတဲ့အတွက် ကိုယ်အလေးချိန်လျှော့ချတဲ့ သူတွေဆိုရင် မကြာခဏစားဖို့ စဥ်းစားသင့်ပါတယ်။ စားသုံးမှုလွန်ကဲမယ်ဆိုရင် ကိုယ်အလေးချိန် တက်စေနိုင်ပါတယ်။ သင့်တော်တဲ့ပမာဏနဲ့ မကြာခဏ စားပေးမယ်ဆိုရင်တော့ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
ဇင်ထူးနိုင်
ကိုးကားချက်
- https://www.healthline.com/nutrition/taro-root-benefits#section2
- https://hellosayarwon.com
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
ဆက်စပ်ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာတို့ခင်ဗျာ အောက်ကပုံက အရင်နေ့ကမှိုကျလို့မေးထားတဲ့ပုံပါခင်ဗျာ ဆရာတို့ပြောသလို မှိုဆေးသုံးထားပြီးပါပြီ မြေဩဇာအနေနဲ့ ပိုတက်သုံးရမလား ဘာမြေဩဇာသုံးရပါမလဲခင်ဗျာ ဘယ်နှစ်ရက်လောက်ကြာရင်သုံးရမလဲနဲ့ တစ်ဧကကိုဘယ်လောက်နှုန်းနဲ့ သုံးရပါမလဲ ဖြေပေးပါအုံးခင်ဗျာ
U San • ဖြေကြားချက် 3 ခု
စပါးဆစ်ပိုးကိုဘယ်လိုကာကွယ်ရမလဲ နောက်ပြီးဖလံဥမြုံနဲ့ဖလံကောင်များကိုအထိရောက်ဆုံးနိမ်နင်းပေးနိုင်မဲ့ဆေးတေကိုညွန်ပေးပါအုံး
Htun Aung Zaw • ဖြေကြားချက် 1 ခု
ပုံပါ ပိုးက ဒူးရင်းပင် ပင်စည် အပြင်ခွံတွေ ကိုက်စားနေလို့ပါ ကာကွယ်နှိမ်နင်း နိုင်မည့် ဆေးညွန်းပေးပါဦးခင်ဗျ
ချိုကြီး • ဖြေကြားချက် 3 ခု
မင်းဧရာစပါးအစေ့ကအညိုရောင်လေးတွေဖြစ်ပြီးအပိန်လေးတွေဖြစ်နေလို့ဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
ပိုးလားမှိုလားခင်ဗျ ပိုးဆေးကအာဘာမက်တင် ပရိုဖီနိုဖော့ဖြန်းထားပါတယ်ခင်ဗျမှိုဆေးကတော့ကော့ပါး +ကာဇူကာမိုင်ဇင်သုံးထားပါတယ် အမိုင်နိုပါတဲ့အားဆေးကိုပိုးဆေးးနဲ့တွဲပြီးဖြန်းထားပါတယ်ခင်ဗျ အဆင်ပြေမဲ့ဆေးနဲ့လိုအပ်ချက်တွေညွန်းပေးပါအုံးခင်ဗျ
ခင်ဇော်ဝင်း • ဖြေကြားချက် 4 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
မီးတောင်ပေါက်ကွဲမှုနောက်ကွယ်က စိုက်ပျိုးရေးအကျိုးကျေးဇူး
14/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
More from ဇင်ထူးနိုင်
အားလုံး
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
17/07/2026