ဆန်တင်ပို့မှု ပိတ်ပင်ကန့်သတ်ချက်တွေ ပြန်ရုပ်သိမ်းဖို့ အိန္ဒိယ စဉ်းစားနေ

12/01/2023 11:00 AM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

ကမ္ဘာ့ဆန်တင်ပို့မှုထိပ်သီး အိန္ဒိယနိုင်ငံဟာ ဆန်တင်ပို့မှု ပိတ်ပင်ကန့်သတ်ချက်တွေကို ဖယ်ရှားပေးဖွယ် ရှိနေပါတယ်။ ဒါဟာ ယူကရိန်းအပေါ် ရုရှားကျူးကျော်ခဲ့ပြီးနောက်ပိုင်း ကမ္ဘာတစ်ဝန်းက ကျင့်သုံးလာတဲ့ မိမိနိုင်ငံ စားနပ်ရိက္ခာဖူလုံရေးဦးစားပေးဆောင်ရွက်ချက်တွေ ပြေလျော့လာမှု နောက်တစ်ခု ဖြစ်လာနိုင်ပါတယ်။

ပြည်တွင်းဆန်ဈေး တည်ငြိမ်လာတာကြောင့် အစိုးရတာဝန်ရှိသူတွေဟာ ဆန်တင်ပို့မှု ပိတ်ပင်ကန့်သတ်‌ချက်တွေကို ပြန်ရုပ်သိမ်းဖို့ အားတက်သရော စဉ်းစားလာကြတယ်လို့ ဒီကိစ္စနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ အစိုးရမှာရှိတဲ့ အရန်ဆန်စာရင်းဟာ သက်သာချောင်ချိရေးစီမံချက်တွေကို ထောက်ပံ့ပေးဖို့ လုံလောက်နေပြီလို့ အမည်မဖော်လိုသူ ၎င်းပုဂ္ဂိုလ်က ပြောပါတယ်။

အိန္ဒိယဟာ ကမ္ဘာ့ဆန်ကုန်သွယ်မှုအနက် ၄၀ ရာခိုင်နှုန်းကို တင်ပို့ရောင်းချပေးလျက် ရှိပါတယ်။ ဒါကြောင့် အိန္ဒိယပို့ကုန်ကန့်သတ်ချက်တွေ ဖြေလျှော့မှုတစ်စုံတစ်ရာ ရှိလာခဲ့ရင် အာရှတစ်ဝန်းက ဆန်ဈေးတွေ အားပျော့လာနိုင်ခြေရှိပါတယ်။

ကမ္ဘာ့စားသောက်ကုန်ဈေးကြီးမြင့်မှုအပေါ် စိုးရိမ်ချက် ကျဆင်းလာတာကြောင့် အိန္ဒိယက ဖြေလျှော့မှုပြုလုပ်ဖို့ ဆွေးနွေးနေပါတယ်။ ၂၀၂၂ ထဲမှာ ယူကရိန်းစစ်ပွဲနဲ့ ရာသီဥတုဆိုးရွားမှုတွေကြောင့် ကမ္ဘာ့စားသောက်ကုန်ဈေးတွေ အဆမတန် မြင့်တက်ခဲ့ပေမယ့် နှစ်ကုန်ချိန်ရောက်တော့ နှစ်အစက နှုန်းလောက်အထိ ပြန်လည်ကျဆင်းသွားခဲ့ပါတယ်။

စားနပ်ရိက္ခာနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနက ပြောခွင့်ရပုဂ္ဂိုလ်တစ်ယောက်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ကို ငြင်းဆိုသွားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဟာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ဆန်ဖြူနဲ့ ဆန်ညို တင်ပို့မှုအပေါ် အခွန် ၂၀ ရာခိုင်နှုန်း စည်းကြပ်ခဲ့ပြီး ဆန်ကွဲတင်ကို့မှုကိုတော့ လုံးလုံး ပိတ်ပင်ခဲ့ပါတယ်။ အိန္ဒိယဟာ ဆန်တင်ပို့မှုရဲ့ ၆၀ ရာခိုင်နှုန်းအပေါ် သက်ရောက်မှုရှိတဲ့ ဒီပိတ်ပင်ကန့်သတ်ချက်နဲ့ မရှေးမနှောင်းမှာပဲ  ဂျုံနဲ့ သကြားတင်ပို့ရောင်းချမှုတွေအပေါ် ကန့်သတ်ချက်တွေ လုပ်ဆောင်ခဲ့ပါသေးတယ်။

ပို့ကုန်မူဝါဒ အပြောင်းအလဲ ဖြစ်လာရင် အိန္ဒိယဆန်တင်ပို့မှု အားကောင်းလာနိုင်တာကြောင့် ပြီးခဲ့တဲ့အင်္ဂါနေ့မှာ အိန္ဒိယဆန်တင်ပို့လုပ်ငန်းတွေရဲ့ အစုရှယ်ယာဈေးတွေ မြင့်တက်ခဲ့ပါတယ်။ ဆန်တင်ပို့လုပ်ငန်းကြီးတွေ ဖြစ်တဲ့ KRBL Ltd. ရဲ့ရှယ်ယာက ၃ ဒသမ ၂ ရာခိုင်နှုန်း၊ LT Foods Ltd. ရဲ့ရှယ်ယာက လေးရာခိုင်နှုန်းနဲ့ Chaman Lal Setia Exports Ltd. ရဲ့ ရှယ်ယာက ၅ ဒသမ ၄ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ပါတယ်။

မိုးစပါး ပေါ်ပြီးနောက်ပိုင်း ပြည်တွင်းမှာ ဆန်ရောင်းအား တက်လာတာကြောင့် အစိုးရအနေနဲ့ ဆန်တင်ပို့မှုအပေါ် ကန်သတ်ချက်တချို့ကို ဖယ်ရှားပေးဖို့ တောင်းဆိုသွားမယ်လို့ အိန္ဒိယဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်းက ပြောထားပါတယ်။ ဒီဆန်လုပ်ငန်းအသင်းဟာ အနည်းဆုံး ဆန်ကွဲ တန်ချိန်တစ်သန်း တင်ပို့ခွင့်ရရှိရေးနဲ့ ဆန်ဖြူတင်ပို့မှုအပေါ် အခွန် ၂၀ ရာခိုင်နှုန်း စည်းကြပ်ထားတာ ဖယ်ရှားပေးရေး တောင်းဆိုသွားမယ်လို့ အသင်းဥက္ကဋ္ဌ B.V. Krishna Rao က ပြောပါတယ်။

ဈေးကွက်အတွင်း ဆန်စပါး ပေါများလာတာကြောင့် အစိုးရ သက်သာချောင်ချိရေးစီမံချက်တွေအတွက် ဆန်စပါးဝယ်ယူတာကိုလည်း လွယ်ကူချောမွေ့စေခဲ့ပါတယ်။ ဇန်နဝါရီ ၁ ရက်နေ့အထိ စာရင်းအရ အစိုးရအဖွဲ့တွေဟာ ၂၀၂၂-၂၃ ရာသီ သီးနှံကနေ စပါးတန်ချိန် ၅၃ သန်း ဝယ်ယူနိုင်ခဲ့ပြီး ဒါဟာ နှစ်အလိုက် ၁၁ ရာခိုင်နှုန်း မြင့်တက်လာတာဖြစ်ကြောင်း နိုင်ငံပိုင် စားနပ်ရိက္ခာကော်ပိုရေးရှင်းက ထုတ်ပြန်ပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: India Considers Lifting Rice Export Curbs as Supply Improves

https://www.yahoo.com/now/india-considers-lifting-rice-export-112207279.html

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်