ငါးခုမြောက် ရမ်ဆာထိန်းသိမ်းရေးနယ်မြေအဖြစ် အင်းလေးကန် သတ်မှတ်ခြင်းခံရ

12/09/2018 15:50 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာနိုင်ငံ၏အထင်ကရ ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်ကို မြန်မာနိုင်ငံ၏ ငါးခုမြောက် နိုင်ငံတကာအရေးပါသည့် ရေဝပ်ဒေသ (သို့) ရမ်ဆာထိန်းသိမ်းရေးနယ်မြေအဖြစ် ရမ်ဆာရေဝပ်ဒေသထိန်းသိမ်းရေးကွန်ဗင်းရှင်းက ဩဂုတ်လ (၁၀) ရက်နေ့က တရားဝင်အသိအမှတ်ပြုလိုက်သည်။

အင်းလေးကန်သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး ကုန်းတွင်းရေအိုင်ကြီးတစ်ခုဖြစ်ပြီး အင်းလေးကန်ကြီးအတွင်းရှိ ငှက်မျိုးစိတ်များ၊ ငါးမျိုးစိတ်များ အဓိကပေါက်ဖွားရာ ဒေသနှင့် ဆောင်းခိုငှက်များကျက်စားရာနယ်မြေများ ပါဝင်နေသည့်  အင်းလေးကန်ရေပြင်နှင့် သဘာဝကျွန်းမျောများပါဝင်သည့် စုစုပေါင်းဧရိယာ ၁၄၃၂၆.၁၈ ဧက (၅၇၉၇.၆ ဟက်တာ) ကို ရမ်ဆာထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

သက်ဆိုင်ရာ အစိုးရဌာနများ၊ ဒေသခံများ၏ သဘောတူညီချက်ဖြင့် ရမ်ဆာကွန်ဗင်းရှင်းသို့ ၂၀၁၇ ခုနှစ် ဇွန်လတွင် အဆိုပြုတင်ပြခဲ့ပြီး ရမ်ဆာကွန်ဗင်းရှင်းမှ သတ်မှတ်ထားသည့် စံသတ်မှတ်ချက်ကိုးချက်တွင် ခြောက်ချက်နှင့် ကိုက်ညီသည့်အတွက် ရမ်ဆာထိန်းသိမ်းရေးနယ်မြေအဖြစ် အတည်ပြုကြေညာခဲ့ခြင်းဖြစ်သည်။

အစိမ်းရောင်လမ်း

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်