မြန်မာနိုင်ငံမှာ တောင်သူအကျိုးပြုစီးပွားရေး ကုမ္ပဏီတစ်ထောင်အိပ်မက်နဲ့ ဂျပန်လူငယ်(၄)

11/01/2023 17:00 PM တွင် ဂျာနူး ဂျာနူး မှ ရေးသား

သီးနှံအာမခံရှိခြင်းက တောင်သူတွေအတွက် ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲ?

မြန်မာနိုင်ငံမှာ ဒါကို အကောင်အထည်ဖော်ဖို့ ဘာတွေလိုအပ်မလဲ?

Borderless Myanmar အနေနဲ့ အကျပ်အတည်းကာလတွေမှာ ပြိုလဲမသွားဘဲ ပိုပြီးကြီးထွားလာ အောင် ဘယ်လိုတွေလုပ်ဆောင်ခဲ့ရလဲ?

ဆိုတာတွေနဲ့ပတ်သက်လို့ Borderless Myanmar ရဲ့ CEO ဂျပန်လူငယ် မစ္စတာတိုမို ဖြေကြားထား တာတွေကို အခုအပိုင်း(၄) မှာ ဆက်လက်ဖော်ပြပေးလိုက်ပါတယ်။

မေး။ သီးနှံအာမခံက မြန်မာတောင်သူတွေအတွက် ဘာ့ကြောင့်လိုအပ်တယ်လို့ထင်လဲ။  နောက်တစ်ခုက ဒါကိုလုပ်မယ်ဆိုရင် ဘယ်လိုပုံစံ၊ ဘယ်လိုနည်းလမ်းနဲ့ အဖြေရှာလို့ရနိုင်မလဲ၊ အဲ့နှစ်ချက်ကို ပြောပြပေးစေချင်ပါတယ်။ 

ဖြေ။ ဘယ်လိုလုပ်နိုင်မလဲဆိုတာ ကျွန်တော်လည်း အခုစဉ်းစားရုံပဲပေါ့နော်။ ဒါပေမဲ့ ဘာကြောင့်လိုတယ်ဆိုတာက ဟိုကျွန်တော်ကတော့ အရင်တုန်းက ကရင်ပြည်နယ်နဲ့ပေါင်းမယ်ဆိုရင် မြန်မာ နိုင်ငံကို ရောက်တာ ဆယ်နှစ်လောက်ရှိပြီ။ ဆယ်နှစ်လောက်ရှိတဲ့အချိန်မှာ ဘယ်လိုပြောရမလဲ၊ ဥပမာ ဒီရှမ်းပြည်ပေါ့။ ရှမ်းပြည်ဆိုရင် မြေဧကတကယ်နည်းတယ်။ တကယ်စိုက်တဲ့ဧကနည်းတယ်ပေါ့။ ဥပမာ ကျွန်တော့်အိမ်ဆိုရင်လည်း ပြောင်းစိုက်တာ ၄ ဧကလောက်ပဲ ရှိတာပေါ့။ ဒါမဲ့ ကျွန်တော့်အိမ်က တောင်သူမိသားစုဖြစ်တဲ့အတွက် ကျွန်တော့်အိမ်ဆိုတာ ကျွန်တော့မိန်းမမိသားစုပေါ့နော်။ ကျွန်တော့်မိန်းမ မိသားစုက လေးဧကပဲရှိလို့ အဲ့တစ်ခုပဲ အားကိုးနေရတာပေါ့။ တခြားဝင်ငွေမရှိဘူးပေါ့။

ဥပမာ ဒီနှစ် ပြောင်းစိုက်ဖို့အတွက် ၁၅ သိန်း သွင်းထားတယ်ပေါ့။ အဲ့ဒီ ၁၅ သိန်းက ကျွန်တော်ကတော့ စီးပွားရေးလုပ်တဲ့သူဖြစ်တဲ့အတွက် ၁၅ သိန်းဆိုတာ ဘာမှလည်းမဟုတ်ဘူး၊ နည်းနည်းပဲပေါ့နော်။ ဒါမဲ့ သူ့ဟာသူအတွက်တော့ အကြီးကြီးပေါ့။ ဒီ ၁၅ သိန်းကို လုံးလုံးရှုံးသွားတဲ့အချိန်မှာ အဲ့တစ်နှစ်ဝင်ငွေက မရှိတော့ဘူး။ ဒီတစ်နှစ်အတွက် ဝင်ငွေမရှိတော့ဘူးဆိုရင် ဘာဖြစ်တတ်လဲဆိုတော့ ဥပမာ ကျောင်းသားရှိတဲ့အိမ်ဆိုရင် ကျောင်းဆက်မတက်နိုင်တော့ဘူး။ ဥပမာ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အခက်အခဲရှိတဲ့အိမ်ဆိုရင် ဆေးရုံမတက်နိုင်ဘူးပေါ့။ အဲ့လိုပုံစံနဲ့ ဒီတစ်နှစ်မရတာနဲ့ သူတို့ဘဝက လုံးလုံး ပျက်စီးနိုင်တဲ့ အနေထားရှိတာပေါ့။ အဲ့ဒါကြောင့်မို့ ကျွန်တော်က သီးနှံအာမခံဆိုတာက လုံးဝ Safe ဖြစ်အောင်ပေါ့။ ဒီဘယ်လိုဖြစ်ဖြစ် ကျွန်တော်တို့က ဆက်သွားလို့ရတယ်ပေါ့။ လုံးဝ ဘဝပျက်စီးတဲ့ အထိတော့ မသွားဘူးဆိုတဲ့ အာမခံချက်တစ်ခုရှိရင်တော့ တောင်သူ့ဘဝလည်း ပိုပြီးတော့ ဆောင်ရွက်စရာလည်း နည်းသွားမယ်။ သူတို့ဘဝပျက်စီးနိုင်တဲ့အချက်နည်းတဲ့အတွက် သူတို့က ပိုပြီးတော့ Challenge လုပ်လို့ရတာပေါ့။

အခုက ဘာလဲဆိုတော့ ဒါစိုက်ပြီးတော့ ဆုံးရှုံးသွားမှာ ကြောက်လို့အတွက် ဥပမာ ကြက်သွန် ၂ ဧက စိုက်ချင်တယ်။ ဒါပေမဲ့ တစ်ဝက်ပဲ တစ်ဧကပေါ့။ စိုက်တဲ့သူလည်းရှိတာပေါ့။ အဲ့လိုမျိုး ကျွန်တော်တို့ ဂျပန်နိုင်ငံပေါ့။

ကျွန်တော်တို့ ဂျပန်နိုင်ငံက ပြောမယ်ဆိုရင် ကိုယ့်ဘဝနဲ့ ပတ်သက်တဲ့ တော်တော်များများ အာမခံရှိနေတာကိုး။ လူသေဖို့တော့မရှိဘူး။ ဘာလို့လဲဆိုတော့ အလုပ်ကလည်းများတယ်။ လုပ်ကိုင်ခွင့်တွေလည်း များတယ်။ တော်တော်များများကလည်း ဝင်ငွေရှိတာကိုး။ အဲ့ဒါကြောင့် တစ်ခုခုလုပ်ချင်တယ်ဆိုရင် Challenge လုပ်လို့ရတာပေါ့။ ဟိုဟာလုပ်ချင်မလား၊ ဒီဟာလုပ်ချင်မလား၊ ဒီတစ်ခုမအောင်မြင်ရင်လည်း တစ်ချက်ပြန်ပြီး ကြိုးစားလိုက်ရင် တက်လာနိုင်တာပေါ့။

ဒါမဲ့ ဒီမြန်မာနိုင်ငံက အခုဘာဖြစ်နေလဲဆိုတော့ ကျွန်တော့်အမြင်ကတော့ Safety net (လုံခြုံစိတ်ချရတဲ့ ကွန်ရက်) မရှိဘူး။ ဒီတစ်ခုလုပ်ပြီးလို့ လုံးဝမအောင်မြင်လို့ရှိရင် ဘဝက လုံးဝပျက်စီးသွားမှာ။ ဒီဆင်းရဲတဲ့ဘဝကို ရောက်သွားမှာပေါ့။

အဲ့ဒါကြောင့် ဒီ Small Holder Farmer ပေါ့နော်၊ မြေပိုင်ဆိုင်မှုနည်းတဲ့သူအတွက် နံပါတ်တစ်ပေါ့။ ဘယ်လိုဖြစ်ဖြစ် ဘဝပျက်စီးတဲ့အထိတော့ မရောက်ဘူး။ အာမခံချက်တစ်ခုရှိရင်တော့ သူတို့က ပိုပြီးတော့ Safe ဖြစ်တယ်။ ပိုပြီးတော့ Challenge လုပ်နိုင်တာပေါ့။ အဲ့ဒါကတော့ အဓိကနံပါတ်တစ်ပေါ့။

အဲ့ဒါကို ဘယ်လိုပေါင်းစပ်လုပ်မလဲဆိုတော့ကာ နှစ်ပိုင်းရှိတာပေါ့။ ပြောမယ်ဆိုရင် Satellite Data ရှိမှ ရမယ်။ ပြီးခဲ့တဲ့နှစ်ပေါင်း နှစ်ဆယ်ရဲ့ Weather Forecast ရယ်၊ အဲ့ဒေတာရှိမှ ရမှာပေါ့။ အဲ့လိုမျိုးပုံစံနဲ့ အကြီးပိုင်းလုပ်ရမယ့်ဟာတော့ တစ်ပိုင်းရှိတယ်။ ဒါပေမဲ့ ကျွန်တော်ထင်တာတော့ အဲ့ဒါကတော့ ဂျပန်ကနေ အကူအညီရောက်လာပြီ၊ ကိုရီးယားကနေ အကူအညီရောက်လာပြီဆိုလို့ရှိရင်တော့ လုပ်လို့မရတာမဟုတ်ဘူး။ လုပ်လို့ရတယ်။

ဒါမဲ့ ဒီနိုင်ငံရဲ့ လိုအပ်ချက်နံပါတ်တစ်ကဘာလဲဆိုတော့ နောက်တစ်ပိုင်းပေါ့၊ အောက်ပိုင်း။ အပေါ်ပိုင်းကတော့ သူတို့ ကြိုးစားလို့ရတယ်။ အောက်ပိုင်းပေါ့၊ ပြောမယ်ဆိုရင် ဟုတ်ပြီ၊ Crop Insurance Service တစ်ခုဖွင့်လိုက်ပြီ၊ အဲ့ဒါကို တောင်သူကို ဘယ်လိုပုံစံနဲ့ရှင်းပြမှာလဲ။ တောင်သူနားလည်အောင် ဘယ်လိုပြောပြမှာလဲ၊ တောင်သူ Awareness ဖြစ်အောင် ဘယ်လိုလုပ်မှာလဲ။ ပထမတစ်ချက်ပေါ့။ ကျွန်တော်တို့တောင် ဥပမာ ဟောပြောပွဲလုပ်တယ်။ ကျွန်တော်တို့ ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး ဟောပြောပွဲလုပ်တယ်။ ဥပမာ ပအိုဝ်းရွာဆိုရင် လုံးဝနားမလည်ဘူး။ အဲ့လိုမျိုးရွာကို ဘယ်လိုပုံစံနဲ့ နားလည်အောင် သွားရှင်းပြမလဲ။ ကျွန်တော်ကတော့ ပြီးခဲ့တဲ့ငါးနှစ်အတွေ့အကြုံရှိပြီးသားပေါ့။ ပအိုဝ်းလူမျိုး၊ ပအိုဝ်းရွာဆိုပေမဲ့ ကျွန်တော်တို့က နားလည်အောင်ရှင်းပြနိုင်တယ်။ အဲ့ဒါတော့ ကျွန်တော်တို့က ပြီးခဲ့တဲ့ငါးနှစ်က အတွေ့အကြုံရခဲ့တဲ့ဟာပေါ့။ အဲ့လိုမျိုးပုံစံနဲ့ အောက်ခြေမှာ တောင်သူကို တကယ်ရှင်းပြနိုင်တဲ့သူ၊ တကယ်ကို Awareness ဖြစ်အောင်လုပ်နိုင်တဲ့သူ ဘယ်သူကရှိလဲပေါ့။

အဲ့ဒါက ကျွန်တော့်အမြင်အရဆို သိပ်မရှိဘူး။ ဘာလဲဆိုတော့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတယ်။ သွားလာရရင် ဘယ်သူ့ကို အားကိုးရမလဲဆိုရင် နံပါတ်တစ်က ပွဲစားပေါ့။ ပွဲစားကို အားကိုးတဲ့အခါမှာ သူတို့က အဲ့လို အလုပ်ရှုပ်တာ လုပ်ချင်လားဆိုရင် ကျွန်တော်ထင်တာကတော့မလုပ်ချင်ဘူး။ ကျွန်တော်သာပွဲစားဆိုရင် မလုပ်ချင်ဘူး။ အပေါ်မှာကိုယ့်ဟာကိုယ်အမြတ်စားရင်ရပြီပေါ့။ အဲ့လိုမျိုးပုံစံနဲ့ တကယ်အဲ့ဒါကို လုပ်နိုင်တဲ့သူပေါ့၊ မရှိဘူးဖြစ်နေတာပေါ့။ ပြီးလို့ရှိရင် အဲ့ဒါကိုတကယ်လုပ်နိုင်တယ်ဆိုပေမဲ့ ဥပမာ ဒီတောင်သူရဲ့ သီးနှံတစ်ခု ဖြစ်သွားပြီ။ အဲ့ဒါကိုဘယ်သူက လာစစ်မှာလဲ။ အဲ့လိုမျိုးပေါ့၊ အဲ့ဒါကိုစစ်တဲ့အချိန်မှာလည်း တကယ်ပျက်စီးသွားတာလား၊ ပိုးကြောင့်လား၊ ရောဂါကြောင့်လား။ မျိုးကြောင့်လား၊ ရာသီဥတုကြောင့်လား၊ အဲ့ဒါကိုလာစစ်တဲ့သူက ဘယ်သူကလာစစ်မှာလဲ၊ အဲ့ဒီ In fracture က အခုလက်ရှိမရှိသေးဘူး။ အဲ့လိုမျိုးပေါ့။

အကြီးပိုင်းနဲ့ အောက်ပိုင်းကွဲမယ်ဆိုရင် ကျွန်တော်ကတော့ အပေါ်ပိုင်းနဲ့ အောက်ပိုင်း ပြောမယ်ဆိုရင် ကျွန်တော့်အထင်တော့ ဒီနိုင်ငံရဲ့လိုအပ်ချက်က ပိုပြီးတော့ အောက်ပိုင်းမှာရှိမယ်ထင်တယ်။ အဲ့ဒါကြောင့်မို့ ကျွန်တော်တို့က Agri Center ဖွင့်တဲ့ရည်ရွယ်ချက်က အဲဒါပဲ။ Agri Center မှာဆိုရင် တောင်သူလည်း ကျွန်တော်တို့ဆီကိုလာလို့ရှိရင် ဝန်ဆောင်မှုအကုန်လုံးရတယ်။ ကျွန်တော်တို့လည်း တောင်သူနဲ့ ယုံကြည်မှုရှိတဲ့အတွက် တောင်သူကို တစ်ခုခု ဝန်ဆောင်မှုပေးမယ်ဆိုရင် အဆက်အသွယ်တွေရှိပြီးသား သူတို့နဲ့ ယုံကြည်မှုတွေရှိပြီးသားဆိုတော့ အာမခံက ပိုပြီးတော့ မြန်တာပေါ့။ အဲ့လိုမျိုးပုံစံပေါ့နော်။

ဥပမာ ဂျပန်ကုမ္ပဏီက ဂျက်ပိုနီကာစိုက်ချင်တယ်ပေါ့။ ဂျက်ပိုနီကာစပါး စိုက်ချင်တယ်ဆိုပေမယ့် ဂျပန်က ပညာရှင်လာပြီ။ အကြီးကြီးပညာရှင်၊ ဟိုးနှစ်ပေါင်းငါးဆယ် အတွေ့ကြုံရှိနေပြီ၊ ဒါမဲ့သူတို့ကလည်း တောင်သူကိုဘယ်လိုနားလည်အောင်ရှင်းပြမလဲ။ အဲ့အချက်မှာ အမြဲတမ်းပြဿနာဖြစ်တာ။ တောင်သူကို စိုက်နိုင်အောင်မပြောပြနိုင်ဘူး။ တောင်သူကို သဘောပေါက်အောင် မပြောပြနိုင်ဘူး။ တောင်သူက ဒီတစ်ယောက်ပညာရှင်ကို မယုံကြည်ဘူး။ အဲ့လိုမျိုးပေါ့။ နှစ်ဖက်လုံးပေါ့နော်။ ဒီကနေပြီးတော့ တောင်သူကို နားလည်အောင် ရှင်းပြနိုင်မယ်။ တောင်သူကလည်း ကျွန်တော်တို့ကို ယုံကြည်မှုထားပေးမှရမယ်။ အဲ့နှစ်ချက်ရပြီဆိုရင် ကျွန်တော်တို့ Borderless Link မှာလိုနေတဲ့ In fracture ပေါ်မှာ ဘာဝန်ဆောင်မှုဖြစ်ဖြစ် ပေါင်းလို့ရတယ်လို့ ယုံကြည်ထားတယ်။ 

မေး။ ကိုဗစ် - ၁၉ ကပ်ရောဂါစဖြစ်ကြောင်းကြေညာခဲ့တဲ့ ၂၀၂၀ မတ်လကစပြီး ‌လော့ဒေါင်းတွေချခဲ့တာ၊ သွားလာရေးတွေ ကန့်သတ်ခံရတာတွေကြောင့် Borderless Myanmar ရဲ့ လုပ်ငန်းတွေပေါ်မှာ ဘယ်လို သက်ရောက်မှုတွေ ရှိခဲ့လဲ။

ဖြေ။ အင်းပေါ့၊ ၂၀၂၀ နောက်ပိုင်းကတော့ အရမ်းခက်တယ်။ နံပါတ်တစ်ကတော့ ကိုဗစ်က စပြီးတော့ပေါ့။ အခုနိုင်ငံရေးနဲ့ပေါ့။ ဒီအကုန်လုံးက ဂျပန်ကနေပြီးတော့ မြန်မာနိုင်ငံသား မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်တဲ့အခါမှာလည်း ခက်တဲ့အချိန်။ အဲ့အချိန်မှာ ဂျပန်နိုင်ငံသားက ဂျပန်ကလာပြီးတော့ စီးပွားရေးလုပ်တာ ပိုခက်တယ်။ အဲ့ဒါတော့ ဟုတ်တယ်။ ကြည့်ကြည့်လိုက်လို့ရှိရင်တော့ ကျွန်တော့်သူငယ်ချင်းပေါ့နော်။

ရန်ကုန်မှာဆိုရင် အရင်တုန်းက ဂျပန်လူမျိုးတွေ အများကြီးရှိနေကြတာပေါ့။ ဒါမဲ့ တော်တော်များများက ပြန်ကုန်ပြီ။ ကျန်တဲ့သူကတော့ ကျွန်တော် အများကြီးမရှိဘူးပေါ့။ ၃၊ ၄၊ ၅ ယောက် အဲ့လောက်ပဲရှိမှာပေါ့။ တော်တော်များများက အနောက်ဆုတ်လိုက်ပြီပေါ့။

အဲ့အချိန်မှာ နံပါတ်တစ်ကတော့ ကျွန်တော့်ဆုံးဖြတ်ချက်ပေါ့။ ဆုံးဖြတ်ချက်ကဘာလဲဆိုတော့ ကျွန်တော်ကတော့ ဒီနိုင်ငံအတွက် ဒီနိုင်ငံကို အကျိုးပြုဖို့ပေါ့နော်၊ ဒီနိုင်ငံမှာရှိတဲ့ အခက်အခဲရှိတဲ့သူကို အကျိုးပြုချင်လို့ လာတာ။ အဲ့ဒါကျွန်တော့ဆုံးဖြတ်ချက်ပေါ့။ အဲ့အချိန်မှာ ကိုဗစ်ကစပြီးတော့ ပြီးခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်ပေါ့နော်။

အရင်တုန်းကထက်စာရင် ဒီနိုင်ငံမှာရှိတဲ့ လူတွေရဲ့ဘဝက ပိုပြီးတော့ခက်သွားလား၊ ပိုပြီးတော့ အဆင်ပြေလာလားဆိုတာ ပိုပြီးတော့ခက်သွားတာပေါ့။ အဲ့အချိန်မှာ ကျွန်တော်က အနောက် ဆုတ်လို့ မရဘူးလေ။ ဘာလို့လဲဆိုတော့ ကျွန်တော့ဆုံးဖြတ်ချက်က အခက်အခဲရှိတဲ့သူကို အကူအညီ ပေးချင်တာ။ အရင်တုန်းက အခက်အခဲရှိတဲ့သူက အခုပိုတောင်အခက်အခဲရှိနေတာ။ အဲ့အချိန်မှာ ကျွန်တော် ဘယ်လိုမှ နောက်ဆုတ်လို့မရဘူး။

ပိုတောင်အခက်အခဲရှိနေတယ်ဆိုရင် ပိုတောင် လုပ်စရာအခက်အခဲများတယ်။ ပိုပြီးတော့လုပ်ရမဲ့အကြောင်းအရင်းက များလာတယ်။ အဲ့ဒါကြောင့် ကျွန်တော်က ကိုဗစ်ဖြစ်တဲ့နောက်ပိုင်း ဒီနိုင်ငံရေး အကွက်သစ်ပေါ့၊ အခက်အခဲတော့ အများကြီး ကြုံတယ်၊ ဒါပေမဲ့ စိတ်ထဲမှာတော့ ဘယ်တော့မှ နောက်မဆုတ်ဘူး။ ဆက်လုပ်မယ်။ ပိုပြီးတော့ ချဲ့လိုက်မယ်။ ဘာလဲဆိုတော့ ပိုက်ဆံရချင်လို့ အဓိကမဟုတ်ဘူး။ ဒီနိုင်ငံကလူက ပိုပြီးတော့ အခက်အခဲရှိနေတဲ့အချိန်မှာ ပိုပြီးတော့လုပ်ရမှာ၊ ပိုပြီးတော့ ကြိုးစားရမှာပေါ့။ အဲ့ဒါတော့ နံပါတ်တစ်အချက် ကျွန်တော့်စိတ်ထားပေါ့နော်။

ပြီးလို့ရှိရင် ဘာကြောင့် ဆက်လုပ်နိုင်ခဲ့တာလဲ။ ဘာကြောင့် ပိုပြီးတော့ကျယ်လာရလဲပေါ့နော်။ ဒါဘာလဲဆိုတော့ ကျွန်တော်ကုမ္ပဏီဝန်ထမ်းပေါ့။ အဲ့ဒါကတော့ ကျွန်တော့်စိတ်ထဲမှာ အရေးကြီးဆုံးပဲ။ အဲ့ဒါဘာလဲဆိုတော့ ကျွန်တော်က ဂျပန်လူမျိုးဖြစ်နေတဲ့အတွက် ကိုယ့်မိသားစုလည်း ဒီဘက်မှာမရှိဘူးပေါ့။ ကျွန်တော့်မိန်းမတော့ရှိတယ်။ ကလေးလည်းရှိတာပေါ့။ ဒါမဲ့ ကိုယ့်မိဘလည်း မရှိဘူး။ သူငယ်ချင်းလည်းမရှိဘူး။ တစ်ခါတလေ အဲ့အချိန်မှာ တစ်ခါတလေ စိတ်အားငယ်တယ်ပေါ့။ မလုပ်နိုင်ဘူးဆိုတာ ရှိတာကိုး။ ဒီကြားထဲမှာဆိုရင် အများကြီး အခက်အခဲ ကြုံတယ်။

ဒါပေမဲ့ ကျွန်တော်ကုမ္ပဏီဝန်ထမ်းအယောက် ၇၀ လောက်ရှိတာပေါ့။ အယောက် ၇၀ အကုန်လုံးက ဟာ..ချမယ်၊ လုပ်မယ်ပေါ့နော်၊ ကျွန်တော့်ထက်ပိုပြီးတော့ ကြိုးစားချင်စိတ်ကများတယ်။ အဲ့အချိန်မှာ သူတို့ကကြိုးစားမယ်၊ ဒီလိုလုပ်မယ်လို့ ပြောတဲ့အချိန်မှာ ကျွန်တော်က အားငယ်နေလို့ မရဘူး။ ကျွန်တော်လုပ်မှ ရမှာပေါ့။ တစ်ခါတစ်လေ စိတ်အားငယ်တယ်။ မလုပ်နိုင်ဘူးလား အဲ့လိုမျိုးခံစားတာမျိုးလည်း ရှိတာပေါ့။ ဒါမဲ့ သူတို့မျက်နှာကြည့်လိုက်လို့ရှိရင် ကျွန်တော်ကတော့ စိတ်ညစ်နေလို့တော့ မရဘူး။ လုပ်မှရမှာပဲ။

အဲ့လိုမျိုးပေါ့နော်၊ အဲ့ဒါကြောင့်မို့လို့ နံပါတ်တစ်အချက်ကတော့ ကုမ္ပဏီဝန်ထမ်းပေါ့။ သူတို့ပေါ်မှာတော့ အများကြီးကျေးဇူးတင်ဖို့ရှိတာပေါ့နော်။ ကျေးဇူးတင်တာပေါ့။ အဲ့ဒါတော့ နံပါတ်နှစ်အချက်ပေါ့။ နံပါတ်သုံးအချက်အနေနဲ့ကတော့ ဘာလဲ ဆိုတော့ အခက်အခဲကတော့ အများကြီး။ ဥပမာ ဘဏ်မှာထားထားတယ်။ မြန်မာကျပ် ထုတ်လို့မရဘူး။ ခုန အစ်မပြောသလို ရောင်းဝယ်လို့မရဘူး။ ကိုယ်တိုင်လည်း ကိုဗစ်ဖြစ်တယ်၊ ဝန်ထမ်းလည်း ကိုဗစ်ဖြစ်တယ်။ အလုပ်လုပ်လို့မရဘူး။ ဘဏ်ထဲမှာဒေါ်လာရှိတယ်၊ ရောင်းလို့မရဘူး။ အခက်အခဲကတော့ အများကြီးပေါ့။

ဒါပေမဲ့ ကျွန်တော်က ဂျပန်မှာ စီးပွားရေးလုပ်ခဲ့တာပေါ့နော်။ အဲ့အတွက် ကြောင့် ဘာအခက်အခဲပဲဖြစ်ဖြစ် မကျော်နိုင်တဲ့အခက်အခဲမရှိဘူး။ မပြင်ဆင်နိုင်တဲ့အခက်အခဲမရှိဘူး။ အဲ့ဒါတော့ ကျွန်တော် ကိုယ့်အတွေ့အကြုံကနေပြောလို့ရတာပေါ့။ အဲ့ဒါကြောင့်မို့ အခက်အခဲကတော့ အများကြီးကြုံခဲ့တယ်။ ဒါမဲ့ စိတ်ထဲမှာတော့ ဟုတ်ပြီ၊ အခက်အခဲတစ်ခုလာပြီ။ ဒါလည်း ဖြေရှင်းလိုက်မယ်။ ဒါကိုကျော်သွားရင် နောက်အခက်အခဲလာပြီ၊ ဟုတ်ပြီ၊ ဒါလည်း ကျော်လို့ရပြီ။ နောက်အခက်အခဲကြုံလာရင်လည်း နောက်ထပ်ကျော်လို့ရတာပေါ့။ အဲ့လိုမျိုး စိတ်ထဲမှာ အမြဲတမ်းရှိနေတဲ့အတွက် နောက်အခက်အခဲကြုံလာရင်လည်း မကြောက်ဘူးပေါ့။ အဲ့ဒါကြောင့် ပြီးခဲ့တဲ့ ၃ နှစ်လောက် Run ခဲ့နိုင်တယ်။ ဒီကနေ နောက်ထပ် Run ဖို့အတွက် Run နိုင်တာကတော့ အဓိက ပြဿနာဖြေရှင်းနိုင်တဲ့ စွမ်းအားလို့ပြောရမလား၊ Mindset လို့ ပြောရမလား၊ အဲ့ဒါတော့ တစ်ခုအရေးကြီးမယ်လို့ ထင်တယ်။

ဒီ Business နဲ့ပတ်သက်ပြီးပြောမယ်ဆိုရင် အစကတော့ One Stop Service Center ဆိုရင် ကိုဗစ်မတိုင်ခင်ဆိုရင် ၂ ဆိုင်ပဲရှိတာပေါ့။ ဒီကြားထဲမှာ ကျွန်တော်တို့ ခြောက်ဆိုင်ပေါ့၊ နောက်အသစ်တစ်ဆိုင်အခုဖွင့်ဖို့လုပ်နေတာပေါ့။ အဲ့ဒါဘာလဲဆိုတော့ ကျွန်တော်လုပ်နေတဲ့  One Stop Service ဆိုတာက တကယ့်တောင်သူလိုအပ်နေတဲ့ဟာ။ တကယ့်တောင်သူလိုအပ်နေတဲ့ဟာ၊ တောင်သူ့အတွက်ကောင်းတဲ့ဟာကို လုပ်နေတဲ့အချိန်မှာ မအောင်မြင်နိုင်တဲ့ အချက်မရှိဘူး။ အဲ့ဒါဆိုရင် ဘယ်နေရာသွားသွား ကျွန်တော်တို့ ဆိုင်ဖွင့်တာနဲ့ ချက်ချင်း တောင်သူကရောက်လာတယ်။ ဘာလို့လဲဆိုရင် ကျွန်တော်တို့ဝန်ဆောင်မှုကို သူတို့အားကိုးလို့။ တစ်ယောက်နဲ့တစ်ယောက်၊ ဥပမာ နောင်တရားမှာလည်း ကျွန်တော်တို့ဆိုင်ဖွင့်ထားတယ်။ တီကျစ်မှာလည်း ဆိုင်ဖွင့်ထားတယ်။ တီကျစ်မှာ ဆိုင်ဖွင့်ထားတယ်ဆိုရင် နောင်တရားမှာလည်း ဆိုင်ရှိတာပေါ့။ အဲ့ဒါဆိုရင် ချက်ချင်းရောက်လာတာပေါ့။ အဲ့လိုမျိုးပုံစံနဲ့ သူများအခက်အခဲကို ဖြေရှင်းပေးတယ်၊ တကယ့်တောင်သူအတွက် စီးပွားရေးလုပ်တဲ့အချိန်မှာ တကယ့် သူတို့အတွက် ကောင်းတယ်ဆိုရင် ဘယ်လိုအခြေအနေရှိရှိပေါ့၊ ဘယ်လိုအခြေနေဖြစ်ဖြစ် ဆက်ချဲ့လို့ရတာပေါ့။ စီးပွားရေးကိုပေါ့၊ အဲ့ဒါကတော့အဓိကစီးပွားရေးနဲ့ပတ်သက်တယ်ပေါ့။ 

(ဆက်လက်ဖော်ပြသွားပါမည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်