နွေရာသီမှာ စားပေးသင့်တဲ့ ပိန္နဲသီးရဲ့ ကောင်းကျိုးများနဲ့ ရှောင်သင့်တဲ့အချက်များ

11/03/2022 17:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ပိန္နဲပင်က နှစ်ရှည်ခံသီးနှံပင်အမျိုးအစားမှာ ပါဝင်ပြီး အိန္နိယနိုင်ငံ တောင်ဘက်ပိုင်းမှာ စတင်ပေါက်ရောက်ခဲ့တာလို့ သိရပါတယ်။ အင်္ဂလိပ်လို  “Jack Fruit “ လို့ ခေါ်ကြပြီး မြန်မာနိုင်ငံမှာတော့ပိန္နဲသီးကို အိမ်မာသီးနဲ့ အိမ်ပျော့သီးဆိုပြီး ၂ မျိုးရှိကြကာ အိမ်မာသီးကို ဓားနဲ့စိပ်လို့ရတာမို့ “ပိန္နဲသီးဓားစိပ်” လို့ခေါ်ကြပြီး အိမ်ပျော့သီးမှာ အမွှာလေးတွေကိုနှိုက်ရတာမို့” ပိန္နဲသီးအမွှာနှိုက်” ဆိုပြီး ခေါ်ကြပါသေးတယ်။

ပိန္နဲသီးမှည့်ကို အချိုတည်းစရာသစ်သီးအဖြစ် စားလေ့ရှိ ကြသလို အသီးနုနုကို အကွင်းလေးလှီးထားတဲ့ ပိန္နဲကွင်းကို ပြုတ်ကာ ငါးပိရည်နဲ့ အတို့အမြှုပ်လုပ်စားခြင်း၊ ချဥ်ရည်ဟင်းချက်စားခြင်းအပြင် မွန်ပြည်နယ်ဘက်မှာတော့ ပိန္နဲသီးနုနုကို ဆီပြန်ဟင်းအချိုချက်လေးချက်စားလေ့ရှိပြီး အရသာထူးလှတဲ့ ဟင်းတစ်မျိုးပါ။

အဲ့ဒီလို အမျိုးအမျိုးအဖုံဖုံပြုလုပ်စားလေ့ရှိတဲ့ ပိန္နဲသီးမှာ ပရိုတင်း၊ ဗီတာမင်၊ ရေဓာတ်၊ အမျှင်ဓာတ်၊ အဆီဓာတ် နဲ့သတ္တုဓာတ်တို့ ကြွယ်ဝစွာပါဝင်ပြီး ဘေးဥပဒ် ဖြစ်စေသော ကယ်လိုရီပမာဏ ပါဝင်မှုအလွန်နည်းပါးတာကြောင့် ကျန်းမာရေးအတွက် များစွာအထောက်အကူပြုပါတယ်။

ပိန္နဲသီးရဲ့ ကျန်းမာရေးကောင်းကျိုးတွေကတော့..

(၁) ဗီတာမင်စီနှင့် ဗီတာမင်အီးကြွယ်ဝစွာပါဝင်လို့ ကိုယ်ခံအားကိုကောင်းစေပြီး အသားအရေကို စိုပြည်ဝင်းပစေနိုင်ပါတယ်။

(၂) ပိုတက်စီယမ်ဓါတ်လည်း ကြွယ်ဝတာကြောင့် သွေးဖိအားကို ပုံမှန်ဖြစ်စေကာ ရုတ်တရက်သွေးတက်ခြင်း၊ ကျခြင်းတို့ ဖြစ်ပွားနိုင်မှုကို လျော့နည်းစေကာ နှလုံးကျန်းမာအတွက် အထောက်အကူပြုပါတယ်။

(၃) ဒါ့အပြင် ပိန္နဲသီးထဲမှာ အသီးအနှံမှရတဲ့ ဖရက်တို့စ်နှင့် ဆူးခရို့စ်(ခေါ်) သဘာဝသကြားဓာတ်များပါရှိသောကြောင့် ခွန်အားတိုးပွားစေနိုင်ပါတယ်။

(၄) သူ့မှာ သံဓာတ်လည်းပါရှိလို့ သွေးအားနည်းရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

(၅) မဂ္ဂနီဆီယမ်ဓာတ်လည်း ပေါကြွယ်ဝတာကြောင့် ကယ်လ်စီယမ် စုပ်ယူခြင်းကို အားပေးတဲ့အတွက် အရိုးများကို ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။

(၆) ဒါ့အပြင် ပိန္နဲသီးတွင် ရေဓါတ်ကြွယ်ဝစွာပါဝင်လို့ ခန္ဓာကိုယ်တွင်း အပူရှိန်ကို လျှော့ချပေးနိုင်ပြီး နွေရာသီမှာ စားပေးသင့်တဲ့ အသီးအနှံထဲမှာ တစ်မျိုးအပါအဝင် ​ဖြစ်ပါတယ်။

(၇) အမျှင်ဓာတ်လည်း ကြွယ်ဝစွာပါဝင်တာကြောင့် ဝမ်းချုပ်ခြင်းကင်းဝေးပြီး အူလမ်းကြောင်းကျန်းမာရေး အတွက်လည်း အထောက်အကူပြုပါတယ်။

သတိပြုရမှာတွေကတော့ …

- ပိန္နဲသီးဟာ ပင်ကိုယ်သဘာဝအရ ကြေညက်ခဲသောအစာဖြစ်တဲ့ အတွက် ညက်ညက်ဝါးစားပေးရပါမယ်။

- အစာအိမ်ရောဂါရှိသူ၊ဆီးချိုရောဂါရှိသူနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ ပိန္နဲသီးကို အလွန်အကျွံစားသုံးခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။

- အစာအိမ်ရောဂါသည်တွေ ပိန္နဲသီးကို အလွန်အကျွံ စားသုံးမိပါက အစာကိုချေဖျက်ပေးတဲ့ Acid ဓာတ်ဟာ တဖြည်းဖြည်းတိုးလာပြီး အစာအိမ်သွေးကြောပေါက်ခြင်းတို့ကို ဖြစ်စေတတ်ပါတယ်။ 

ဒါကြောင့် ကျန်းမာရေးကောင်းကျိုး အများအပြားရှိပေမယ့် “တန်ဆေး၊လွန်ဘေး” ဆိုသလို ချင့်ချိန်စားသုံးသင့်ပါတယ်နော်။

ရေးသားသူ- နှင်းဖြူဖြူ

မှီငြမ်း- ကျန်းမာရေးဗဟုသုတစာစောင်များ။

 ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်