ယခုသင်တန်းအား World Wild Life Fund For Nature (WWF) Cassagnol အဖွဲ့မှ ရန်ပုံငွေထောက်ပံ့ထားပါသည်။
သင်တန်းခေါင်းစဉ်
အရင်းအမြစ်များ စနစ်တကျ စီမံလာနိုင်စေရန် စွမ်းဆောင်ရည် မြှင့်တင်ခြင်း
သင်တန်းပေးရန် ရည်ရွယ်သူများ
- ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့် ငါးဖမ်းခြင်း၊ ငါးမွေးလုပ်ငန်းနှင် ပတ်သက်ဆက်နွှယ်နေသော အဖွဲ့အစည်းများ
- ဖွံ့ဖြိုးရေးလုပ်ဆောင်နေသော အဖွဲ့များ
- လူထုအခြေပြုအဖွဲ့များ
သင်တန်းပေးမည့် အကြောင်းအရာနှင့် အစီအစဉ်
- (၁) အရင်းအမြစ်များ စနစ်တကျ စီမံခြင်းအား ဗဟုသုတ မျှဝေခြင်း၊ ဖော်ထုတ်ခြင်း၊ ဦးစားပေးလုပ်ငန်းစဉ် ရွေးချယ်ခြင်း (ပြန်လည်ဆွေးနွေးခြင်း)
- (၂) ယခင်လုပ်ငန်းစဉ်မှ အတွေ့အကြုံများရယူခြင်း၊ ဆွေးနွေးခြင်း (အဖွဲ့လိုက်)
- (၃) လယ်ယာလုပ်ငန်းစဉ် အချက်အလက်မှတ်ယူခြင်းနှင့် ဈေးကွက်အခြေအနေ
- (၄) စနစ်တစ်ခုဖြစ်လာစေရန် ဦးဆောင်ခြင်း၊ ခေါင်းဆောင်ခြင်း
ဆွေးနွေးပေးမည့် ဆရာများ
- ဒေါက်တာအောင်ထွန်းဦး
- Mr စောရန်နိုင်
နေ့ရက် - ၁၃/၁၄/၂၀/၂၁ ရက် ၅ လပိုင်း ၂၀၂၃ ခုနှစ်
အချိန် - နေ့စဉ် ည ၇ နာရီမှ ၈ နာရီခွဲ
ကျင်းပမည့်နေရာ - Zoom platform
မှတ်ချက်။ ။ သင်တန်းချိန် အပြည့်တက်ရောက်သူများအား ပံပိုးငွေ ၁၀၀၀၀ ကျပ်ပေးအပ်ပါမည်။
သင်တန်းတက်ရောက်လိုပါက ဖော်ပြပါ Fb Acc သို့ ဆက်သွယ်နိုင်ပါတယ်ရှင့်
https://www.facebook.com/aung.tun.56232
မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်