မနက်ဖြန်မနက်အစောပိုင်းတွင် မိုးသည်းထန်ပြီး တောင်ကျရေသတိထားသင့်သည့် ဒေသများ

26/08/2022 16:54 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

တိုင်ဖွန်းမုန်တိုင်း MA-ON ၏ အကြွင်းအကျန်များရွေ့လျားဝင်ရောက်လာမှုကြောင့် ဒေသအချို့မှာ ဒီနေ့ည သန်းခေါင်ကျော် မနက်ဖြန်မနက်အစောပိုင်းမှာ မိုးများနိုင်ပြီး တောင်ကျရေနဲ့ မြေပြိုခြင်းအန္တရာယ်တွေကို သတိထားသင့်တယ်လို့ အပြည်ပြည်ဆိုင်ရာ မိုးလေဝသစောင့်ကြည့်ခန့်မှန်းသူ ဦးဝင်းနိုင်က သတိပေးပါတယ်။ 

ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းတို့ အစပ်က မြို့တွေဖြစ်ပြီး ၃ နာရီအတွင်း မိုးရေချိန် ၄ လက်မခန့်ထိ ရွာသွန်းနိုင်လို့ အတော်များနိုင်တယ်လို့ ဦးဝင်းနိုင်က ပြောပါတယ်။ 

မိုးများနိုင်တဲ့ဒေသတွေကတော့ အောက်ပါအတိုင်းဖြစ်ပြီး ပုံတွေထဲမှာလည်း ကြည့်ရှုနိုင်ပါတယ်။

လားရှိုးဝန်းကျင်၊ ကွတ်ခိုင်၊ တာမိုးညဲ၊ နမ္မတူ၊ မန်တုံ၊ မိုင်းငေါ့၊ မိုင်းလုံ၊ မိုးကုတ်၊ မိုးမိတ်၊ မဘိမ်း၊ သပိတ်ကျဉ်းဝန်းကျင်၊ ထီးချိုင့်၊ ငအိုး၊ ကသာ၊ ရွှေကူ၊ မြို့လှ၊ အင်းတော်၊ မိုးညှင်း၊ ဟိုပင်၊ ဗန်းမော်၊ မိုးမောက်၊ မံစီ စတဲ့ ဒေသတွေရဲ့ အနီးဝန်းကျင်ဒေသတွေဖြစ်တယ်လို့ သိရပါတယ်။

“ မိုးမိတ်၊ မန်တုံ၊ နမ်စန် အဲ့ဒီပတ်ဝန်းကျင်တွေရယ်၊ မြို့လှ၊ ရွှေကူ၊ ကသာ အဲ့ဒီ အနီးနားမှာရယ် ဆိုရင် တောင်ကျရေတွေက အတော်ဆင်းမယ့်သဘောရှိတယ်။ အဓိကကတော့ ဧရာဝတီမြစ်ထဲကို စီးဝင်မှာတွေ များတယ်။ နောက်တစ်ခုက မြေပြိုနိုင်တဲ့အခြေအနေတွေ သတိထားရမှာပေါ့” လို့ ဦးဝင်းနိုင်က သတိပေးပါတယ်။

အဲ့ဒီဒေသတွေမှာ အဓိကမိုးရွာသွန်းမှုတွေဖြစ်နိုင်တဲ့အချိန်ကတော့ ဒီနေ့ည သန်းခေါင်ကျော် မနက် ၂ နာရီကနေ ၅ နာရီခန့်ထိ ဖြစ်နိုင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်ကျော် ဩဂုတ် ၁၃ ရက် မနက်အစောပိုင်းကလည်း ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေနဲ့မျောပါသွားမှုကြောင့် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ သေဆုံးမှုရှိခဲ့ပါတယ်။

Photos Crd_ U Win Naing

✅ (မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်