အသီးအပွင့်များစေ ဆားခါးဖျော်ရည်

17/02/2022 14:30 PM တွင် Nan Su San Nan Su San မှ ရေးသား

ဆားခါးဆိုတာ မဂ္ဂနီဆီယမ် ဆာလဖိတ် ဓာတုဒြပ်ပေါင်းတမျိုးဖြစ်ပြီး အပင်အတွက် လိုအပ်တဲ့ မဂ္ဂနီဆီယမ်နဲ့ ဆာလဖာလို့ခေါ်တဲ့ ကန့်ဓါတ်များ ပါဝင်ပါတယ်..။ 

မဂ္ဂနီဆီယမ်ဓာတ်ဟာ မျိုးစေ့အညှောက်ပေါက်ခြင်းဖြစ်စဉ်ကို ကူညီပေးခြင်း၊ အပင်ဆဲလ်များကို သန်စွမ်းစေခြင်း၊ အပင်အစာချက်လုပ်တဲ့နေရာ အဓိကလိုအပ်တဲ့ စိမ်းရောင်ခြယ်ပစ္စည်း ကလိုရိုဖီးလ်ကို ပိုထုတ်လုပ်ပေးခြင်း၊ အပင် ရဲ့ နိုက်ထရိုဂျင်နဲ့ ဖော့စဖရတ် (မီးစုန်းဓါတ်) တွေ စုပ်ယူခြင်းကို ကူညီပေးခြင်း၊ အပွင့်အသီးကို အားကောင်းစေခြင်း စတဲ့ အကျိုးကျေးဇူများစွာ ဖြစ်စေပါတယ်။ 

ဆာလဖာ ဓာတ်ဟာလဲ စိမ်းရောင်ခြယ်ပစ္စည်း ကလိုရိုဖီးလ် ထုတ်လုပ်ခြင်း၊ အာဟာရဓါတ်များစုပ်ယူခြင်းမှာ အရေးကြီးပါတယ်။ အဲဒါကြောင့် ဆားခါး (သို့) မက်ဂနီဆီယမ် ဆာလဖိတ်ဟာ စိုက်ပျိုးပင်တွေကို ပိုမိုစိမ်းလန်း စေပြီး ပန်းပွင့်အားကောင်းစေသော အစွမ်းများရှိနေပါတယ်။ဒါ့အပြင် ဆားခါးဟာ ပက်ကျိ၊ ဗိုး (လယ်ယာချောင်းမြောင်းအနီး ကျက်စားသော ကြွက်နှင့်ဆင်သည့် အကောင်) တွေကို ဟန့်တားပေးပါတယ်။ 

ယေဘုယျအားဖြင့် ဆားခါးရည်ကို မက်ဂနီဆီယမ်ဓါတ် လိုအပ်ချက်များတဲ့ အပင်များ (ခရမ်းချဉ်၊ ငရုတ်၊ နှင်းဆီပင်) အတွက် သုံးပေးကြပါတယ်။ ဆားခါးရည်ဖျန်းပေးတဲ့ နှင်းဆီပင်တွေဟာ အပင်ကြီးထွားမှုနှုန်းကို ကောင်းစေ ပြီး အပွင့်များများပွင့်စေပါတယ်။ ခရမ်းချဉ်ပင်တွေမှာ ဖျန်းပေးမယ်ဆိုရင်လည်း ခရမ်းချဉ်သီး အလုံးကြီးစေပါတယ်။ ဆားခါးကို ရေနဲ့ဖျော်စပ်ပြီး အပင်ရဲ့အောက်ခြေတွေမှာလောင်းပေးနိုင်သလို ရွက်ဖျန်းအနေနဲ့လည်း သုံးပေးမယ် ဆိုရင် အသီးအပွင့်ကြီးထွားစေပါတယ်။

အိုးနဲ့ စိုက်ပျိုးထားတဲ့ ပန်းပင်တွေအတွက်ဆို  ရေတဂါလံမှာ ဆားခါး စားပွဲတင်ဇွန်း နှစ်ဇွန်းထည့်ပြီး ဖျော်စပ်ပြီး တလမှာ တခါလောက် ဖျန်းပေးနိုင်ပါတယ်။ ,

ဟင်းသီးဟင်းရွက် စိုက်ခင်းတွေမှာ ရေတဂါလံမှာ ဆားခါး စားပွဲတင်ဇွန်း တစ်ဇွန်းထည့်ပြီးဖျော်စပ်ပြီး ရွက်ဖျန်း အနေနဲ့ ဖျန်းပေးမယ်ဆိုရင် စိုက်ခင်းဟာ စိမ်းလန်းစိုပြေ အထွက်ကောင်းစေပါမယ်။

ခရမ်းချဉ်ပင်တွေဟာ အပင်ကြီးပိုင်းအချိန် ရောက်တဲ့အခါ မဂ္ဂနီဆီယမ်ဓာတ်ချို့တဲ့ပြီး အရွက်တွေ ဝါလာကာ အသီးနှုန်းကျတတ်ပါတယ်။ အဲ့အတွက်ဆိုရင် ဆားခါး လက်ဖက်စားဇွန်းတဇွန်းကို လက်တဆုပ်စာ မြေနဲ့ လုံးပြီး  ခရမ်းချဉ်ပင် အောက်ခြေတွေမှာ ထည့်ပေးနိုင်သလို၊ နှစ်ပတ်တခါ ရွက်ဖျန်းအနေနဲ့လည်း ဖျန်းပေးနိုင်ပါတယ်။

ငရုတ်ခင်းတွေမှာလည်း ဆားခါးဖျော်ရည်ဖျန်းပေးခြင်းဖြင့် ငရုတ်သီးတောင့်များ ကြီးထွားစေပါတယ်။ 

နှင်းဆီပင်တွေဆိုလည်း ဆားခါးထည့်ပေး၊ ဖျန်းပေးမယ်ဆိုရင် အရွက်တွေ ကြီးထွားစေတယ်၊ ပန်းပွင့်များများ ပွင့်စေနိုင်ပါတယ်။

သစ်သီးပင်တွေမှာလည်း သုံး-လေးနှစ် တကြိမ်လောက် အပင်ရဲ့ အောက်ခြေမှာ ဆားခါး စားပွဲတင်ဇွန်း ၂ဇွန်းလောက် ထည့်ပေးမယ်ဆိုရင် အပွင့်၊ အသီး အားကောင်းစေမှာ ဖြစ်ပါတယ်။

နန်းစုစံ (စိုက်ပျိုးရေး)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်