အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အပြောင်းလဲကြီး ပြောင်းလဲလာနေတဲ့ မုတ်သုံရာသီ (၁)

အပြောင်းလဲကြီး ပြောင်းလဲလာနေတဲ့ မုတ်သုံရာသီ (၁)

တောင်အာရှရဲ့ မုတ်သုံရာသီဟာ အာရှတိုက်ဒေသအများစုနဲ့ ယဉ်ကျေးမှုအရရော စီးပွားရေးအရပါ ခွဲခြားမရအောင် ဆက်စပ်နေပါတယ်။ ဒါပေမဲ့ ဖောက်ပြန်လာတဲ့ရာသီဥတုက ဒီမုတ်သုံကို အကြမ်းကြီးကြမ်း၊ အပြောင်းကြီးပြောင်းလဲ လာ‌စေလျက်ရှိပါပြီ။

မုတ်သုံမိုးကို အားကိုးနေရတဲ့ အခြားအခြားသော အိန္ဒိယတောင်သူလယ်သမားသန်းပေါင်းများစွာလိုပဲ မစ္စတာ ဂါဂရီလည်းပဲ ကောင်းကင်ကိုမော့ပြီး မိုးရိပ်မိုးရေ ကြည့်နေရပါတယ်။

အိန္ဒိယအနောက်ရိုးမတောင်တန်းရဲ့ အရိပ်အောက် တည်ရှိနေတဲ့ သူတို့ရွာမှာ ဇွန်လရောက်တိုင်း မိုးဦးကျနေကျဖြစ်ပါတယ်။ အဲဒီအချိန်ကျရင် အိန္ဒိယတိုက်ထဲ ပြန်ဝင်လာတဲ့ ရာသီလေဟာ အာရေဗျပင်လယ်ထဲက ရေငွေ့ရည်ဝနေတဲ့ တိမ်တိုက်တွေကို အိန္ဒိယအနောက်ရိုးမကို ဖြတ်ကျော်ကာ ရိုးရာမပျက် သယ်ဆောင်လာပါတယ်။ အဲဒီတော့မှသာ ဂါဂရီတို့ဇနီးမောင်နှံ စိုက်ပျိုးမဲ့ သီးနှံတွေအတွက် လိုအပ်တဲ့ မိုးရေ ရရှိမှာ ဖြစ်ပါတယ်။

ယခုတော့ ဖောက်ပြန်လာတဲ့ ရာသီဥတုကြောင့် တောင်အာရှဒေသတစ်ဝန်းမှာ မုတ်သုံ မမှန်တော့၊ စိတ်ချလို့မရတော့တဲ့အပြင် အန္တရာယ်ပါ ရှိလာပါတယ်။ ရွာချင်ရင် ဝရုန်းသုန်းကား ရွာချပြီး ခေါင်ချင်ရင်လည်း အကြာကြီး ခေါင်နေတတ်ပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ လေးပုံတစ်ပုံနီးပါး မှီတင်းနေထိုင်ရာ ဒီ‌ဒေသကြီးအတွက် ကြုံလာရတဲ့ ဆိုးကျိုးတွေဟာ အင်မတန်မှ ပြင်းထန်လှပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လကုန်လောက်တုန်းက ဂါဂရီရဲ့ အခင်းမှာ ရေခမ်းခြောက်တဲ့ ပြဿနာ တက်ခဲ့ပါတယ်။ မုတ်သုံမိုးက ရွာလို့ကုန်သလောက် ဖြစ်နေခဲ့လို့ပါ။  မိုးမရွာဘဲ ဒီလိုသာဖြစ်နေမယ်ဆိုရင် ထွက်နှုန်းတွေ လျော့သွားမှာပဲလို့ သူက ပြောခဲ့ပါတယ်။

တောင်အာရှရဲ့ တခြားနေရာတွေမှာကျ ဘာပြဿနာရှိလဲဆိုတော့ အချိန်တိုလေးအတွင်း မိုးတွေ သည်းကြီးမည်းကြီး ရွာသွန်းတတ်တာပါ။ အိန္ဒိယ အနောက်မြောက်ဘက်က ပါကစ္စတန်မှာဆိုရင် ယခုနှစ်အတွင်း မိုးတွေ အတောမသတ် ရွာပြီး နိုင်ငံဒေသများစွာ ရေဖုံးလွှမ်းကာ လူအနည်းဆုံး ၁၅၀၀ ဦး သေဆုံးခဲ့ရပါတယ်။

အိန္ဒိယရဲ့ နည်းပညာမြို့တော် ဘင်္ဂါလူရူမြို့မှာလည်း ပြီးခဲ့တဲ့စက်တင်ဘာလဆန်းပိုင်းက သည်းသည်းမည်းမည်း ရွာသွန်းတဲ့မိုးကြောင့် လမ်းတွေ ရေလျှံပြီး အလုပ်သမားတွေဟာ ကားအစား လှေကိုအသုံးပြုကာ အလုပ်သွားခဲ့ကြရပါတယ်။

သိပ္ပံပညာရှင်တွေကတော့ ရုပ်ကြွင်းလောင်စာဆီတွေ လောင်ကျွမ်းရာကနေ ကမ္ဘာကြီးပူနွေးလာတာကြောင့် ယခုလို မုတ်သုံရာသီ ပြောင်းလဲလာတာလို့ အပြစ်တင်ကြပါတယ်။ ဒီပူနွေးမှု ဆက်ပြီးဖြစ်နေရင် မုတ်သုံရာသီ ပိုပြင်းထန်နိုင်ပြီး မိုးတွေ ပိုရွာလာလိမ့်မယ်လို့ ကွန်ပျူတာခန့်မှန်းချက်တွေက အဆိုပြုပါတယ်။

နောက်ပြီး ဂါဂရီတို့လို တောင်သူလယ်သမားတွေဟာ ပိုမိုကြီးမားတဲ့ မသေချာမရေရာမှုတွေကို ကြုံတွေ့လာကြရတော့မယ်လို့ ပညာရှင်တွေက တွက်ဆထားကြပါတယ်။

"မိုးသည်းထန်ဖြစ်စဉ်ကြီးတွေ ခပ်စိပ်စိပ် ခပ်မြန်မြန် ဖြစ်လာနေပါတယ်။ ဒါဟာ မုတ်သုံမိုးရွာသွန်းမှုပုံစံမှာ အလွန့်အလွန် သိသာထင်ရှားတဲ့ အပြောင်းအလဲ ဖြစ်ပါတယ်" လို့ ပီယွန်မြို့ရှိ အပူပိုင်းမိုလေဝသပညာဌာနက ပညာရှင် မက်သရူးကိုးလ်က ပြောပါတယ်။

မုတ်သုံရာသီကို သတ်မှတ်တဲ့အခါ သူ့ရဲ့ ဖြစ်ပေါ်မှုပုံစံ (patterns) တွေကို ကြည့်ကြပါတယ်။

မုတ်သုံရာသီဟာ အိန္ဒိယအနောက်ဘက် ကမ်းရိုးတန်းဆီ ရာသီလေ ဝင်ရောက်တိုက်ခတ်လာတဲ့ နွေအကုန် မိုးအကူးကာလမှာ အစပြုပါတယ်။ အာရေဗျပင်လယ်ထဲက ရေနွေ့တွေ ပြည့်ဝနေတဲ့ လေတွေဟာ ကုန်တွင်းပိုင်းဆီ ရွေ့လျားလာတာပါ။

ဘင်္ဂလားပင်လယ်အော်ဘက်မှာလည်း လေဟာ အရှေ့ဘက်ဆီကို တိုက်ခတ်ပြီး မိုးသားတိမ်တိုက်တွေကို သယ်ဆောင်ကာ ကုန်းမြေပေါ်မှာ မိုးတွေ ရွာသွန်းစေပါတယ်။

ဇူလိုင်နဲ့ သြဂုတ်လတွေမှာတော့ မုတ်သုံလေဟာ မြောက်ဘက်ဆီ ထုံ့ပိုင်းထုံ့ပိုင်းနဲ့ ရွှေ့လျားပါတယ်။

စက်တင်ဘာလ ရောက်တော့ မုတ်သုံဟာ နောက်ရာသီအတွက် စတင်ဆုတ်ခွာပြီဖြစ်ပါတယ်။

တကယ်တော့ မုတ်သုံဟာ မိုးရွာတာသက်သက်ထက် အများကြီး ပိုပါတယ်။ မုတ်သုံရာသီဟာ ခေတ်ကာလများစွာ၊ လူမှုအသိုက်အဝန်းများစွာ တွေ့ကြုံခဲ့ပြီး ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ ဘုံခံစားချက်တစ်ခု ဖြစ်ပါတယ်။ အနုပညာရှင်တွေ၊ ကဗျာဆရာတွေများစွာ မုတ်သုံရာသီကို ရေးဆွဲပုံဖော်ဖို့ ရာစုနှစ်ပေါင်းများစွာ ကြိုးစားခဲ့ကြပါတယ်။ ဝတ္ထုဆရာတွေကလည်း မုတ်သုံမိုးကို သုံးပြီး ဇာတ်လမ်းဇာတ်ကွက် ဖန်တီးတတ်ကြပါတယ်။ မိုးရွာနေတဲ့ ရိုမန်တစ်ဆန်ဆန် ဇာတ်ဝင်ခန်းတွေကို ဘောလိဝုဒ်ရုပ်ရှင်ကားအများအပြားမှာ တွေ့မြင်ရပါတယ်။ နောက်ပြီး မုတ်သုံဟာ စီးပွားရေးမောင်းနှင်အားတစ်ခုပါ။ အထူးသဖြင့် တစ်နှစ်တာ မိုးရေချိန် လေးပုံသုံးပုံလောက်အထိ ရွာတဲ့ မုတ်သုံမိုးကို အားကိုးနေရသူ တောင်သူတွေအတွက် ဖြစ်ပါတယ်။

မုတ်သုံကောင်းရင်း ကောင်းသလို အိတ်ဖောင်းတတ်ကြပြီး မုတ်သုံဖျက်ရင်တော့ အကျပ်ရိုက်ကြရပြန်ပါတယ်။ အတိတ်ကာလတုန်းကဆိုရင် မုတ်သုံရာသီ မကောင်းလွန်းလို့ အငတ်ဘေးဆိုက်တာအထိ ရှိပါတယ်။

မုတ်သုံဟာ ဘာကြောင့် အပြောင်းအလဲ ပိုဖြစ်လာသလဲဆိုတော့ ဟောဒီ အခြေခံအကျဆုံးသိပ္ပံယူဆချက်ကြောင့်ပါ။ လေထုက ပိုပူနွေးလာတာနဲ့အမျှ ရေခိုးရေငွေ့တွေကို ပိုပြီး စုပ်ယူထားနိုင်တယ် ဆိုတာပါ။ လေထုထဲမှာ ရေငွေ့တွေ များစွာ စုဝေးပြီး နဂိုကထက် အချိန်ပိုကြာကြာ အဲဒီမှာ နေနိုင်ပါတယ်။ ဒီတော့ မိုးခေါင်တဲ့ကာလကို ပိုပြီး ရှည်လျားလာစေပါတယ်။ ဒါပေမဲ့ မိုးရွာပြီဆိုရင်တော့ “အချိန်အတိုလေးအတွင်းမှာ ထိန်းထားသမျှ ရေတွေကိုအားလုံး အိတ်သွန်ဖာမှောက် ရွာချလိုက်တာပါ။ နာရီပိုင်းအတွင်း ရက်ပိုင်းအတွင်း ရွာလိုက်တဲ့မိုးဟာ တစ်လတာ ဒါမှမဟုတ် တစ်ပတ်တာ မိုးရေချိန်လောက်ထိ ရှိနေနိုင်ပါတယ်” လို့ ဒေါက်တာကိုးလ်က ရှင်းပြပါတယ်။

မစ္စတာ ဂါဂရီ လယ်လုပ်တဲ့ဆီကတော့ မိုးနည်းဒေသပါ။ သူတို့အရပ်ဒေသဟာ အနောက်ရိုးမနဲ့ ကွယ်နေတာကြောင့် မုတ်သုံလေဟာ သူတို့ဆီ မိုးအနည်းငယ် သယ်ဆောင်လာတတ်ပါတယ်။ တောင်တန်းတွေဟာ တိမ်တွေထဲက ရေထုအများစုကို ရယူထားလိုက်တာကြောင့် ဂါဘရီတို့ လယ်ခင်းဆီ မိုး သိပ်မရောက်နိုင်တော့တာပါ။ သူ့အတွက်တော့ ကာလရှည် မိုးခေါင်နေတာက ကြီးမားတဲ့ခြောက်လှန့်မှု ဖြစ်ပါတယ်။

ဒါကို ဖြေရှင်းဖို့ ရွာသားတွေဟာ တောင်စောင်းတစ်ကြောမှာ ကောက်ကွေ့ရှည်လျားတဲ့ မြောင်းကြီးတွေ လူအားနဲ့ တူးထားကြပါတယ်။ မိုးရေကို ဖမ်းယူသိုလှောင်ပြီး မြစ်ချောင်းတွေထဲ စီးဝင်မသွားအောင်နဲ့ မြေကြီးထဲကို စိမ့်ဝင်ချိန် ပိုရအောင်လို့ပါ။ ဒီလို လုပ်ထားလို့သာ မုတ်သုံအလွန်ကာလမှာ ဒေသထဲက ရေတွင်းတွေ ရေမခန်းခြောက်ကုန်တာ ဖြစ်ပါတယ်။

"ဒီရေထိန်းမြောင်းတွေနဲ့ အခြားရေထိန်းသိမ်းရေးနည်းလမ်းတွေ အလုပ်မဖြစ်ခဲ့ဘူးဆိုရင်တော့ ဒီနေ့ကာလ ဒီဒေသမှာ တစ်ယောက်မှ နေကြတော့မှာ မဟုတ်ဘူး” လို့ ဂါဂရီက ပြောပါတယ်။

[ဆက်လက်ဖော်ပြပါမည်…]

ဝေယံဟိန်း (B.Ag)

Ref: The Monsoon Is Becoming More Extreme - The New York Times

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

3
ကိုအောင်ကျော်စိုး

ကိုအောင်ကျော်စိုး

လွန်ခဲ့သော ၃ နှစ် က

ကြက်သွန်နီ အကြောင်းဆွေးနွေးကြည့်ချင်တယ်

အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၃ နှစ် က

😯😯😯

ကိုဝင်းလွင်ဦး

ကိုဝင်းလွင်ဦး

လွန်ခဲ့သော ၃ နှစ် က

ကျေးဇူး အထူးပါဆရာ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ငရုတ်စုပ်းစားပိုးအမြစ်ပြတ်နိင်ဆေးညွန့်ကြပါအုံး

ကိုဝေယံအောင် • ဖြေကြားချက် 0 ခု

3လက်မရေတွင်းကို3လက်မပိုက်နဲ့ရေသွင်းဖို့ပန့်သုံးတာအဆင်ပြေနိင်မလားဗျအကြုံပြုပေးပါမိတ်ဆွေအပေါင်းတို့

ကိုဝေယံအောင် • ဖြေကြားချက် 0 ခု

ကျောက်ဖရုံဘယ်ဈေးပေါက်လည်းရောင်းစရာရှိလို့ပါ

ပြည့်ဖြိုးအောင် • ဖြေကြားချက် 1 ခု

ပထမဦးစွာ ဆရာကြီးဒို့ဦးလေးနှင့် ဆရာ ကိုသော်ဇဥ်တို့အား ဝန်ချတောင်းပန်ခြင်း.. ဖြစ်ပုံကဒီလိုပါဆရာတို့ မိုးရာသီစတော့မယ် ပျိုးပင်တွေ ပျိုးဖို့ 15 ရက်လောက်အလိုမှာ ဒီ Green Way app မှာ ခရမ်ချဥ်နဲ့ပတ်သတ်ပီး ကျွန်တော်တို့ရာသီနှင့် ကိုက်ညီမည့် မည့်သည့်မျိုးစေ့ စိုက်ပျိုးရမလဲ လို့ မေးလိုက်တော့ ဆရာနှစ်ဦးလုံးက 909 ကိုပဲ စိုက်ဖို့အကြံပေးပါတယ် မနှစ်က ပံ 111 စိုက်ခဲ့တာကို အထွက်လဲကောင်းခဲ့ပါတယ် ဒါမဲ့ ဒီမှာမေးလိုက်တော့ 909 ကိုစိုက်ဖို့အ​ြကံပေးပါတယ် ကိုယ့်စိတ်ထဲမှာတော့ မဟုတ်သေးဘူးပေါ့ ပံ 111 ကောင်းရဲ့နဲ့မညွှန်ပဲ ဘာလို့ 909 ကိုညွှန်ရလဲပေါ့ အတာနဲ့ စိတ်ထဲကတိကအောက်ဖြစ်တာနဲ့ ထပ်မေးခဲ့ပါတယ် ဆရာတို့ကလဲ ထပ်ဖြေပါတယ် 909 ပဲစိုက်ဖို့ အကြံပေးပါတယ် ကဲ ထားတော့ပေါ့ မေးပီးမှတော့မထူးတော့ဘူးပေါ့😄 909 ပဲမှာပီးပျိုးလိုက်တယ် အတာနဲ့အိမ် အမေအဒေါ်တွေကိုလဲ ပြောပြလိုက်တာပေါ့ဒီနှစ်မနှစ်ကမျိုးမဟုတ်ဘူး ဒီနှစ်မျိုးပြောင်းထားတယ်လို့ သူတို့ကလဲ ပြောတာပေါ့ " မနှစ်ကမျိုး အလုံးကကြီးသေးအလုံးကလှသေး ရေရှည်လဲအဆွတ်ခံသေး " အတာကိုနင်က ဘာလို မျိုးပြောင်းတာလဲ ဘာညာပြောတာပေါ့ ကျွန်တော်လဲ ဘာမှမပြောပဲ ငြိမ်ခံရတာပေါ့ ဒါမဲ့အခုသိလိုက်ရပါပြီ သီးလိုက်တာကလဲအဆုတ်လိုက် အလုံးကလဲ ကြီးသေးတယ်ဗျာ လှလိုက်တာသီးထားတာ ရောဂါကလဲကင်း ပိုးလဲရှင်းနေရော့ ဒီချိန်မှပဲ အသက်ရှူချောင်တော့တယ်ဆရာတို့ရေ အိမ်ကအေဒါ်တွေအမေကလဲ ဟုတ်သားပဲ လှလိုက်တာ ချောလိုက်တာနဲ့ အသီးကလဲအတော်သီးတယ် ဒါလောက်ပူလိုက် မိုးပြတ်သွားလိုက်ကို. အသီးက ကျမသွားပဲ သီးလိုက်တာဗျာ ပိုး / မှိုမျကအောင်လဲ ဆက်လက် စောင့်ကြည့်နေပါမယ်ခင်ဗျ ဒါကြောင့် ဆရာတို့ကဆရာပါပဲဗျာ ဆရာတို့အပေါ်မှာ သံသယတွေ ထားမိတဲ့အတွက် တောင်းပန်ပါတယ်လို့ ပြောကြားပါရစေခင်ဗျ..... 909 ခရမ်းချဥ်

U Yan • ဖြေကြားချက် 2 ခု

သခွါးပင် အရွက်တွေတွန့်ကုန်တယ် အညွန့် အဖျားလေးတွေ မီးလောင်သလိုခြောက်ပီကြွေကုန်တယ်ခင်ဗျ ဘာကြောင့်လဲခင်ဗျကူညီပါဦး

kosoe • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။