နွေစပါးပြိုင်တူပေါ်ချိန်၌ စပါးဈေးပြန်ကျမည်ကို တောင်သူအများစုစိုးရိမ်နေ
စပါးပြိုင်တူပေါ်ချိန်သို့ ရောက်ရှိပါက စပါးဈေးပြန်ကျသွားမည်ကို စိုးရိမ်နေရကြောင်း ဧရာဝတီတိုင်းအတွင်းရှိ နွေစပါးစိုက်ပျိုးသူများထံမှ သိရသည်။
နွေစပါးကို စက်တင်ဘာလ (၂၉)ရက်နေ့က စစိုက်ထားတာပါ။ GW-11 စပ်မျိုးစပါးကို (၂၂)ဧက စိုက်ထားပါတယ်။ ဒီမျိုးက (၁၁၅) ရက်သက်တမ်းရှိတယ်။ အထွက်နှုန်းကောင်းတယ်။ ဈေးကွက်အနေအထားကတော့ အဆင်ပြေရင် ပြေသလို သီးနှံထွက်ချိန် ပေါက်ဈေးကိုကြည့်ပြီး ရောင်းချရမှာပါ။ အရင်နှစ်ကထက်စာရင် ဒီနှစ်၊ ဒီအချိန်မျိုး၊ စပါးရှားပါးချိန်မို့ ဈေးကောင်းနေပေမယ့်လည်း စပါးတွေပြိုင်တူပေါ်ချိန်ရောက်ရင်တော့ ဈေးပြန်ကျသွားနိုင်ခြေ ရှိနေပါတယ်။ စပါးလှိုင်လှိုင်ပေါ်ချိန်မှာ ဈေးကွက်တည်ငြိမ်ဖို့က ပိုပြီးအရေးကြီးပါတယ်။ ဈေးကွက်တည်ငြိမ်မှသာ တောင်သူတွေဘဝ တိုးတက်လာမှာပါ
ဟု ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ဓနော်ကျေးရွာအုပ်စု၊ ခရေကန်ကျေးရွာမှ နွေစပါး စီးပွားဖြစ်စိုက်ပျိုးသူ ကိုဖြိုးလင်းဇော်က ပြောသည်။
လက်ရှိဈေးကွက်တွင် နွေစပါး (GW-11 စပ်မျိုးစပါး) တင်း (၁၀၀)/အစို ပေါင်ချိန် (၁၀၀) လျှင် (၆၉၀,၀၀၀) ကျပ် ဈေးနှုန်းဖြင့် ရောင်းချနေကြောင်း သိရသည်။
အရင်နှစ်က စပါးတွေပြိုင်တူပေါ်ချိန်မှာ (၅၄၀,၀၀၀) ကျပ် ဈေးနဲ့ ရောင်းခဲ့ရပါတယ်။ အခုနှစ်မှာတော့ အနိမ့်ဆုံးဈေး ကျပ် (၆၅၀,၀၀၀) လောက်နဲ့ မြဲနေမှသာ တောင်သူလယ်သမားတွေ အတွက် အဆင်ပြေမှာ ဖြစ်ပါတယ်။
ဟု ၎င်းက ဆက်လက်ပြောသည်။
နွေစပါးစိုက်ပျိုးသည့်အခါ ရေကျချိန်အပေါ် မူတည်ပြီး စိုက်ပျိုးလေ့ရှိပြီး ရေစိမ်၊ အစို့ဖောက်၊ ကြဲခင်းစနစ်ဖြင့် စိုက်ပျိုးကြကြောင်း သိရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ko zaw gyi
လွန်ခဲ့သော ၃ နှစ် ကgw11စပါးအထွက်ကောင်းတယ်
Saw Yu Nwe
လွန်ခဲ့သော ၄ နှစ် ကGW-11ရဲ့အစေ1000အလေးချိန်သိချင်ပါတယ်ရှင့်
pyi chit aung
လွန်ခဲ့သော ၅ နှစ် ကgw 11 ကိုမိုးစပါးစိုက်လို့အဆင်ပြေလားဗျ
ဆက်စပ်မေးခွန်းများ
ဂရန်600နဲမင်းသားမတ်ပဲးဖြန်လို့ရလား
ကိုနိုင်လင်း • ဖြေကြားချက် 3 ခု
ဒိန်ချဥ်ထဲ ကြေးနီပြား ထည့်စိမ်ပီး ရလာတဲ့အရည်က မှိုရောဂါကို ကုသနိုင်တယ်လို့ AIက ဖြေထားပါတယ် တကယ်ပဲ မှိုရောဂါကို ကုသနိုင်သလား ဘယ်လိုရောဂါတွေကုသနိုင်သလဲ ဆေးနည်းပြုလုပ်နည်းကို ဖြေကြားပေးပါဦးဆရာတို့
Khing Hein • ဖြေကြားချက် 1 ခု
ကျဲစပါး17ရက်လောက်မာအပင်ဝါပီးအဖြားခြောက်နေရင်ဘာလုပ်ရမလဲဗျ
K • ဖြေကြားချက် 2 ခု
၎င်းဆေးတွင် ရေနံဆီအစား ဒီဇယ်ရပါသလားဆရာ အပင်လောင်တာတွေရှိနိင်လားဆရာ ဆေးသက်တမ်းပါ ရှင်းပြပေးပါဆရာ
U Than Toe Aung • ဖြေကြားချက် 1 ခု
ခြံကမြေကြီးမှာပုံထဲကပိုကောင်တွေရှိနေတာအပင်တွေရဲကောင်ကြိုဆိုကြိုသိခြင်ပါတယ်သိတဲဆရာများဖြေးပေကြပါ
ဇင်မင်းကို • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022