မြန်မာဆိတ်မျိုးများနှင့် သိကောင်းစရာ

05/06/2020 17:00 PM တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှ ရေးသား ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှ ပေးပို့ထားပါသည်။

ထိန်စမ်းမျိုး

    မန္တလေးတိုင်းဒေသကြီး ပုပ္ပါးနယ်တစ်ဝိုက်၊ မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်၊ နတ်မောက်မြို့နယ်များတွင် မွေးမြူလေ့ရှိသည်။

- အလုံးအရပ် ထွားကျိုင်းသည်။

- ကိုယ်လုံးဖြူ၍ ဦးခေါင်းမည်းသည်။

- နှာခေါင်းပိုင်းအမွှေးဖြူတတ်သည်။

- မုတ်ဆိတ်ဖားပြီး နားရွက်ရှည်၍ တွဲလောင်းကျသည်။

- ဦးချို နောက်ဖက်လန်သည်။

- ပျှမ်းမျှကိုယ်အလေးချိန်

   အထီး - ၅၀ ကီလို (၃၇ ပိဿာ)

   အမ – ၂၉ ကီလို (၂၀ ပိဿာ)

ဂျိတ်နီမျိုး

    မန္တလေးတိုင်းဒေသကြီး တံတားဦး၊ စဉ့်ကိုင်၊ ကျောက်ဆည်နယ်တွင် မွေးမြူလေ့ရှိသည်။

- အရွယ်အစားကြီးမားသည်။

- နီညိုရောင်၊ အုန်းခွံရောင်၊ မန်ကျီးစေ့ရောင်ရှိသည်။

- ကိုယ်အလေးချိန်

   အထီး -  ၅၀ ကီလို (၃၇ ပိဿာ)

   အမ – ၄၂ ကီလို (၂၉ ပိဿာ)

ဝေသာလီမျိုး

    မကွေးတိုင်းဒေသကြီး ပခုက္ကူ၊ ရေစကြို၊ ပေါက်၊ မြိုင်တစ်ဝိုက်တွင် မွေးမြူလေ့ရှိသည်။

- အလုံးထည်သွယ်ပြီး အမွှေးအရောင်မှာ အညိုရောင် အနက်ဆက်နွယ်သည်။

- ကိုယ်အလေးချိန်

   အထီး - ၃၈ ကီလို (၂၄ ပိဿာ)

   အမ – ၃၁ ကီလို (၁၉ ပိဿာ)

ဆိတ်အကြောင်း သိကောင်းစရာများ

- ဆိတ်မွေးမြူလျှင် ကုန်းမြင့်သော ဆိတ်ခြံ (သို့) စင်တင်မွေးရမည်။

- ဆိတ်သည် ရေစိုခြင်းကိုကြောက်၍ ခြေအေးမခံနိုင်သော သတ္တဝါဖြစ်သောကြောင့် မိုးရွာလျှင် ခြံသို့ ပြန်ပြေးလေ့ရှိသည်။

-  ဆိတ်ကို လွှတ်ကျောင်းမွေးမြူခြင်းဖြင့် ဆီးပင်၊ ခံပင်၊ ဘောစကိုင်း၊ ပါရာမြက်၊ မြေစာမြက်များကိုစား၍ ကိုယ်လက်လှုပ်ရှားမှု ရရှိပါသည်။

- အစာနု၊ ပဲဖတ်၊ ဝါစေ့ဖတ်၊ နှမ်းဖတ်၊ ဆန်ကွဲ၊ ဖွဲနုနှင့် ဖြည့်စွက်စာကျွေးလျှင် ပိုမိုဖြစ်ထွန်းသည်။


Marlarmyaing Public Company Limited ကြော်ငြာ
ပဲခင်းထဲ ပဲမများဘဲ ပေါင်းများနေရင်တော့မဟုတ်သေးဘူးလေ။ ပေါင်းရှင်းရင်လည်း ရှင်းနည်းကလည်းမှန်ဖို့လိုသေးတယ်ဗျာ။ ပဲမျိုးစုံ၊ပဲပုတ်၊ပဲတီစိမ်း၊မတ်ပဲ၊ကုလားပဲ၊ပဲလွန်းဖြူ၊မြေထောက်ပဲတွေမှာ ကျရောက်တဲ့ တစ်နှစ်ခံနှင့်နှစ်ရှည် မြက်တွေကို သီးနှံစိုက်ပြီး (၁၀-၂၀) ရက် (သို့) ပေါင်းအရွက် (၂-၃)ထွက်ချိန်အတွင်း အမ်ကွင်း (Quizalofop-p-ethyl 10%EC) ကို အသုံးပြုနိုင်ပါတယ်။ ရွက်ပြန့်ပေါင်းတွေအတွက်ဆိုရင်တော့ သီးနှံစိုက်ပြီး (၁၄-၂၈) ရက် (သို့) ပေါင်းအရွက် (၂-၄)ထွက်ချိန် အမ်ကင်း (Fomesafen 25%SL) ကို ပက်ဖျန်းနိုင်ပါတယ်ဗျာ။ ပေါင်းသတ်ဆေး အာနိသင် ထိရောက်စေဖို့ 📌နေပြင်းချိန်မှာ ဆေးမဖျန်းဖို့ သတိပြုရပါမယ်။ 📌ဖော်ပြထားတဲ့ ဆေးညွှန်းနှုန်းထားအတိုင်းသာ အသုံးပြုပေးရပါမယ်။ မာလာမြိုင်ကတော့ တောင်သူတိုင်းပဲများနိုင်အောင် နည်းမှန်လမ်းမှန်တွေညွှန်းပေးလိုက်ပါပြီ။ တောင်သူတွေဘက်ကလည်း မှန်မှန်ကန်ကန်လိုက်နာမယ်ဆို ပဲများဝေဆာပြီး လူကြားထဲ မျက်နှာပန်းလှနေမှာပဲဗျို့။ Hotline ဖုန်းနံပါတ်☎️𝟬𝟵 𝟳𝟵𝟵 𝟵𝟵𝟯 𝟯𝟮𝟮 မှာ အသေးစိတ်မေးမြန်းနိုင်ပါတယ်
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်