ကြက်သွန်နီဈေး ဆက်လက်မြင့်တက်နေ

06/06/2022 16:39 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ပြီးခဲ့တဲ့အပတ်ကတည်းက ဆက်တိုက်တက်နေတဲ့ ကြက်သွန်နီဈေးဟာ ဒီတစ်ပတ်အဖွင့်ဈေးမှာလည်း ဆက်လက်မြင့်တက်နေဆဲဖြစ်တယ်လို့ စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ရတဲ့ ဈေးနှုန်း ဖော်ပြချက်တွေအရ သိရပါတယ်။ 

ပြီးခဲ့တဲ့တစ်ပတ် မေ ၃၀ ရက်အဖွင့်ဈေးတုန်းက ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တစ်ပိဿာကို ကျပ် ၈၀၀ သာ ပေါက်ဈေးရှိခဲ့တဲ့ ဆိပ်ဖြူရှယ် (သစ်) ဈေးဟာ ဇွန် ၃ ရက် သောကြာအပိတ်ဈေးမှာ ၁၁၀၀ ကျပ်ထိ ဈေးမြင့်တက်ခဲ့ပါတယ်။ ဒီတစ်ပတ်အဖွင့်ဈေးဖြစ်တဲ့ ဒီနေ့ ဇွန် ၆ ရက်မှာတော့ ဈေးကထပ်တက်လာပြီး တစ်ပိဿာကို ကျပ် ၁၁၇၅ ထိဖြစ်လာလို့ တစ်ပတ်အတွင်း ၃၇၅ ကျပ် ဈေးမြင့်တက်လာတာပါ။ 

ပြီးခဲ့တဲ့တစ်ပတ် တနင်္လာအဖွင့်ဈေးတုန်းက ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တစ်ပိဿာ ၇၂၅ ကျပ်သာ ဈေးရှိခဲ့တဲ့ ဆိပ်ဖြူလတ်သန့် ဈေးဟာလည်း တစ်ပတ်အတွင်း ကျပ် ၃၀၀ ဈေးမြင့်လာပြီး ဒီနေ့ပေါက်ဈေး တစ်ပိဿာ ၁၀၂၅ ကျပ် ရှိနေတယ်လို့ သိရပါတယ်။ 

တခြားကြက်သွန်အမျိုးအစားတွေဖြစ်တဲ့ ဆိပ်ဖြူလတ်ကြီးနဲ့  ဆိပ်ဖြူလတ်ချော ကြက်သွန်တွေမှာလည်း တစ်ပိဿာကို ၂၇၅ ကျပ်နဲ့ ၇၅ ကျပ်စီ အသီးသီးဈေးတက်လာပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်ကတည်းက ကြက်သွန်ဈေးဟာ ထပ်တက်နိုင်ဦးမယ်လို့ ကြက်သွန်ကုန်သည်တွေက သုံးသပ်ထားတာဖြစ်တယ်လို့ AMIA ရဲ့ သတင်းဖော်ပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၀ ရက်ကနေ ၂၃ ရက်အထိတုန်းကတော့ မြန်မာနိုင်ငံကို ဖြတ်သန်းခဲ့တဲ့ မုန်တိုင်းငယ်အရှိန်ကြောင့် တိုင်းနဲ့ပြည်နယ်အားလုံးရှိ ဒေသအများစုမှာ အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေဖြစ်ပေါ်ခဲ့ပြီး ကြက်သွန်နီစိုက်ခင်းအများစု ပျက်စီးမှုဖြစ်ပေါ်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့တစ်ပတ်အတွင်း ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တစ်တန်ကို ကျပ် ၅ သောင်းလောက်အထိ ဈေးမြင့်တက်ခဲ့တဲ့မတ်ပဲဈေးကတော့ ဒီနေ့အဖွင့်ဈေးမှာ ဈေးအနည်းငယ်ကျဆင်းသွားပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်