တောင်သူစျေးကွက်ဖော်ဆောင်သွားရန် စီစဉ်ဆောင်ရွက်နေ

20/05/2020 10:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာနိုင်ငံသစ်သီးဝလံပန်းမာန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ  တောင်သူများအတွက် တောင်သူစျေးကွက်ဖော်ဆောင်သွားရန် စီစဉ်ဆောင်ရွက်နေကြောင်းသိရပါတယ်။

တောင်သူများတိုက်ရိုက်ရောင်းဝယ်ပြုလုပ်နိုင်ရေးအတွက် အပ်ပလီကေးရှင်းတစ်ခုလုပ်ဆောင်နေပြီး မကြာခင်မှာ တောင်သူစျေးကွက်ဖော်ဆောင်နိုင်ရန် ဆောင်ရွက်နေတာဖြစ်တယ်လို့ မြန်မာနိုင်ငံသစ်သီးဝလံပန်းမာန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ ဦးတင်အောင်ကပြောပါတယ်။

အခုကတောင်သူတွေတိုက်ရိုက်ရောင်းဝယ်နိုင်ဖို့အတွက် စျေးကွက်တစ်ခုဖော်ဆောင်သွားမှာပါ။ အဲဒီအတွက်လည်း အပ်ပလီကေးရှင်းတစ်ခုလုပ်ဆောင်နေတယ်။ အခုလိုကိုဗစ်ကာလအတွင်းမှာ တောင်သူတွေအတွက် စျေးကွက်တွေကနစ်နာမှုတွေကလည်းရှိနေတယ်။အဲဒီအတွက် တောင်သူစျေးကွက်ကိုဖော်ဆောင်ဖို့စီစဉ်နေ တာပါ

တောင်သူများထံမှ ကုန်ပစ္စည်းများကို ရောင်းချနိုင်ရေးအတွက်လည်း ကုန်သွယ်ရေးဦးစီးဌာနနဲ့ပူးပေါင်းဆောင် ရွက်သွားမှာဖြစ်ကြောင်း အဆိုပါအသင်းမှ သိရပါတယ်။

ဟင်းသီးဟင်းရွက်သစ်သီးဝလံများကို Makro စတဲ့စျေးကွက်များကိုလည်း ရောင်းချနိုင်ရေးအတွက် ချိတ်ဆက် သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံသစ်သီးဝလံ၊ပန်းမာန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူ များအသင်းမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်