ငုံး စနစ်တကျမွေးမြူနည်း

11/11/2022 18:30 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

 

မြန်မာနိုင်ငံအနှံ့အပြားတွင် စီးပွားဖြစ် ငုံးမွေးမြူနေကြသူ များစွာရှိနေပြီး တစ်ကမ္ဘာလုံးငုံးမွေးမြူရေး၏  ၀ ဒသမ ၈၇ ရာခိုင်နှုန်းခန့်ထိ လုပ်ကိုင်နေကြပါသည်။ ငုံးမွေးမြူရေးလုပ်ငန်းသည် နေရာကျဉ်းကျဉ်းနှင့် အကောင်ရေများများ မွေးမြူနိုင်သော လုပ်ငန်းတစ်ခုဖြစ်သည့်အပြင် ကနဦး အရင်းအနှီးနှင့် လုပ်အားမှာလည်း အနည်းငယ်မျှသာ လိုအပ်ပါသည်။

ငုံးမွေးမြူခြင်းသည် ကာလတိုအတွင်း အကျိုးအမြတ်  မြန်ဆန်စွာရရှိပြီး စနစ်တကျ မွေးမြူပါက ကူးစက် ရောဂါ ဖြစ်ပွားမှုလည်း နည်းပါးသဖြင့် မိသားစုဝင်ငွေအတွက် တွက်ခြေကိုက်သော လုပ်ငန်းတစ်ခုလည်း ဖြစ်သည်။ 

ငုံးမျိုးများ

ငုံးဆိုသည်မှာ ရစ်ငှက်မျိုးနွယ်ဝင် မြေကြီးပေါ်တွင် အသိုက်ပြုလုပ်နေထိုင်တတ်သော ငှက်အမျိုးအစားဖြစ်ပြီး ခန္ဓာကိုယ်အရွယ်အစားသေးကာ ခြေတံတိုသည်။ ငုံး၏ သိပ္ပံအမည်မှာ Coturnix Coturnix ဖြစ်သည်။

ကမ္ဘာတစ်ဝန်းတွင် ငုံးမျိုးစိတ်ပေါင်း ၁၃၀ ကျော်ရှိပြီး ၄င်းတို့၏အရွယ်အစားနှင့် အသွင်အပြင်ကိုလိုက်ကာ အနည်းငယ်မျှသာ ကွာခြားပါသည်။ ကမ္ဘာပေါ်တွင်တွေ့ရသော ငုံးမျိုးစိတ်များမှာ Common quail, Japanese quail, Blue- breasted quail နှင့် Rain quail တို့ဖြစ်ကြပါသည်။

၎င်းတို့အနက် စီးပွားဖြစ်မွေးမြူရာတွင် မွေးမြူမှုအများဆုံးငုံးမှာ Japanese quail ဖြစ်ပြီး တရုတ်နှင့် အရှေ့ တောင်အာရှနိုင်ငံများတွင် ဥစားရန်အတွက် အဓိကမွေးမြူကြကာ ဥရောပနှင့် အမေရိကန်နိုင်ငံများတွင် အသားအတွက် အဓိကထားမွေးမြူကြပါသည်။

မြန်မာနိုင်ငံတွင်မူ Common quail နှင့် Japanese quail တို့ကို ဥနှင့်အသားအတွက် စီးပွားဖြစ် အများဆုံး မွေးမြူကြပါသည်။ 

စနစ်တကျ ငုံးမွေးမြူနည်း

  • ငုံးမွေးမြူရာတွင် ပထမဆုံးအနေဖြင့် မျိုးရွေးချယ်ရပါမည်။ မျိုးရွေးချယ်ရာ၌ ကြီးထွားနှုန်းကောင်းမွန်သော ဥဥနှုန်း ကောင်းမွန်သော ပတ်ဝန်းကျင်ရေမြေရာသီဥတုနှင့် ကိုက်ညီသောမျိုးများကို ရွေးချယ်မွေးမြူသင့်ပါသည်။
  • ငုံးများသည် အသက် ၆ ပတ်သားအရွယ်တွင် ဥဥခြင်းစတင်ပြီး တစ်နေ့ ၁ လုံး ဥလေ့ရှိပါသည်။
  • ငုံးများသည်အသက် ၄ ပတ်သားအရွယ်ထိ အနွေးဓာတ်ပေးရန်လိုအပ်သောကြောင့် ၁ ပတ်သားအရွယ် ငုံးများကိုရွေးချယ်မွေးမြူမည်ဆိုပါက အနွေးဓာတ်ပေးကာ ပြုစုစောင့်ရှောက်ရပါမည်။
  • ဥထုတ်လုပ်မှု ဆောလျင်စွာရလိုပါက အသက် ၄ ပတ်သားအရွယ် ငုံးများကို ရွေးချယ်မွေးမြူသင့်ပါသည်။
  • ငုံးတစ်ကောင်သည် ၂ လ မှ ၈ လအထိ ဥဥနှုန်း ကောင်းမွန်တတ်ပြီး နောက်ပိုင်းတွင် ဥနှုန်းကျဆင်းသွားလေ့ရှိပါသည်။ 
  • ဥဥနှုန်း ကျဆင်းသွားသောငုံးများကိုလည်း အသားစားသုံးရန်အတွက် ပြန်လည်ရောင်းချနိုင်ပါသည်။
  • ငုံးထီးများ၏ ထင်ရှားသည့်သွင်ပြင်လက္ခဏာမှာ နှုတ်သီး အနည်းငယ်ရှည်ထွက်နေပြီး လည်ပင်းမှာ အနီရောင်သန်းကာ ကျောဘက်တွင် အမည်းပြောက်များရှိပါသည်။
  • ငုံးမများသည် ငုံးထီးများထက် အရောင်ပိုဖျော့၍ လည်ပင်းတွင် ဘယက်ကဲ့သို့ အပြောက်များပါသည်။ ငုံးထီးများသည် ငုံးမများထက် မြည်တွန်သံပိုကျယ်ပါသည်။
  • မျိုးငုံးများမွေးမြူမည်ဆိုပါက အထီးအမအချိုး ၁ : ၅ ခန့် ထားရှိသင့်ပါသည်။
  • မျိုးငုံးဥများကို စက်နှင့်သားဖောက်ပါက ၁၈ ရက်အကြာတွင် အကောင်ပေါက်လာနိုင်ပါသည်။

ခြံတည်ဆောက်ပုံ

  • လှောင်အိမ်ကို ဒေသထွက် သစ်၊ ဝါးတို့ဖြင့်လည်းကောက်း၊ သံဆန်ခါကို အသုံးပြု၍လည်းကောင်း တည်ဆောက်နိုင်ပါ သည်။
  • အလျား ၄ ပေ ၊ အနံ ၃ ပေ ၊ အမြင့် ၂ ပေရှိ လှောင်အိမ်တွင် ငုံးကောင်ရေ ၅၀ မွေးမြူနိုင်ပါသည်။
  • ခြံကိုလေဝင်လေထွက်ကောင်းမွန်သောနေရာတွင် ရွေးချယ်ပြီး မွေးမြူရပါသည်။
  • ဥဥနေသော ငုံးမများကို တစ်ရက်လျှင် အလင်းရောင် ၁၆ နာရီရရှိအောင် ဆောင်ရွက်ထားပေးသင့်ပါသည်။

(အပိုင်း-၂ တွင် ငုံးအစာကျွေးမွေးမှုစနစ်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ထုတ်လုပ်မှု၊ အာဟာရဓာတ်များနှင့် အကျိုးကျေးဇူးများ စသည်တို့ကို ဆက်လက်ဖော်ပြပေးသွားပါမည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်