စပါးရွက်များရှိ လက္ခဏာများကိုကြည့်၍ ပိုးမွှားရောဂါပြဿနာများကို စနစ်တကျ နှိုင်းယှဥ်ခွဲခြား ဖြေရှင်းခြင်း (၁)
မိုးစပါးစိုက်တဲ့ရာသီ ရောက်လာတော့မှာကြောင့် ဒီဆောင်းပါးလေးကို ရေးသားလိုက်ပါရစေ။ မြန်မာ ပြည်အတွင်းဖြစ်လေ့ရှိတဲ့ စပါးအရွက်များတွင် ကျလေ့ရှိတဲ့ ရောဂါများ ဖြစ်ပါတယ်။
ယခု လတ်တလောဖြစ်ပေါ်နေတဲ့ စပါးရောဂါအသစ်တွေ၊ အရွက်မှာ ပိုးကျတဲ့လက္ခဏာတွေနဲ့ အရွက်မှာ မကျတဲ့ တစ်ချို့ရောဂါတွေ ဥပမာ-စပါးရွက်ဖုံးခြောက်၊ စပါးပင်စည်ပင်ခြေပုတ်၊ အမြစ်ဖု နီမတုတ် စတာတွေတော့ ပါမှာမဟုတ်ပါဘူး။
ခပ်ဆင်ဆင် ရောထွေးလွယ်သော စပါးရောဂါများ ပြဿနာများကိုလည်း နှိုင်းယဥ်ပြသထားပါတယ်။ စာနှင့် ပုံများကိုတွဲပြီး ဖတ်ရှုလေ့လာပေးပါ။ စာချည်းပဲဆို သိပ်မမြင်သာမှာ စိုးလို့ပါ။ ပုံများကို ထောက်ပြီးတော့လည်း အနည်းငယ် ချဲ့ကြည့်နိုင်ပါတယ်။
(၁) စပါးဘတ်တီးရီးယားရွက်ခြောက်ရောဂါ နှင့် ပိုတက်ဆီယမ်ဓါတ် ချို့တဲ့ခြင်း
Rice Bacterial Leaf Blight Vs Potassium Deficiency

စပါးရွက်ထိပ်တွေဝါတယ် ခြောက်တယ်ဆိုရင် လူတွေတော်တော်များများက ဘတ်တီးရီးယားလို့ဆိုပြီး ကော့ပါးဆေးတွေ အရမ်းပေးကြပါတယ်။ ဒီလိုဆို မလိုလားအပ်တဲ့ ဆေးဖိုးတွေနဲ့ ပတ်ဝန်းကျင်အဆိပ်သင့်တာတွေ ဖြစ်လာနိုင်ပါတယ်။ စပါးခင်းထဲက ငါးတွေ ဖားတွေ ပုစွန်လုံးတွေသေကုန်နိုင်ပြီး ဒါတွေကိုဖမ်းယူ စားတဲ့လူတွေလည်း အန္တရာယ်ရှိပါတယ်။ ဒါကြောင့် သေချာခွဲခြားတတ်ဖို့ဖော်ပြပေးလိုက်ပါတယ်။
အောက်ပါပုံများကိုလေ့လာကြည့်ပါ။

ဘတ်တီးရီးယားရွက်ခြောက်ဟာ အရွက်ရဲ့ထိပ်ဖျားကော ဘေးဘက်ကကော စတင်ပါတယ်။ ကောက်ရိုးရောင် ခြောက်နေတဲ့ နေရာနဲ့ စိမ်းနေတဲ့နေရာကြားမှာ လှိုင်းတွန့်လို့ကောက်ကွေးပါတယ်။ တစ်ပြေးတည်း မဟုတ်ပါ။ တစ်ရွက်လုံးခြောက်ပါတယ်။ အပြည့်အဝခြောက်သူ အဲ့လေ ခြောက်တယ်ပေါ့။ ရောဂါဖြစ်တာမို့လို့ တစ်ပင်ကနေ တစ်ပင်ကူးစက်လာပါမယ်။ မိုးတွင်းဆို အရမ်းဆိုးပါတယ်။ အဝါရောင်အစေ့ သေးသေးလေးတွေ ထွက်ပေါ်တတ်ပါတယ်။

စပါးဘတ်တီးရီးယားရွက်ခြောက် ကာကွယ်နိမ်နှင်းနည်း
ကော့ပါးပါတဲ့ဆေးများဖျန်းပါ။ ပုလဲမြေဆီ အချိုးလျှော့ပါ။ ပိုတက် နဲ့ ဆီလီကာပါ မြေဆီအချိုး များများကျွေးပါ။ ဆီလီကာပါသော မြေဆီ ရှာရမလွယ်ရင် သဲပက်နိုင်ပါတယ်။
ပိုတက်မြေဆီ (ဓါတ်ဆားအနီမြေဆီ) ချို့တဲ့ရင်တော့ ရွက်ထိပ်တွေမှာ အစက်လေးတွေပေါ်ပါတယ်။ ပြီးတော့ ခြောက်တာက ဟိုး အရွက်အောက်ဆုံးထိလိုက်ပြီး မခြောက်ပါဘူး။ ပြောမယ်ဆို ထိပ်ပိုင်းခြောက်ပေါ့။ မခြောက်တခြောက်လေး လိမ္မော်ရောင် အဝါရောင်ရောင်ပြေးတွေ တသားတည်း ပြသပါတယ်။ လှိုင်းတွန့်ပုံ မပြသပါ။ တစ်ခင်းလုံး (သို့ ) တစ်နေရာမှာ စုဖြစ်နေပါမယ်။ တစ်ခါတည်း တစ်ပင်ကနေ တစ်ပင်ကူးတဲ့ ပုံမျိုးမပြသပါဘူး။
ပိုတက်ဆီယမ်ဓါတ် ချို့တဲ့ခြင်းအား ကုသနည်း
မြေချဥ်တာကြောင့်ဖြစ်ပါတယ်။ ပိုတက်ဓါတ်ပါသော ရွက်ဖျန်းမြေဆီကို စပါးရွက်များကိုဖျန်းပါ။ မြေတွင်ထုံးထည့်ပါ။ သဘာဝမြေဆွေး၊ နွားချေး၊ အီးအမ်မြေဆွေး စသော ဩဂဲနစ်မြေဆီတွေ ထည့်ပါ။ နိုက်ထရိုဂျင်ပါသော ပုလဲမြေဆီကို လျှော့ကျွေးပါ။ အသက်သာဆုံးက ဟျူးမစ်အက်ဆစ်ကို မြေအား ဖျန်းခြင်း ဖြစ်ပါတယ်။ အစိမ်းအရမ်းမကြိုက်ပါနဲ့တောင်သူများခင်ဗျ။ စိုက်ခင်းစိမ်းအောင် ခဏခဏ ပုလဲ မပက်ပါနဲ့လို့ တောင်းဆိုပါရစေ။ ပုလဲ နှင့် နိုက်ထရိုဂျင်များတဲ့ မြေဩဇာများဟာ မြေကို အရမ်းချဥ်စေပါတယ်။
(၂) စပါးဘတ်တီးရီးယားရွက်ခြောက်ရောဂါနှင့် စပါးဘတ်တီးရီးယား ရွက်စင်းရောဂါ
Rice Bacterial Leaf Blight vs. Rice Bacterial Leaf streaks

နှစ်ခုလုံးက ဘတ်တီးရီးယားရောဂါ ဖြစ်ပါတယ်။ နိမ်နှင်းနည်းတွေကတော့ အတူတူဖြစ်ပါတယ်။ ရွက်စင်းဟာ အစင်းသေးသေးလေးတွေ အရွက်မှာ ပြသပါတယ်။ ကြောင်ခြစ်ထားသလို ကုတ်ထားသလို ဖြစ်ပါတယ်။ ထိုအစင်းများမှာ လိမ္မော်ရောင် ကြေးနီရောင်ဖြစ်ပါတယ်။ အဲ့ဒီအခြစ်အစင်းတွေက တဖြည်းဖြည်း ပေါင်းလာပြီး အရွက်တွေက ခြောက်လိုက်လာပါတယ်။
ဘတ်တီးရီးယား ရွက်ခြောက်မှာတော့ အပြည့်ခြောက်ပါတယ်။ နှစ်ခုလုံးမှာ အဝါရောင်အစေ့ သေးသေးလေးတွေ မနက်ခင်းအစောများမှာ ပြသတတ်ပါတယ်။
ကျွန်တော် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် တက်တုန်းက တတိယနှစ်မှာ ခဏခဏ မေးလေ့ရှိတဲ့ နှစ်ခုယှဥ်ရတဲ့ ၁၆ မှတ်တန်အပုဒ် ဖြစ်ပါတယ်။
ရေးသားပြုစုသူ - ဖုန်းမာန်တိုး (ရေဆင်းရနံ့)
နောက်ထပ်ပြဿနာ ၅ ခုနဲ့ ခွဲခြမ်းစိတ်ဖြာ ဖြေရှင်းနည်းတွေကို အပိုင်း(၂) မှာ ဆက်လက် ဖော်ပြပေးသွားပါမယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
စပါးပင်တွင်ကျရောက်တတ်သောရောဂါများ
အကြောင်းအရာ 2
စပါးပင်တွင်ကျရောက်တတ်သောဖျက်ပိုးများ
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
mg bone
လွန်ခဲ့သော ၂ နှစ် ကကျေးဇူးပါ
အမည်မသိ
လွန်ခဲ့သော ၂ နှစ် ကကျေးဇူးပါဆရာ
ဦးသိန်းလှိုင်
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးတင်ပါတယ်ဖျာပုံဦးသိန်းလိူင်
Aye Myat Moe
လွန်ခဲ့သော ၃ နှစ် ကစပါးမြစ်ချေရင်းမှာ မှိုဖြူလေးတွေကျပြီ တချို့နေရာတွေဆို သေပါတယ် ဘာဆေးသုံးလို့ ရပါလဲ ဆရာ
အမည်မသိ
လွန်ခဲ့သော ၃ နှစ် ကစပါးအရွက်တွေနီတာဘယ်လိုကာကွယ်ရလဲဗျာ
ဆက်စပ်မေးခွန်းများ
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 1 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
ခုလိုမျိုး ၂ပင်လောက် ဖြစ်နေတယ်ခဗျာ အစားကျွေးထားတာ၅ရက်ရှိပါပြီး အမိုင်နိုဆေးဖြန်းထားပါတယ် အစားကျွေးတာများလို့ခဗျာ ဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 5 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from ဖုန်းမဏ်တိုး
အားလုံး
ငလျင်ဒဏ်သင့်မြေဆီလွှာများကို ပြုပြင်နည်း
30/04/2025
အထွက်နှုန်းမကျဆင်းစေရန် စပါးစိုက်ခင်းတွင် ကြိုတင်ကာကွယ်ရမည့်အချက်များ
25/01/2024
အရွက်ပေါ်မှာ အမွေးနုသေးသေးလေးတွေစုနေတဲ့ စားတော်ပဲ ဒေါင်းနီမှိုရွက်ခြောက်ရောဂါ
16/01/2024
ငမြှောင်တောင် လောက်ကောင်အဆင့်လိုက် သုံးသင့်သည့် ပိုးသတ်ဆေးများ
12/01/2024
ကယ်ဆီယမ်ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ ငရုတ်သီးပုပ်ခြောက်ခြင်း
03/01/2024