ဆန်စပါးဈေးကွက် ဘာကြောင့်တက်...

24/03/2023 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဒီတစ်ပတ်ထဲမှာတော့ ရန်ကုန်၊ ဝါးတန်းဈေးကွက်မှာ ဆန်ကြမ်းဈေးကော၊ ဆန်ချောဈေးတွေပါ ဈေးမြင့်တက်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာလည်း ရန်ကုန်ဈေးကွက်ထဲကို ဆန်အဝင်ပုံမှန်ရှိနေပြီး အရောင်းအဝယ်လည်း ပုံမှန်ရှိနေတယ်လို့ သိရပါတယ်။

နယ်ဈေးကွက်တွေမှာလည်း စပါးလက်ကျန် မရှိတော့သလောက်ဖြစ်နေပြီး လှောင်စပါးအချို့သာ အရောင်းအဝယ်ရှိနေကာ ဈေးကောင်းနေပါတယ်။ သင်္ကြန်ကာလနီး ပွဲတော်ကာလဖြစ်နေတဲ့အတွက် ပြည်တွင်းအဝယ်ကလည်း သွက်နေပြီး သင်္ဘောတင်ဖို့အတွက်လည်း အဝယ်ရှိနေလို့ ဈေးတွေ တက်လာတာဖြစ်တယ်လို့သိရပါတယ်။

ဒီနေ့ ရန်ကုန်၊ ဝါးတန်းဈေးကွက်မှာတော့ ဆန်ချောဖြစ်တဲ့ ဖျာပုံပေါ်ဆန်းမွှေးက တစ်အိတ်ကို ၇၃၀၀၀ ကနေ ၇၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်၊ မြောင်းမြပုသိမ်ပေါ်ဆန်းမွှေးက တစ်အိတ်ကို ၇၃၀၀၀ ကနေ ၇၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်၊ ပေါ်ဆန်းနယ်စုံက တစ်အိတ်ကို ၇၀၀၀၀ ကနေ ၇၂၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းက တစ်အိတ်ကို ၇၆၀၀၀ ကနေ ၈၈၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ် စသဖြင့် ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် အသီးသီးဈေးတွေ မြင့်တက်လာခဲ့ပါတယ်။

 ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထကလည်း တစ်အိတ်ကို ၅၃၅၀၀ ကနေ ၅၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၅၀၀ ကျပ်၊ ရက် ၉၀ ဆန်ကတော့ တစ်အိတ်ကို ၅၇၀၀၀ ကနေ ၅၉၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်၊ သီးထပ်ဆန်ကတော့ တစ်အိတ်ကို ၅၃၅၀၀ ကနေ ၅၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်၊ ငစိန်ဆန်က တစ်အိတ်ကို ၅၃၀၀၀ ကနေ ၅၄၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄၀၀၀ ကျပ်၊ ရက် ၉၀ ဆန်က တစ်အိတ်ကို ၅၇၀၀၀ ကနေ ၅၉၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ် အသီးသီးဈေးတွေမြင့်တက်လာပါတယ်။

ဧရာဝတီတိုင်း ဆန်စပါးဈေးကွက်မှာတော့စပါးဈေးတွေ ဆန်ဈေးတွေက အမြင့်ဈေးနဲ့ဈေးငြိမ်နေပါ တယ်။

#(လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများနှင့် သုံးသပ်ချက်ကို အခြေခံဖော်ပြခြင်း ဖြစ်ပါသည်။)

#(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်