မုန်တိုင်းမရှိတော့သော်လည်း ကြွင်းကျန်တိမ်တိုက်များကြောင့် ဒေသအချို့ မိုးများနိုင်သေး

25/10/2022 15:12 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဆိုင်ကလုန်းမုန်တိုင်း SITRANG ဟာ အားပျော့သွားပြီး လက်ရှိမှာ အိန္ဒိယနိုင်ငံအရှေ့ခြမ်းဘက်ကို ဝင်သွားပြီ ဖြစ်ပေမဲ့ သူ့ရဲ့ အကြွင်းအကျန်တိမ်တိုက်တွေ ဆက်လက်ရွေ့လျားမှုကြောင့် အောက်တိုဘာလ ၂၅ ရက်-၂၆ ရက်နေ့တွေမှာ မြန်မာနိုင်ငံအနောက်ခြမ်းနဲ့ ကချင်ပြည်နယ်တို့မှာ မိုးဆက်လက်ရွာနိုင်ပြီး ကချင်ပြည်နယ်မှာတော့ နေရာကွက်ပြီးမိုးများနိုင်သေးတယ်လို့ နိုင်ငံတကာမိုးလေဝသ ထုတ်ပြန်ချက်တွေကို ကိုးကားခန့်မှန်းပေးနေသူ ဦးဝင်းနိုင်က ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ မုန်တိုင်းရဲ့နောက်ဆုံးအခြေအနေ၊ သူ့ရဲ့အရှိန်ကြောင့် မိုးများနိုင်သေးတဲ့ဒေသတွေ၊ မိုးမများပေမယ့် မိုးအနည်းငယ်တော့ ရွာနိုင်သေးတဲ့ဒေသတွေ၊ လေတွေကော တိုက်ဖို့ရှိသေးလား ဆိုတာတွေ အပေါ် ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာတွေကို ဖော်ပြပေးလိုက်ပါတယ်။

#Sitrang မုန်တိုင်းရဲ့ အခုနောက်ဆုံးအခြေအနေ ဘာဖြစ်သွားပြီလဲ..

“ သူက အခု ဘင်္ဂလားဒေ့ရှ်ကိုကျော်ပြီး အိန္ဒိယအရှေ့ဘက်ခြမ်း အာသံ၊ မဏိပူရဘက်ကိုရောက်သွားပြီ။ လက်ရှိက ၁၆ မိုင်နှုန်းလောက်ပဲရှိတော့တယ်။ မနက်ဖြန် မနက်ပိုင်းလောက်ကျရင်တော့ တစ်နာရီ ၁၄ မိုင်နှုန်းလောက်ကိုရောက်ပြီး အားပျော့ပျက်ပြယ်သွားတော့မယ်”

#လာမယ့် ၂၄ နာရီအတွင်း မိုးများနိုင်၊ မိုးရွာသေးနိုင်တဲ့ ဒေသများ

" အများဆုံးဖြစ်မှာက ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်မြောက်ပိုင်းပေါ့။ ဟုမ္မလင်းကနေ ကချင်ပြည်နယ်ထဲက ခန္တီး အထိ သွားလိမ့်မယ်။ အဲ့ဒီကြားပေါ့ဗျာ။ ဘာလို့လဲဆိုတော့ မုန်တိုင်းရွေ့သွားတဲ့လမ်းကြောင်းနဲ့နီးသွားလို့။ အာသံ၊ မဏိပူရဘက်နဲ့သွားနီးတဲ့အတွက် ဟုမ္မလင်း၊ မိုးညှင်း၊ တနိုင်း၊ ခန္တီး အဲ့ဒီလေးခုကြား ဧရိယာတွေမှာ မိုးများမယ်။ ၂၄ နာရီအတွင်းမှာကို ၄ လက်မခွဲလောက်ထိရွာနိုင်တယ်။ ဆိုတော့ တော်တော်များတာပေါ့"

"နောက်များမယ့်ဒေသဆို ကချင်ပြည်နယ်အထက်ပိုင်းက နောင်မွန်းကနေ မြောက်ဖျား မေခ၊ မလိခ စပြီးမြစ်ဖျားခံတဲ့ ဒေသတွေအထိပေါ့။ သူက ခုနပြောတဲ့နေရာတွေလောက်တော့မများဘူး။ ဒါပေမဲ့ ၁ လက်မလောက်ပဲလျော့မယ်။ ၃ လက်မခွဲလောက် ရွာလိမ့်မယ်"

"နောက်ထပ် ဒုတိယအများဆုံးဖြစ်မယ့်နေရာတွေကတော့ တန့်ဆည်နဲ့ မိုးကုတ်ကြား။ အဲ့ဒီနေရာတွေမှာက လာမယ့် ၂၄ နာရီအတွင်း ၂ လက်မလောက်ထိ ရွာနိုင်တယ်။ နောက်ပြီးတော့မှ ချင်းပြည်နယ်တောင်ပိုင်း မတူပီ၊ နောက် ရခိုင် ပြည်နယ်တောင်ပိုင်း တောင်ကုတ်၊ ငပလီ၊ ကျောက်ဖြူ၊ စစ်တွေ ပတ်ဝန်းကျင်တွေမှာတော့ နောက်လာမယ့် ၂၄ နာရီ အတွင်း ၂ လက်မကျော် ရွာနိုင်မယ်"

"နောက်မိုးအသင့်အတင့် ရွာနိုင်တဲ့ဒေသကတော့ ကရင်ပြည်နယ်။ သူကတော့ သိပ်မများဘူး။ ၁ လက်မခွဲလောက်ပဲ။ ကျန်တဲ့ဒေသတွေမှာတော့ ဥပမာ ပဲခူးတိုင်းတို့၊ ရန်ကုန်တိုင်းတို့၊ ဧရာဝတီတိုင်း အနောက်ခြမ်းတို့ မှာတော့ ၁ လက်မ အောက်ပဲရွာတော့မယ်။ နည်းနည်းပါးပါးလောက်ပဲဖြစ်မှာပေါ့"

#မိုးချည်းပဲလား၊ လေတွေကာ တိုက်နိုင်သေးလား?

"လေတွေကတော့ မရှိတော့ဘူး။ တိမ်တွေက အနောက်ဘက်ကနေ အရှေ့မြောက်ဘက်ကို အကွင်းလိုက်၊ အတန်းလိုက် ကြီးတွေ ရွေ့သွားပြီ။ အဲ့တော့ လေတော့ မပါနိုင်တော့ဘူး"

"မနက်ဖြန်(အောက်တိုဘာ ၂၆) ပြီးသွားပြီးရင်တော့ လျော့သွားပြီ။ မိုးမရွာနိုင်တော့ဘူး။ ဒါပေမဲ့ GTHO (Global Tropics Hazards Outlook) ရဲ့ ရက်ဝေးခန့်မှန်းချက်အရဆိုရင်တော့ နောက် ၅ ရက်နဲ့ ၁၀ ရက်ကျရင် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ တောင်ဘက်ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနေရာတွေမှာ မိုးပြန်ရွာနိုင်ချေ က ရှိနေသေးတယ် ပြောထားတယ်။ နိုဝင်ဘာ ၈ ရက်အထိ ဖြစ်နိုင်တယ်။ ဒါကတော့ စောင့်ကြည့်ရဦးမှာပေါ့"

#(ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)

Photos Crd_ U Win Naing

#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်