အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မှိုဖြူ ပင်ခြေပုတ်ရောဂါ (Southern Blight)

မှိုဖြူ ပင်ခြေပုတ်ရောဂါ (Southern Blight)

    မှိုဖြူ ပင်ခြေပုတ်ရောဂါသည် ပဲ၊ သခွားမွှေးသီး၊ ခါကြက်ဥ၊ အာလူး၊ ငရုတ်ပွ၊ ခရမ်းချဉ်၊ ခရမ်း၊ ကန်စွန်းဥ၊ ဖရဲသီး၊ သခွား၊ ကြက်သွန်ဖြူ၊ မုန်လာဥ စတဲ့ ဟင်းသီးဟင်းရွက်ပင်တွေမှာ ဖြစ်ပွားမှုများပါသည်။ Sclerotium rolfsii လို့ခေါ်တဲ့ မြေဆောင်မှိုရောဂါတစ်မျိုး ဖြစ်ပါသည်။ 

ရောဂါလက္ခဏာများ 

     ဤရောဂါသည် အပင်ကို ချက်ချင်းညှိုး၍ သေစေနိုင်သော ရောဂါတစ်ခုဖြစ်သည်။ အပင်တွင် တိခိုက်လာပါက မညှိုးနွမ်းခင် အဝါဖျော့ရောင်သို့ ပြောင်းသွားသည်။ စိုထိန်းစများသော အခြေအနေတွင် ပါးလွှာပြီးအဖြူရောင် ပန်ကာပုံစံ မှိုများသည် ပင်စည်၏ တစ်ရှူးများနှင့် မြေနှင့်ဆက်နေသော ပင်စည်အပိုင်းများတွင် များစွာကျရောက်သည်။ ပင်ခြေအနီးနားရှိ မြေကြီးပေါ်တွင်လည်း အဖြူရောင်မှိုမျှင်များကို တွေ့ရတတ်ပါသည်။ ခြောက်သွေ့သောအခြေအနေတွင်လည်း အဖြူရောင်မှိုမျှင်များသည် ပင်စည်တစ်လျှောက်တွင် ထင်ရှားစွာတွေ့ရနေမည်။ မှိုမျှင်များဖြစ်ပြီးမကြာမီတွင် မှိုမျှင်လုံး (sclerotia) များ ဖြစ်ပေါ်လာသည်။ မှိုမျှင်လုံးများသည် အစပိုင်းတွင် အဖြူရောင် မှ အညိုရောင်၊ လိမ္မော်ရောင်၊ နီညိုရောင်သို့ ပြောင်းသွားသည်။ ဖရုံသီး၊ သခွားမွှေးသီးကဲ့သို့ မြေနဲ့ထိပြီးပေါက်တတ်သောအသီးများသည် ပုပ်သွားတတ်ပြီး အမြစ်စားသီးနှံဖြစ်သည့် ကန်စွန်းဥတွင်လည်း မြေကြီးထဲနှစ်မြှုပ်နေသောအစိတ်အပိုင်းများတွင် အမဲရောင်အစက်အပြောက်များ တွေ့ရတတ်သည်။ 

ရောဂါသံသရာလည်ပုံ 

     မှိုများသည် အပင်အကြွင်းအကျန်များနှင့် မြေကြီးပေါ်တွင် ပျံ့နှံ့သည်။ မှိုလုံးများသည် မြေကြီးပေါ်တွင် နှစ်အတော်ကြာ အသက်ရှင်နိုင်သည်။ ယေဘုယျအားဖြင့် ခြောက်သွေ့သောအချိန်တွင် မိုးရွာခြင်း၊ ရေသွင်းခြင်းတို့သည် မှိုများ ပေါက်ဖွားမှုကို လှုံ့ဆော်ပေးပြီး ရောဂါကူးစက်မှုကို ဖြစ်စေပါသည်။ ပူ၍ စိုစွတ်သောရာသီဥတုတွင် ပျံ့နှံ့မှုအားကောင်းပြီး မဆွေးမြေ့သေးသော အပင်အကြွင်းအကျန်များပေါ်တွင် ပို၍ ကူးစက်သည်။ အက်စစ်ဆန်သောမြေ pH 3-5 တွင် ကြီးထွားရန် အကောင်းဆုံးဖြစ်သည်။ pH 7 အထက်ဆိုရင် မှိုမျိုးပွားမှုကို ဟန့်တားနိုင်သည်။ မှိုရောဂါသည် မြေကြီး၏ ၂ လက်မမှ ၃ လက်မအမြင့်လောက်ထိ ရှင်သန်နိုင်ပြီး ဒီထက်နက်ရှိုင်းသောအနက်တွင် ရှင်သန်နိုင်စွမ်းမရှိပါ။ မှိုဖြူပင်ခြေပုတ်ရောဂါသည် လေမှတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါ မဟုတ်ပါ။ အဓိကအားဖြင့် အပင်တစ်ရှူးများနှင့် ရောဂါကျရောက်နေသော မြေကြီး၊ လယ်ယာသုံးပစ္စည်းများ၊ သွင်းရေများ၊ အပင်အကြွင်းအကျန်များ၊ မျိုးများ မှတစ်ဆင့် တစ်ခင်းနှင့်တစ်ခင်း ရောဂါကူးစက်ခြင်းတို့ဖြစ်သည်။  

ကာကွယ်ကုသနည်းများ 

     - အပင်အကြွင်းအကျန်များ ရောဂါကျရောက်နေသော အစိတ်အပိုင်းများနှင့် ပင်ခြေတစ်ဝိုက်က မြေကြီးအနည်းငယ်တို့ကို ဖယ်ရှားပေးပါ။ 

     - ယခင်တစ်နှစ်က မှိုရောဂါကျရောက်ဖူးခဲ့သော ခံနိုင်ရည်မဲ့သည့် မျိုးများကို မစိုက်ပျိုးရန်။ 

     - ပေါင်းပင်များကို နှိမ်နင်း ကာကွယ်ပါ။ 

      - သီးနှံမစိုက်ပျိုးခင် ယခင်စိုက်ပျိုးထားသည့် အပင်အကြွင်းအကျန်များသည် ကောင်းစွာပြိုကွဲပျက်စီးနေရန် ထယ်နက်နက်ထိုးပြီး မြေကို ကောင်းစွာပြုပြင်ပေးရန် လို့ပါမည်။ 

      - မြေပေါ်မှာကျရောက်နေသော /ရောဂါကျရောက်နေသော အရွက်များမှ ရောဂါများကူးစက်နိုင်သည့်အတွက် အရွက်များကို ရှင်းလင်းပေးပါ။ 

     - ရေနုတ်မြောင်းများ မြှင့်တင်၍ စိုက်ဘောင်အမြင့်များပြုလုပ်ပြီး စိုက်ပျိုးပါ။ 

     - ထရိုက်ဂိုဒါးမားမှို ကိုလည်း မြေပြင်သည့်အချိန်တွင် ထည့်ပေးခြင်းဖြင့် မှိုရောဂါကို ကာကွယ်ရာရောက်ပါတယ်။ 

     - ဓာတုဆေးအနေနဲ့ မှိုသတ်ဆေးများကို အသုံးပြုနိုင်ပါသည်။ မှိုသတ်ဆေးများသည် ရောဂါကို လျော့ကျစေနိုင်ပြီး အရှင်းတော့ မပျောက်ကင်းနိုင်ပါ။ 

       ယခင်စိုက်ပျိုးထားသော သီးနှံတွင် မှိုရောဂါကျရောက်ထားသည့်အနေအထားမျိုးရှိပါက မြေပြင်ချိန်မှစပြီး ကြိုတင်ကာကွယ်မှုပြုလုပ်နိုင်လျှင် အကောင်းဆုံးဖြစ်ပါသည်။ 

ကျော့နန္ဒာစိုး 

Ref; https://ag.tennessee.edu/EPP/Extension%20Publications/Southern%20Blight%20of%20Vegetables.pdf

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

Lwin Moe Oo

Lwin Moe Oo

လွန်ခဲ့သော ၄ နှစ် က

ဓာတုဆေးအမည်များသိချင်ပါတယ်ခဗျ

You

ဆက်စပ်မေးခွန်းများ

ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ

U Maung • ဖြေကြားချက် 1 ခု

ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ

Ko Myo Tint • ဖြေကြားချက် 2 ခု

ခုလိုမျိုး ၂ပင်လောက် ဖြစ်နေတယ်ခဗျာ အစားကျွေးထားတာ၅ရက်ရှိပါပြီး အမိုင်နိုဆေးဖြန်းထားပါတယ် အစားကျွေးတာများလို့ခဗျာ ဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 5 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။