“ကန်စွန်းဥရဲ့ ကျန်းမာရေး ကောင်းကျိုးများ”

10/02/2022 17:30 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ကန်စွန်းဥစားပေးခြင်းဟာ ကျန်းမာရေးအတွက် အများကြီးအထောက်အကူပြုတယ်ဆိုတာတော့ အတော် များများ သိပြီးဖြစ်မှာပါ..။ ဒါပေမဲ့ အသေးစိတ်မသိသေးတဲ့သူတွေရှိနိုင်တာမို့ ဖော်ပြပေးလိုက်ပါတယ်..။

ကန်စွန်းဥကို ပြုတ်စား၊ မီးဖုတ်စား၊ ကြော်စား၊ ပေါင်းစား၊ ယိုထိုးစားခြင်းအပြင် မုန့်မျိုးစုံ ပြုလုပ်ရာမှာလည်း ပါဝင်ပစ္စည်းအဖြစ် အသုံးပြုကြပါတယ်။

ခရမ်းရင့်ရောင်၊ ကြက်ဥနှစ်ရောင်နဲ့ အဝါရောင်တို့ကို အများအားဖြင့် တွေ့ရလေ့ရှိပြီး ပန်းရောင်၊ အနီရောင်နဲ့ အဖြူရောင်တွေလည်း ရှိကြပါတယ်။

စျေးချို၊ အလွယ်တကူဝယ်လို့ရပြီး အရသာချိုချိုဆိမ့်ဆိမ့်စေးစေးလေးရှိတဲ့ ကန်စွန်းဥမှာ ဘယ်လို ကျန်းမာရေး ကောင်းကျိုးတွေရှိလဲဆိုတော့..

အမြင်အာရုံကို ကောင်းမွန်စေခြင်း

       ဗီတာမင်အေ ချို့တဲ့တဲ့အခါမှာ ညဘက်မျက်လုံးကွယ်ခြင်း၊ လုံးဝမျက်လုံးကွယ်ခြင်းနဲ့ မြင်လွှာပုံသဏ္ဍာန် မမှန်ခြင်းတို့ကို ဖြစ်ပွားစေပါတယ်။ ဗီတာမင်စီချို့တဲ့ခြင်းနဲ့ အတွင်းတိမ်တွေ ဖြစ်ပေါ်ခြင်းတို့ဟာလည်း ဆက်စပ်နေပါတယ်။ ကန်စွန်းဥမှာ ဗီတာမင်အေ၊ စီ နဲ့ အီးတို့အများစုပါဝင်နေတာကြောင့် ဒါတွေအားလုံးဟာ အမြင် အာရုံကောင်းမွန်မှုကို မြှင့်တင်ရာမှာ မရှိမဖြစ် လိုအပ်လှပါတယ်။

ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ခြင်း

       ခရမ်းရောင်ကန်စွန်းဥမျိုးကွဲဟာ အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာနဲ့ ရင်သားကင်ဆာတို့အပါအဝင် ကင် ဆာဆဲလ်များရဲ့ ကြီးထွားမှုကိုဟန့်တားနိုင်တဲ့ ဓာတ်တွေပါဝင်ပါတယ်။ကန်စွန်းဥမှာ Beta-Carotene ကဲ့သို့သော ကယ်ရိုတီးနွိုက်ပါဝင်မှုဟာ အမျိုးသားတွေရဲ့ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချနိုင်ဖို့အတွက် သိသိသာသာ အကျိုးရှိစေပါတ ယ်။

နှလုံးသွေးကြောဆိုင်ရာရောဂါများ ဖြစ်နိုင်ခြေကို လျှော့ချပေးခြင်း

        သိပ္ပံဆိုင်ရာလေ့လာတွေ့ရှိချက်များအရ ခရမ်းရောင် ကန်စွန်းဥအသားဟာ အန်သိုဆိုင်ယာနင် မြင့်မားတဲ့ အတွက် ဟင်းသီးဟင်းရွက်တွေရဲ့စွမ်းရည်ကို အထောက်အကူပြုပါ တယ်။ ဒါ့အပြင် ကန်စွန်းဥမှာ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တွေ ပါဝင်တဲ့အတွက် နှလုံးသွေးကြောဆိုင်ရာရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။

ဆီးချိုရောဂါကို ထိန်းညှိပေးခြင်း

   ကန်စွန်းဥဟာ အင်ဆူလင်ခံနိုင်ရည်နဲ့ သွေးတွင်းသကြားဓာတ်လျော့နည်းစေပြီး ဆီးချိုရောဂါရှိသူတွေမှာ သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးနိုင်ကြောင်းလေ့လာမှုများစွာကတွေ့ရှိခဲ့ကြပါတယ်။ ကန်စွန်းဥမှာပါဝင်တဲ့ အမျှင်ဓာတ်ကိုဆီးချိုရောဂါစီမံခန့်ခွဲရာမှာ အကျိုးပြုတယ်လို့ ဆိုထားကြပါတယ်။

သွေးဖိအားကို ထိန်းညှိပေးခြင်း

     ကန်စွန်းဥမှ မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ်ဓာတ် ပါဝင်တဲ့အတွက် သွေးဖိအားထိန်းညှိရာမှာ ကူညီပေးပါတယ်။ သွေးတိုးရောဂါကို တိုက်ဖျက်ရာမှာလည်း မရှိမဖြစ်လိုအပ်လှပါတယ်။

စိတ်ဖိစီးမှုကို သက်သာစေခြင်း

     မဂ္ဂနီဆီယမ်ဓာတ်ချို့တဲ့ခြင်းဟာ အမျိုးသမီးတွေမှာ ဓမ္မတာမလာမီခံစားရတဲ့ စိတ်ကျရောဂါကို တိုးမြှင့်ပေး ပါတယ်။ ကန်စွန်းဥဟာ ခန္ဓာကိုယ်ရဲ့ မဂ္ဂနီဆီယမ်ဓာတ်ကို ဖြည့်တင်း ပေးနိုင်ပြီး  လူတစ်ဦးတစ်ယောက်ချင်းစီ မှာ ရှိတဲ့ စိတ်ဓာတ် ကျဆင်းခြင်းနဲ့ စိုးရိမ်ပူပန်မှုဆိုင်ရာ အပြုအမူတွေကို သက်သာစေပါတယ်။

အစာခြေဖျက်ရန် ကောင်းမွန်စေခြင်း

     ကန်စွန်းဥမှာ အစာခြေစနစ်ကိုကောင်းမွန်စေတဲ့ အမျှင်တွေ ပါဝင်ပါတယ်။ အဲ့ဒီအမျှင်ဓာတ်ပါဝင်မှု မြင့်မား ခြင်းဟာ ကလေးရောလူကြီးမှာပါ ဖြစ်ပွားတတ်တဲ့ ဝမ်းချုပ်ခြင်းကို အကာအကွယ်ပေးပါတယ်။

ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးခြင်း

      ကန်စွန်းဥမှာပါဝင်တဲ့ အမျှင်ဓာတ်က တစ်ဦးတစ်ယောက်ချင်းစီရဲ့ကိုယ်အလေးချိန်ကို လျှော့ချပေးပါတယ်။ ကန်စွန်းဥကို တစ်နေ့တစ်လုံးစားပြီး သရေစာလျှော့လေလေ သင့်ရဲ့ကိုယ်အလေးချိန်ကို ထိထိရောက်ရောက် ထိန်းညှိပေးလေပါပဲ..။

မျိုးပွားမှုကို မြှင့်တင်ပေးခြင်း

     ကန်စွန်းဥမှာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့သံဓာတ်တွေ ပါဝင်ပြီး ကလေးမွေးစအရွယ်အမျိုးသမီးတွေရဲ့ မျိုးပွား မှုကို မြှင့်တင်ရာမှာ အရေးပါတဲ့ သတ္တုဓာတ်တစ်မျိုးလည်း ဖြစ်ပါတယ်။ 

ဗီတာမင်အေ ချို့တဲ့မှုကို ကာကွယ်ပေးခြင်း

    ဗီတာမင်အေချို့တဲ့မှုဟာ ကူးစက်ရောဂါခုခံနိုင်မှု ကျဆင်းလာခြင်း၊ ကူးစက်ရောဂါတိုးလာခြင်း၊ မျက်လုံး ခြောက်ခြင်းတို့ ကို ဖြစ်ပွားစေပါတယ်။ ကန်စွန်းဥဟာ ဗီတာမင်အေချို့တဲ့မှု ကြောင့်ဖြစ်သော ခန္ဓာကိုယ်ထဲက ရောဂါပိုးတွေကို တိုက်ဖျက်ပေးပြီး နောက်ထပ်ရောဂါပိုးတွေ မရှိနိုင်အောင်လည်း ကာကွယ်ပေးပါတယ်။

မှတ်ဉာဏ်ကောင်းစေခြင်း

     ခရမ်းရောင်ကန်စွန်းဥမှာပါဝင်တဲ့ အန်သိုဆိုင်ယာနင်ဟာ မှတ်ဉာဏ်ကောင်းစေတဲ့ ဂုဏ်သတ္တိတွေ ပါဝင်ပါတယ်။ ဒါကြောင့်မို့လို ကန်စွန်းဥကိုပုံမှန်စားသုံးခြင်းက မှတ်ဉာဏ်စွမ်းအားကို တိုးပွားစေပါတယ်။

ရောင်ရမ်းမှုကို လျော့နည်းစေခြင်း

      ကန်စွန်းဥမှာ ဗီတာမင်စီ အများအပြားပါဝင်ပြီး ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ဂုဏ်သတ္တိတွေ ပါဝင်ပါတယ်။ ဒါ့အပြင် ကိုလင်း(choline)ဓာတ်လည်း ပါဝင်မှုမြင့်မားပါတယ်..။  choline ဓာတ်ရဲ့အကျိုးကျေးဇူးတွေထဲက တစ်ခုကတော့ ရောင်ရမ်းမှုကို လျော့နည်းစေတာပါပဲ..။

ဆံပင်နှင့်အသားအရေကို ကောင်းမွန်စေခြင်း

    ကန်စွန်းဥမှာ ဗီတာမင်အေ၊ စီ၊ အီးတို့ မြင့်မားစွာပါဝင်တာကြောင့် အရေပြားနဲ့ ဆံပင်ကျန်းမာရေးကို မြှင့်တင်တဲ့နေရာမှာ အသုံးဝင်ပါတယ်။ဗီတာမင်အီးဟာ ဆံသားကျန်းမာရေးကို ထိန်းသိမ်းပေးတဲ့နေရာမှာ အထူးအသုံးဝင်ပါတယ်။

      ဒါဆိုရင် ကန်စွန်းဥရဲ့ ကျန်မာရေးကောင်းကျိုးအဖြာဖြာ ကိုသိကြပြီမို့ “အစာလည်းဆေး၊ဆေးလည်းအစာ” ဆိုသလိုစျေးချိုချိုနဲ့ အလွယ်တကူဝယ်လို့ရတဲ့ ကန်စွန်းဥကိုစားကြဖို့ မမေ့ကြနဲ့နော်။

ရေးသားသူ-ပင်လယ်ပြာ(ငါးဦးစီး)

Ref: Health Benefits of Sweet Potatoes. 

 ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်