ပင်လုံးပြန့် သဘာဝပိုးသတ်ဆေးရည်ပြုလုပ်နည်း

19/06/2023 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

သီးနှံဖျက်ပိုးများကိုနှိမ်နှင်းရန်အတွက် အဆိပ်ရှိပစ္စည်းများနှင့်ဖန်တီးပြုလုပ်ထားသော ဓာတုပိုးသတ်ဆေးများသုံးစွဲနေမှုကို လျှော့ချနိုင်ရန် သဘာဝမှရရှိသောအရင်းအမြစ်များ (သို့) မိမိပတ်ဝန်းကျင်တွင်အလွယ် တကူရရှိနိုင်သောကုန်ကြမ်းများကို အသုံးချပြုလုပ်သုံးစွဲသည့်ပိုးသတ်ဆေး(သို့)ပိုးနှင်ဆေးများကို သဘာဝပိုးသတ်ဆေး”(Natural Pesticide”) ဟု ခေါ်သည်။

ယခုအခါ ဓာတုပိုးသတ်ဆေးများကို ကြိမ်ဖန်များစွာနှင့် ရေရှည်သုံးစွဲခြင်းကြောင့် အစားအစာများအပင်နှင့်မြေဆီလွှာတို့တွင်ဓာတ်ကြွင်းများကျန်ရှိနေခြင်းနှင့် အကျိုးပြုအဏုဇီဝပိုးမွှားများ သေကြေပျက်စီးပြီး နည်းပါးလာမှုကို ကြုံတွေ့နေရသောကြောင့် သဘာဝပိုးသတ်ဆေး(သို့)ပိုးနှင်ဆေးများကိုပြုလုပ်သုံးစွဲရန်လိုအပ်လာပါသည်။

မိမိတို့ကိုယ်တိုင်အလွယ်တကူပြုလုပ်သုံးစွဲနိုင်သော သဘာဝပိုးသတ်ဆေး(သို့) ပိုးနှင်ဆေးများ အများအပြား ရှိသည့်အနက် ပင်လုံးပြန့်သဘာဝပိုးသတ်ဆေးရည် ပြုလုပ်နည်းအကြောင်းကို ဖော်ပြပေးလိုက်ပါသည်။

 

ပင်လုံးပြန့် သဘာဝပိုးသတ်ဆေးရည်

ကြက်သွန်ဖြူ၊ ဂျင်း ၊ ငရုတ်သီးတို့ကို အသုံးပြုထားသောပိုးသတ်ဆေးရည်သည် ပင်လုံးပြန့်အာနိသင်ရှိသောသဘာဝပိုးသတ်ဆေးရည်တစ်မျိုးဖြစ်ပါသည်။

အဆိပ်ရှိပစ္စည်းပါဝင်ခြင်းမရှိသော်လည်း သီးနှံပင်ဖျက်ပိုးများကိုကာကွယ်နှိမ်နင်းနိုင်သော သဘာဝပိုးသတ်ဆေးဖြစ်ပါသည်။

လိုအပ်သောပစ္စည်းများ

  • ၁။ ကြက်သွန်ဖြူ - (၃) ကျပ်သား
  • ၂။ ဂျင်း - (၁.၅) ကျပ်သား
  • ၃။ ငရုတ်သီး - (၁.၅) ကျပ်သား
  • ၄။ ရေနံဆီ - (၁.၂) ကျပ်သား
  • ၅။ ရွှေဝါဆပ်ပြာ - အနည်းငယ် 
  • ၆။ ရေ - (၃) လီတာ

ပြုလုပ်ပုံပြုလုပ်နည်း

  • ပထမဦးစွာ ကြက်သွန်ဖြူကိုထောင်းပြီး ရေနံဆီထည့်ထားသော ရေသန့်ဘူးထဲသို့ ထည့်စိမ်ရပါမည်။
  • ၎င်းရေဘူးထဲသို့ ရေ(၁)လီတာ(ရေဘူးပခုံးတိုက်ထိ) ရောစပ်၍ တစ်ညသိပ်ထားရပါမည်။
  • ဂျင်းနှင့်ငရုတ်သီးကိုထောင်းပြီး ရေ(၁)လီတာနှင့်ရောစပ်၍ တစ်ညသိပ်ထားရပါမည်။
  • ကျန်ရှိသော ရေတစ်ဘူးတွင် ရွှေဝါဆပ်ပြာကို ရေ(၁)လီတာနှင့် ရောစပ်ထည့်ထားရပါမည်။
  • နောက်ရက်တွင် ရရှိလာသော (ရေနံဆီနှင့် ကြက်သွန်ဖြူဂျင်းနှင့် ငရုတ်သီးဘူး၊ ရွှေဝါဆပ်ပြာဘူး) ဘူး(၃) ဘူးကိုရောစပ်၍ ရေစစ်နှင့်စစ်ပြီး ပက်ဖျန်းအသုံးပြုနိုင်ပါသည်။ (မှတ်ချက် - ရေနံဆီမှာ ပင်လုံးပြန့်အာနိသင်ရရှိရန်၊ ရွှေဝါဆပ်ပြာမှာရေနှင့်ရေနံဆီရောစပ်သွားစေရန်) 

အသုံးပြုပုံ/အသုံးပြုနည်း

ဆေးရည်တစ်ဇွန်းကို ရေ(၁)ဂါလံ - (၁၅၀၀)နှုန်းနှင့် ရောစပ်အသုံးပြုသင့်ပါသည်။ မနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် ပက်ဖျန်းသင့်ပါသည်။ 

အကျိုးကျေးဇူးများ

အဆိပ်ရှိစေသော ဓာတုပစ္စည်းများ ပါဝင်ခြင်းမရှိသည့်အတွက် လူနှင့်ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိနိုင်ပါ။ မိမိအိမ်တွင်ရှိနေသော ကုန်ကြမ်းပစ္စည်းများအသုံးပြုရသဖြင့် အချိန်ကုန်ငွေကုန်သက်သာနိုင်ပါသည်။ ပင်လုံးပြန့်အာနိသင်ရှိသော သဘာဝပိုးသတ်ဆေးဖြစ်သောကြောင့် သီးနှံပင်တွင်ကျရောက်သောပိုးမွှားများကို ထိရောက်စွာနှိမ်နှင်းနိုင်မည်ဖြစ်ပါသည်။

Crd - DOA

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်