ထိုင်းဆန်ဈေးများ လေးလတာအတွင်း အမြင့်ဆုံးရောက်ရှိလာ

15/05/2023 17:00 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

ဆန်တင်ပို့မှုအဓိကတစ်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ ယခုအပတ် ဆန်ပေါက်ဈေးတွေဟာ လေးလအတွင်း အမြင့်ဆုံးရောက်ရှိခဲ့ပြီး ဗီယက်နမ်ဆန်ဈေးတွေလည်း တစ်နှစ်ကျော်အတွင်း အမြင့်ဆုံးနှုန်းမှာ ဆက်လက်ရပ်တည်ခဲ့ပါတယ်။ ဒါဟာ အိမ်နီးချင်းနိုင်ငံတွေက ဆန်မှာယူမှုမြင့်တက်လာတာကြောင့် ဖြစ်ပါတယ်။

ယခုနှစ်မှာ ဆန်ဈေးတွေ ကောင်းနေတာကြောင့် အာရှတောင်သူတွေ စပါးဧက ချဲ့ထွင်စိုက်ပျိုးခဲ့ကြတဲ့အတွက် အာရှဆန်အထွက် မြင့်တက်လာနိုင်ပြီး ဆန်‌ရောင်းအား စိုးရိမ်ချက်တွေ ပြေလျော့လာဖွယ်ရှိပါတယ်။ ယမန်နှစ် ၂၀၂၂ တုန်းကတော့ ဆန်ထုတ်လုပ်မှုတွေ ခုနစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကျဆင်းခဲ့တာပါ။

ကမ္ဘာ့ဆန်တင်ပို့မှု တတိယအများဆုံး ဗီယက်နမ်ဟာ ၂၀၂၃ ပထမလေးလလအတွင်း ဆန်တင်ပို့မှု နှစ်အလိုက် ၂၃ ဒသမ ၄ ရာခိုင်နှုန်း မြှင့်တင်နိုင်ခဲ့ကာ တန်ချိန် ၁ ဒသမ ၈၅ သန်း တင်ပို့ခဲ့ကြောင်း ဗီယက်နမ်အစိုးရအကောက်ခွန်ဌာနစာရင်းတွေအရ သိရပါတယ်။ ဧပြီလဆန်တင်ပို့မှုဟာ မတ်လထက် ၈၀ ရာခိုင်နှုန်း ပိုများခဲ့ပြီး ၉၆၁၆၀၈ တန် ရှိခဲ့ပါတယ်။

“ ပို့ကုန်သမားတွေဟာ ပြည်ပစာချုပ်တွေကို ဖြည့်ဆည်းရောင်းချနိုင်ရေး ဆန်အတင်းဝယ်ယူနေတာကြောင့် အရောင်းအဝယ် သွက်နေပါတယ်” လို့ ဟိုချီမင်းစီးတီးမြို့အခြေစိုက် ဆန်ကုန်သည်တစ်ယောက်က ပြောပါတယ်။

ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh ကလည်း ဒေသတွင်းအစည်းအဝေးတစ်ခုမှာ ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr နဲ့ တွေ့ဆုံစဉ် ဗီယက်နမ်ဟာ ဖိလစ်ပိုင်ထံ ဆန်ကို သင့်တင့်တဲ့ဈေးနှုန်းနဲ့ ကာလရှည် ရောင်းချသွားလိုကြောင်း ကမ်းလှမ်းခဲ့ပါတယ်။ လက်ရှိမှာ ဖိလစ်ပိုင်ဟာ ဗီယက်နမ်ဆန်အများဆုံးဝယ်ယူနေတဲ့ ဝယ်လက်အဖြစ် ရပ်တည်နေပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဖြစ်ပေါ်တဲ့ ဗီယက်နမ်ငါးမှတ်ဆန်ဈေးဟာ ယခင်အပတ်ကအတိုင်း မပြောင်းလဲဘဲ တစ်တန်ကို ၄၈၅-၄၉၅ ဒေါ်လာကြား ရပ်တည်ခဲ့ပါတယ်။ ဒါဟာ ၂၀၂၁ ဧပြီလနောက်ပိုင်း အမြင့်ဆုံးနှုန်းမှာပါပဲ။

ထိုင်းနိုင်ငံမှာ ငါးမှတ်ဆန်ဈေးဟာ အရင်အပတ်က တစ်တန်ကို ၄၈၅ ဒေါ်လာမှာ ရပ်တည်ခဲ့ရာကနေ ယခုအပတ်မှာတော့ ဇန်နဝါရီနောက်ပိုင်း အမြင့်ဆုံးဖြစ်တဲ့ ၄၉၈-၅၀၀ ဒေါ်လာနှုန်းကြားကို ရောက်ရှိလာပါတယ်။ ဒီလိုဈေးတက်လာခြင်းဟာ အင်ဒိုနီးရှားအပါအဝင် ဒေသတွင်းနိုင်ငံတွေဆီက ဝယ်လိုအား မြင့်တက်လာတာအပြင် ဘတ်ငွေအားကောင်းလာတာကြောင့်လည်းပါတယ်လို့ ကုန်သည်တွေက ပြောပါတယ်။ ပြည်တွင်းဘတ်ဈေး မြင့်တက်လာတာကြောင့် ဒေါ်လာနဲ့ ရောင်းဝယ်ဖောက်ကားတဲ့ ပြည်ပပို့ကုန်ဈေးတွေလည်း လိုက်ပါမြင့်တက်ခဲ့တာဖြစ်ပါတယ်။

အိန္ဒိယငါးမှတ်ပေါင်းဆန်ဈေးကတော့ အရင်အပတ်ကအတိုင်း အပြောင်းအလဲမရှိ တစ်တန်ကို ၃၇၆-၃၈၀ ဒေါ်လာကြား ရပ်တည်ခဲ့ပါတယ်။ ဒါဟာ ဒီဇင်ဘာလနောက်ပိုင်း အနိမ့်ဆုံးနှုန်းကို ကျရောက်နေတာလည်း ဖြစ်ပါတယ်။ “ဆန်ဝယ်လိုအား နည်းနေတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့တာကြောင့် ဆောင်းသီးနှံက ထွက်ရှိတဲ့ ရောင်းအားတွေ နှောင့်နှေးတာလည်းရှိတယ်” လို့ အိန္ဒိယတောင်ပိုင်း အန္ဓရဒေသပြည်နယ် ကာကီနာဒါမြို့အခြေစိုက် ပို့ကုန်လုပ်ငန်းရှင်တစ်ယောက်က ပြောပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: Asia rice: Thai rates at four-month high - Markets - Reuters

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်