အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စိုက်ခင်းထဲသို့ ပြာမှုန့်မထည့်ခင် သတိထားရမည့်အချက်များ

စိုက်ခင်းထဲသို့ ပြာမှုန့်မထည့်ခင် သတိထားရမည့်အချက်များ

       စိုက်ပျိုးထားသော မြေဆီလွှာထဲသို့ ပြာမှုန့်ထည့်ခြင်းသည် မြေဆီလွှာ၏ PHအဆင့်မြှင့်တင်ရန်(သို့) အယ်ကာလနတီ တိုးပွားရန်အတွက် အသုံးပြုသင့်သောနည်းဖြစ်သည်။ ပြာများသည် မြေဆီလွှာကို လုံလောက်သည့် နိုက်ထရိုဂျင်ဓာတ်ရရှိအောင် မထောက်ပံ့နိုင်သော်လည်း ပိုတက်ဆီယမ်၊ ကယ်လိစီယမ်နှင့် ဖော့စဖောရပ် ပမာဏလုံလောက်စွာပါဝင်သည့်အတွက် အပင်များကို အကျိုးကျေးဇူးများစေသော နည်းဖြစ်သည်။ ပြာများကို မြေဆီလွှာထဲတွင် ပြန်လည်အသုံးချရခြင်း၏ အဓိကအကျိုးကျေးဇူးမှာ မြေဆီကို အက်ဆစ်ဓာတ်လျော့နည်းစေရန်နှင့် မြေဆီဩဇာ ပိုမိုကောင်းမွန်စေရန်ဖြစ်သည်။

       မြေဆီလွှာ ချဉ်ငံဓာတ်ကို ၁၄မှတ် ဖြင့်တိုင်းတာနိုင်ပြီး ၇မှတ်အောက်တွင်ရှိပါက အက်ဆစ်ဓာတ်များပြီး ၇ထက်တွင်ရှိပါက အယ်ကာလိုင်းဟုသတ်မှတ်နိုင်သည်။ မြေချဉ်ငံဓာတ်ကိုတိုင်းကြည့်လိုက်လျှင် ၆.၅-၇ထက်ကျော်နေလျှင် ပြာများကို ထည့်ရန်မလိုအပ်ပါ။ မြေချဉ်ငံဓာတ်သည် ၆.၅အထက်ကျော်နေပါက အပင်များကို အန္တရာယ်ဖြစ်စေသည်။ ၆.၅အောက်ရောက်မှသာပြာများကို အသုံးပြုပါ။အပင်အိုးထဲသို့ဖြစ်စေ စိုက်ခင်းထဲသို့ဖြစ်စေ ပြာများကို မထည့်ခင် မြေဆီလွှာစမ်းသပ်ရန်အလွန်အရေးကြီးပါသည်။

       ပြာမှုန့်အသုံးပြုခြင်းသည် ထုံးမှုန့်အသုံးပြုခြင်း၏ အာနိသင်နှင့် ဆင်တူသည်။ နှစ်မျိုးစလုံးသည် သီးနှံထုတ်လုပ်မှုအပေါ် အကျိုးရှိစေသော်လည်းသစ်သားပြာမှုန့်များသည် သီးနှံများတွင် နောက်ထပ် အာဟာရများရရှိစေရန် ထောက်ပံ့ပေးသည်။ နှစ်မျိုးလုံးသည် အယ်ကာလိုင်းများဖြစ်သည့်အတွက် အလွန်အကျွံသုံးစွဲမိပါက သီးနှံထုတ်လုပ်မှုကို ပျက်စီးစေနိုင်ပါသည်။ ပြာများကို အသုံးပြုရာတွင်လည်း သစ်သားပြာကိုသာသုံးသင့်သည်။ ကျောက်မီးသွေးနှင့် မီးသွေးပြာများကို အသုံးမပြုသင့်ပါ။

       ပြာများကိုအသုံးပြုလျှင် မြေဆီလွှာ၁လက်မ၏ ၄ပုံ၁ပုံခန့် မြေမျက်နှာပြင်ပေါ်တွင် ညီညာစွာဖြန့်ရမည်။ ပြာမှုန့်မျက်နှာပြင်ပေါ်သို့ ရေဝင်ရောက်ခြင်း မရှိစေရန် အထူးဂရုပြုရမည်။ ပြာမှုန့်အသုံးပြုထားသော စိုက်ခင်းများကို လယ်ယာမြောင်းများနှင့် ရေတွင်း သို့မဟုတ် အခြားရေများ ဝင်ရောက်လာခြင်းမရှိစေရန် အနည်းဆုံးပေ၅၀ ကွာထားရမည်။ ပြာများကို ရေဝပ်နိုင်သောနေရာ၊မိုးရွာသွန်းမှု မတိုင်မီ(သို့) မုန်တိုင်းလာမည်ဟု မျှော်လင့်ထားသော အခြေအနေများတွင် မသုံးသင့်ပါ။ ဆောင်းရာသီသည် မြေဆီလွှာထဲသို့ ပြာထည့်ရန်အကောင်းဆုံးအချိန်ဖြစ်သည်။ ဆောင်းရာသီတွင် မြေဆီလွှာသည် အမြဲခြောက်သွေ့နေပြီး ပြာသည် မြေဆီလွှာနှင့်ဓာတ်ပြုရန် အကောင်းဆုံးအချိန်ဖြစ်သည်။ မစိုက်ပျိုးမီ(သို့) အညှောင်ထွက်လာစချိန်တွင် ပြာသည် အပင်ကြီးထွားမှုကို အနှောင့်အယှက်ဖြစ်စေကာ မြေဆီလွှာအားလည်း အယ်ကာလိုင်း အခြေအနေ ပြောင်းလဲသွားစေနိုင်သဖြင့် ထိုအချိန်တွင် ပြာအသုံးမှုကို ရှောင်ရှားသင့်သည်။ ထိုအပြင် ပြာသည် ပိုးသတ်ဆေးအာနိသင်ကို စုပ်ယူနိုင်သည့်သတ္တိရှိသည့်အတွက် အသုံးမပြုမီ(သို့) အသုံးပြုပြီး ၅ရက်အတွင်း ဓာတုပစ္စည်းများ အသုံးပြုမှုကို အထူးရှောင်ကြဉ်ရမည်။

       ပြာအသုံးပြုပြီးရက်သတ္တပတ်အနည်းငယ်ကြာလျှင် မြေဆီလွှာPH ကို ထပ်မံစမ်းသပ်ကြည့်ပါ။ ဉီးကြီးတို့စိုက်ပျိုးထားသော သီးနှံများကြိုက်နှစ်သက်သောPH Level ရောက်ဖို့လိုနေသေးလျှင် ပြာများကို ထပ်မံထည့်နိုင်သည်။ အက်ဆစ်ဓာတ်ကြိုက်သော အပင်များ (အာလူး၊ဘလူးဘယ်ရီ) စသောအပင်များစိုက်ပျိုးမည်ဆိုလျှင် ပြာမှုန့်များကို အသုံးမပြုသင့်ပါ။ ထိုအပင်များတွင် အယ်ကာလီဓာတ်မြင့်များပါက အနာဖေးရောဂါဖြစ်စေရန် အားပေးသည့်အတွက်ဖြစ်သည်။ သို့သော်လည်းအယ်ကာလီဓာတ်ကို ကြိုက်နှစ်သက်သော ဂေါ်ဖီထုပ်ပင်များတွင် ပြာကိုအသုံးပြုခြင်းသည် အပင်မြစ်ကိုကာကွယ်ပေးသည့်အပြင် မြေဆီလွှာအတွင်း အက်ဆစ်ဓာတ်မြင့်မားခြင်းကြောင့် ဖြစ်ပေါ်လာသော ရောဂါများကို ကာကွယ်ပေးသည်။ပြာများကို အပင်အမြစ်များထိခိုက်မှုမဖြစ်စေရန်အတွက် အောက်ခြေတွင်ပုံထားခြင်းမျိုးရှောင်ကြဉ်ရမည်။

       နောက်ဆုံးအနေဖြင့် ဉီးကြီးတို့ အမှုန့်များမရှုမိစေရန်နှင့် အရေပြားနှင့် တိုက်ရိုက်ထိတွေ့ခြင်းမှ ကာကွယ်ရန် ပြာများကို ကိုင်တွယ်ရာတွင် ကျန်းမာရေးပြသနာများ ဖြစ်ပေါ်လာနိုင်သည်ကို ထည့်သွင်းစဉ်းစားရမည်။အ မှုန့်သေးသေးလေးများ ရှုရှိုက်ခြင်းသည် အန္တရာယ်ရှိသည်။ ပြာသည်PH ၉မှ၁၃ရှိသည့် အယ်ကာလိုင်းဖြစ်သည့်အတွက် အရေပြားကိုယားယံနိုင်သည်။အသုံးပြုစဉ်နှင့်သယ်ယူပို့ဆောင်စဉ်တွင် အရေပြား ဖုံးအုပ်ထားခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ခြင်းတို့အပြင် အသုံးပြုပြီးပါကလည်းသေချာစွာ ဆေးကြောခြင်း မျိုးများပြုလုပ်သင့်သည်။

Reference:

https://extension.uga.edu/publications/detail.html?number=B1142&title=Best%20Management%20Practices%20for%20Wood%20Ash%20as%20Agricultural%20Soil%20Amendment

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

11
yan paing oo

yan paing oo

လွန်ခဲ့သော ၃ နှစ် က

စာရေးသူအမရေမရှင်းတာတခုရှိတယိဗျာ။ ပြာထည့်ပြီးရင် ရေဝင်ရောက်ချင်းမရှိအောင်လုပ်ရမယ်ဆိုတဲ့အချက်က ဘာကြောင့်လည်းဗျာ။ အပင်ပတ်လည်ကိုပြာဖြူးပြီးနောက် အပင်ရေလောင်းတာမျိုးဆိုရင်ကောမရဘူးလားဗျာ။ စာရေးသူပြောသလိုမျိူး ဆောင်းတွင်းမှာအပင်ပတ်လည်မှာပြာဖြူးမယ် ပြီးရင်ပုံမှန်အပင်ရေလောင်းရင်ကော ရလားဗျာ။ ဘာပြသာနာရှိလဲဖြေကြားပေးပါအုန်း

ဆုမြတ်နိုး

ဆုမြတ်နိုး

လွန်ခဲ့သော ၃ နှစ် က

စပါးစာအုပ်ရှိပါတယ်ရှင့် 09765408625ကိုဆက်သွယ်ပေးပါ

Aung Khin

Aung Khin

လွန်ခဲ့သော ၃ နှစ် က

စပါးစိုက်ခင်းအတွက်သီးသန့်စာအုပ်ထုတ်လားဗျ

zawoo

zawoo

လွန်ခဲ့သော ၄ နှစ် က

ok

ကျော်ကျော်နိုင်

ကျော်ကျော်နိုင်

လွန်ခဲ့သော ၄ နှစ် က

ဟုတ်တယ်

You

ဆက်စပ်မေးခွန်းများ

မာလာဝတီ ခရမ်းချဉ်မျိုးပါ အခုလိုပုံပါအတိုင်း အပွင့်ရဲ့အဆစ်ကနေဝါပြီး‌ကြွေနေလို့ပါ

ရှိုင်းထက်အောင် • ဖြေကြားချက် 2 ခု

မြေ၁ဧကနဲ့ဒဿမ၈၀ဆိုရင် ထုံးအိတ်ခန့်မှန်းခြေဘယ်လောက်ထည့်ရလည်းရှင့်

Hnin Nu Wai • ဖြေကြားချက် 1 ခု

ရန်ကုန်နှင့်အနီးတစ်ဝှိက်မှာချယ်ရီခရမ်းချဉ်သီးစိုက်ပျိုးကြပါသလားရှင့်

Khaing Zin Thet • ဖြေကြားချက် 1 ခု

အရွက်တေဒီလို အရောင်ဖြစ်တာ ဘာကြောင့်လဲဗျ အရွက်တေကုတ်သလိုလဲ ဖြစ်တယ်

Htet Lin • ဖြေကြားချက် 1 ခု

ကျနောရဲ့လယ်ကွက်ထဲကမြက်ကြိမ်ပင်အမြစ်နှင့်အငုပ်တွေကအရွ‌က်မရှိဘူးဆရာဂလိုင်ဖိုဆေ့့ဖြန်ရင်သေနိုင်မလားဘာလုပ်ရင်ကောင်းမလဲ။လက်နှင့်ကောက်ရင်မဖြစ်နိုင်လို့ပါ။

U Win Zaw • ဖြေကြားချက် 4 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။