ဝါးစိုက်ပျိုးရေးနှင့်ကာဘွန်ခရက်ဒစ် (အပိုင်း - ၁)
ပတ်ဝန်းကျင်သိပ္ပံပညာအပြီးအရေးပါသောဂေဟဗေဒအကြောင်းရေးသားဆွေးနွေးရန် စီစဉ်ထားပါသည်၊ သို့သော် ပတ်ဝန်းကျင်ထိမ်းသိမ်းမှု (Environmental Conservation) အတွက်ရော အသုံးချဂေဟဗေဒ (Applied Ecology) နှင့်ပါဆက်စပ်နေသည့် ဝါးပင် စိုက်ပျိုးရေး၏အရေးပါမှုကို ရေးသားဆွေးနွေးပါမည်။
ကမ္ဘာပေါ်တွင် ဝါးစိုက်ပျိုးခြင်း၏ အရေးပါမှုနှင့် ကာဘွန်ခရက်ဒစ် (Carbon Credit) ရရှိနိုင်မှု
ဝါး (Bamboo) သည် ယနေ့ကမ္ဘာပေါ်တွင် ရာသီဥတုပြောင်းလဲမှုကို လျှော့ချရေး (Climate Change Mitigation)၊ ကာဗွန်စုပ်ယူသိုလှောင်ရေး (Carbon Sequestration)၊ သစ်တောပြန်လည်ထူထောင်ရေး (Forest Restoration)၊ စဉ်ဆက်မပြတ် စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အလွန်အရေး ပါလာသော သဘာဝအရင်းအမြစ်တစ်ခုဖြစ်ပါသည်။
ကာဗွန်ခရက်ဒစ်ဆိုသည်မှာ လေထုထဲသို့ ကာဗွန်ဒိုင်အောက်ဆိုက် (သို့မဟုတ် အခြား ဖန် လုံအိမ်ဓာတ်ငွေ့) ၁ တန် လျှော့ချနိုင်သည်ကို သက်သေပြသည့် အရောင်းအဝယ် ပြုလုပ် နိုင်သော လက်မှတ် သို့မဟုတ် အသိအမှတ်ပြုလက်မှတ် ဖြစ်ပါသည်။
သစ်ပင်စိုက်ပျိုးခြင်း၊သစ်တောများထိန်းသိမ်းခြင်း(သို့မဟုတ်)ဓာတ်ငွေ့ထုတ်လွှတ်မှု နည်း ပါး စေမည့် စီမံကိန်းများ (ဥပမာ- မြန်မာနိုင်ငံတွင် ဆောင်ရွက်ခဲ့သည့် မီးဖိုချောင်သုံး စွမ်း အင်သက်သာသော မီးဖိုများ ဖြန့်ဝေသည့် စီမံကိန်းကဲ့သို့သော လုပ်ငန်းများ) မှတစ်ဆင့် ကာဗွန်လျှော့ချရာမှ ရရှိလာပြီး၊ အခြားသော ကုမ္ပဏီ သို့မဟုတ် နိုင်ငံများက မိမိတို့၏ ကာဗွန်ထုတ်လွှတ်မှုကို ဖြည့်ဆည်းချေဖျက်ရန် (Offset) ပြန်လည်ဝယ်ယူကြပါသည်။
အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ဝါးစိုက်ပျိုးခြင်းသည် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးတက်ရေးတို့ကို တစ်ပြိုင်နက်တည်း အထောက်အကူပြုနိုင်ပါသည်။
ဝါးသည် အပင်အုပ်စုလိုက်ခွဲခြားမှုအရ မြက်မျိုးရင်း (Grass Family – Poaceae) တွင် ပါဝင်ပြီး သစ်ပင်မျိုးစိတ်မဟုတ်ပါ။ ကမ္ဘာပေါ်တွင် အလျင်မြန်ဆုံး ကြီးထွားနိုင်သော အပင်အမျိုးအစားများအနက် တစ်မျိုးဖြစ်ပါသည်။ တစ်ရက်လျှင် ၉၁-စင်တီမီတာ အထိ ကြီးထွားနိုင်ပြီး ကမ္ဘာ့အမြန်ဆုံး သစ်တောအရင်းအမြစ်အဖြစ် စံချိန်တင်ထားသည့် ဝါး သည်သာမန်သစ်ပင်တစ်မျိုး မဟုတ်ပါ။
ဝါးအမျိုးအစားအများစုသည် ခုတ်ယူ ပြီးနောက် မြေအောက်ပင်စည်နှင့် အမြစ်စနစ် (Rhizomes) များမှတစ်ဆင့် ပြန်လည် ပေါက်ရောက်နိုင်သည့် အားသာချက်ရှိပါသည်။

ပုံ - ၁ ဝါးပင်၊ ဝါးတောများ
ကမ္ဘာပေါ်တွင် ဝါးစိုက်ပျိုးခြင်း၏အရေးပါမှု
ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO – Food and Agriculture Organization) ၏ အချက်အလက်များအရ ကမ္ဘာပေါ်တွင် ဝါးမျိုးစိတ်ပေါင်း ၁,၆၀၀ ခန့်ရှိပြီး အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကနိုင်ငံများတွင် ကျယ်ပြန့်စွာ ပေါက် ရောက်လျက်ရှိပါသည်။
ဝါးစိုက်ပျိုးခြင်း၏ အဓိကအရေးပါမှု (၈) ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ ရာသီဥတုပြောင်းလဲမှု လျှော့ချခြင်း (Climate Change Mitigation)
ဝါးသည် အလင်းရောင်ဖြင့် အစာချက်လုပ်ခြင်း (Photosynthesis) မှတစ်ဆင့် လေထု အတွင်းရှိ ကာဗွန်ဒိုင်အောက်ဆိုဒ် (CO₂) ကို စုပ်ယူနိုင်ပါသည်။ စုပ်ယူထားသော ကာဗွန် ကို ဝါးပင်၏ ပင်စည်၊ အကိုင်းအခက်၊ အရွက်၊ အမြစ်နှင့် မြေအောက်ပင်စည်များတွင် သိုလှောင်ထားနိုင်ပါသည်။
၂။ မြေဆီလွှာတိုက်စားမှု ကာကွယ်ပေးခြင်း (Soil Erosion Control)
ဝါးပင်၏ အမြစ်နှင့် မြေအောက်ပင်စည်စနစ်များသည် မြေဆီလွှာကို ခိုင်မြဲစေပြီး မြေ တိုက်စားမှု၊ တောင်စောင်းမြေပြိုမှုနှင့် မြေဆီလွှာပျက်စီးမှုများကို လျှော့ချနိုင်ပါသည်။
၃။ သစ်တောပြန်လည်ထူထောင်ရေးဆောင်ရွက်ပေးခြင်း (Forest Restoration)
သင့်လျော်သော မြေယာနှင့် ရာသီဥတုအခြေအနေများတွင် ဝါးစိုက်ပျိုးခြင်းဖြင့် ပျက်စီးနေသော မြေယာများကို ပြန်လည်စိမ်းလန်းစေပြီး သစ်တောဖုံးလွှမ်းမှု တိုးတက်လာစေနိုင်ပါသည်။
၄။ ရေရှည်တည်တံ့သော ဆောက်လုပ်ရေးပစ္စည်းများ ဖြစ်ခြင်း (Sustainable Construction Materials)
ဝါးကို အချို့သော ဆောက်လုပ်ရေးလုပ်ငန်းများတွင် သစ်သား၊ သံမဏိနှင့် ကာဗွန် ထုတ်လွှတ်မှုများသော အခြားပစ္စည်းများအစား အသုံးပြုနိုင်ပါသည်။
၅။ စားနပ်ရိက္ခာဖူလုံရေး အတွက်ဖြည့်တင်းပေးခြင်း (Food Security)
ဝါးမျှစ်သည် စားသုံးနိုင်သော အစားအစာတစ်မျိုးဖြစ်ပြီး အာဟာရရရှိမှုနှင့် ကျေးလက် နေပြည်သူများ၏ ဝင်ငွေတိုးတက်မှုကို အထောက်အကူပြုနိုင်ပါသည်။
၆။ ကျေးလက်အလုပ်အကိုင်နှင့် ဝင်ငွေတိုးတက်ရေး ဆောင်ရွက်ပေးခြင်း (Rural Employment and Income)
ဝါးစိုက်ပျိုးခြင်း၊ ခုတ်ယူခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပရိဘောဂပြုလုပ်ခြင်း၊ လက်မှုပစ္စည်းထုတ်လုပ်ခြင်းနှင့် စက်မှုလုပ်ငန်းများမှတစ်ဆင့် အလုပ်အကိုင်များ ဖန်တီးပေးနိုင်ပါသည်။
၇။ ဇီဝစွမ်းအင်နှင့် ဇီဝမီးသွေးထုတ်လုပ်ပေးခြင်း (Bioenergy and Biochar Production)
ဝါးအကြွင်းအကျန်များကို ဇီဝလောင်စာစွမ်းအင် (Biomass Energy)၊ မီးသွေးနှင့် ဇီဝမီးသွေး ထုတ်လုပ်ရာတွင် အသုံးပြုနိုင်ပါသည်။
၈။ စဉ်ဆက်မပြတ် စိုက်ပျိုးရေးဖွံ့ဖြိုးမှု ဖြစ်ပေါ်စေခြင်း (Sustainable Agriculture)
ဝါးကို သီးနှံစိုက်ပျိုးရေးနှင့် သီးနှံသစ်တောရောနှောစိုက်ပျိုးရေး (Agroforestry)၊ လယ် ယာနယ်နိမိတ်များ၊ ရေဝေရေလဲဒေသများနှင့် ပျက်စီးနေသော မြေယာများတွင် ပေါင်းစပ်စိုက်ပျိုးနိုင်ပါသည်။
ဝါးစိုက်ပျိုးခြင်းမှကာဘွန်ရရှိရေးကို အထောက်အကူပြုနိုင်ပုံ
ဤအချက်သည် ဝါးစိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်စိတ်ဝင်စားဖွယ် ကောင်းသော အခွင့်အလမ်းတစ်ခုဖြစ်ပါသည်။
Carbon Credit (ကာဗွန်ခရက်ဒစ်) ဆိုသည်မှာ အသိအမှတ်ပြုထားသော ကာဗွန်ဈေး ကွက်စနစ်တစ်ခုအောက်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုလျှော့ချခြင်း၊ ရှောင်ရှား ခြင်း သို့မဟုတ် လေထုထဲမှ ကာဗွန်ဖယ်ရှားခြင်းကို ကိုယ်စားပြုသော ကာဗွန်ဒိုင်အောက် ဆိုဒ်နှင့် ညီမျှသည့် တစ်မက်ထရစ်တန် (1 ton CO₂) ကို အခြေခံ ထားသော ရောင်းဝယ် ဖောက် ကားနိုင်သည့် ယူနစ်တစ်ခုဖြစ်ပါသည်။

ပုံ - ၂ ဝါးပင်နှင့်ကာဘွန်ခရက်ဒစ်/ကာဘွန်သံသရာ
ဝါးသည် အဓိကနည်းလမ်း (၂) မျိုးဖြင့် Carbon Credit ရရှိရေးကို အထောက် အကူ ပြုနိုင်ပါသည်။
Carbon Removal (ကာဗွန်ဖယ်ရှားခြင်း) – လေထုအတွင်းရှိ CO₂ ကို စုပ်ယူပြီး ဇီဝဒြပ်ထုနှင့် မြေဆီလွှာအတွင်း သိုလှောင်ခြင်း။
Emission Avoidance (ကာဗွန်ထုတ်လွှတ်မှု ရှောင်ရှားခြင်း) – ကာဗွန်ထုတ်လွှတ် မှုများသော ပစ္စည်းများအစား ဝါးထုတ်ကုန်များကို အစားထိုးအသုံးပြုခြင်း။
(က) ဝါးကြီးထွားမှုမှတစ်ဆင့် ကာဗွန်စုပ်ယူသိုလှောင်ခြင်း (Carbon Sequestration)
ဝါးပင်သည် အောက်ပါနည်းလမ်းများဖြင့် ကာဗွန်ကို စုပ်ယူသိုလှောင်နိုင်ပါသည်။
(က-၁) ဝါးရွက်များသည် လေထုအတွင်းရှိ ကာဘွန်ဒိုင်အောက်ဆိုက် (CO₂) ကို စုပ်ယူပေးပါသည်။
(က-၂) အလင်းဖွဲ့မှု (Photosynthesis) ဖြစ်စဉ်မှတစ်ဆင့် (CO₂) ကို အပင်အတွက် လိုအပ်သော အော်ဂဲနစ်ဒြပ်ပေါင်းများအဖြစ် ပြောင်းလဲနိုင်ပါသည်။
(က-၃) ကာဗွန်ကို ဝါးပင်၏ ပင်စည်၊ အကိုင်းအခက်နှင့် အရွက်များတွင် သိုလှောင် ထားပါသည်။
(က-၄) မြေအောက်ရှိ အမြစ်နှင့် မြေအောက်ပင်စည် (Rhizomes) များတွင်လည်း ကာဗွန် သိုလှောင်ထားနိုင်ပါသည်။
(က-၅) ကြွေကျသော ဝါးရွက်များ၊ အမြစ်အကြွင်းအကျန်များနှင့် ဆွေးမြည့်သည့် အော်ဂဲ နစ် ပစ္စည်းများမှတစ်ဆင့် မြေဆီလွှာအတွင်း ကာဗွန်ပမာဏ တိုးလာနိုင်ပါသည်။
ထို့ကြောင့် စနစ်တကျ စီမံခန့်ခွဲထားသော ဝါးစိုက်ခင်းသည် လေထုအတွင်းရှိ CO₂ ကို စုပ်ယူသိုလှောင်ပေးနိုင်သည့် သဘာဝကာဗွန်စုပ်ယူရာနေရာ (Biological Carbon Sink) တစ်ခုဖြစ်လာနိုင်ပါသည်။
(ခ) ဝါးမှတစ်ဆင့် ကာဘွန်ခရက်ဒစ် Carbon Credit ရရှိနိုင်သည့် နည်းလမ်း (၅) မျိုး
လုပ်ငန်းဆောင်ရွက်မှု | Carbon Credit ရရှိရေးအတွက် အထောက်အကူ |
၁။ ဝါးစိုက်ခင်းအသစ်များ တည်ထောင် ခြင်း | လေထုအတွင်းရှိ CO₂ ကို စုပ်ယူဖယ်ရှားနိုင်ခြင်း |
၂။ ပျက်စီးနေသော မြေယာများတွင် ဝါးပြန်လည်စိုက်ပျိုးခြင်း | အပင်ဇီဝဒြပ်ထုနှင့် မြေဆီလွှာကာဗွန် တိုးတက် လာနိုင်ခြင်း |
၃။ ရှိပြီးသားဝါးတောများကို ပိုမို ကောင်း မွန်စွာ စီမံခန့်ခွဲခြင်း | ကာဗွန်သိုလှောင်မှုကို တိုးတက်စေနိုင်ခြင်း |
၄။ သက်တမ်းရှည်ခံသော ဝါးထုတ် ကုန်များ ထုတ်လုပ်ခြင်း | ထုတ်ကုန်များအတွင်း ကာဗွန်ကို အချိန်ကြာ မြင့်စွာ သိုလှောင်နိုင်ခြင်း |
၅။ သစ်သား၊ သံမဏိနှင့် ကွန်က ရစ် အစား ဝါးအသုံးပြုခြင်း | ကာဗွန်ထုတ်လွှတ်မှု ပိုများသော ပစ္စည်းများ ကို အစားထိုးနိုင်ခြင်း |
သတိပြုရန်မှာ ဝါးထုတ်ကုန်များတွင် သိုလှောင်ထားသော ကာဗွန်သည် အမြဲတမ်း သို လှောင်ထားနိုင်မည် မဟုတ်ပါ။ ထုတ်ကုန်၏ အသုံးပြုသက်တမ်းနှင့် စွန့်ပစ်ပုံတို့အပေါ် မူတည်ပါသည်။
ထို့အပြင် အခြားဆောက်လုပ်ရေးပစ္စည်းများအစား ဝါးကို အသုံးပြုခြင်းမှ ရရှိနိုင်သော ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး အကျိုးကျေးဇူးကိုလည်း သိပ္ပံနည်းကျ သက်သေပြရန် လိုအပ်ပါသည်။
စာရေးသူအတွေး
၂၀၁၅-၁၆ ခုနှစ်များ စာရေးသူရေဆင်းမှာရှိတုန်းက မိတ်ဆွေသစ်တောတက္ကသိုလ်က တာ ဝန်ခံပါချုပ် ဒေါက်တာစန်းဝင်းနဲ့ သီးနှံသစ်တောရောနှောစိုက်ပျိုးရေး (Agroforestry) ပူးတွဲ့သင်ကြဖို့ စီစဉ်ခဲ့ဘူးပါသည်။ ဝါးစိုက်ပျိုးရေးလည်းကျေးလက်ဒေသတွေမှာ စိုက်ပျိုး ဘို့ အပါအဝင်ပေါ့။ ဒါပေမဲ့ ဝန်ကြီးဌာနမတူ၍ အဆင်မပြေခဲ့ပါ။
စာရေးသူကတော့ လက်မလျှော့ပါ၊ ‘တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲ’
(ဆက်ပါဦးမည်)
မှီငြမ်းစာအုပ်/စာတမ်းများ (References)
Chongtham, N. and Bisht, M.S. (2021) Bamboo Shoot. CRC Press. 238p.
Zhaosua, Z. (2018) Sustainable Bamboo Development. CABI. 259p.
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ငရုတ်အရွက်နဲ့အညွန့်လေးတွေအဲ့လိုဖြစ်ဘာရောဂါဖြစ်/ဘာဆေးပတ်ရမလဲ/ဆရာတို့
ထက်သူ • ဖြေကြားချက် 0 ခု
ဆရာတို့ရေဘာရောဂါလဲဘာဆေးတွေဖြန်းရမလဲပြောပါဦသက်တန်း၂၈ရက်ဥကြီးဖို့ကယ်စီယမ်ဘိုရွန်နဲ့၅၂+၃၄ဖြန်ထားပါတယ့
aungkolatt • ဖြေကြားချက် 1 ခု
ပဲတီစိမ်းစိုက်တောင်သူတစ်ယောက်ပါ.။အပင်ငယ်မှာအပေါက်ကောင်းပြီးအရွယ်ရောက်တဲ့အခါအပင်သေတွေအရမ်းများလို့နည်းလမ်းလေးများညွှန်ကြပါဦးခင်ဗျာ။
ထူးလွင် • ဖြေကြားချက် 1 ခု
ရေနာမိတဲ့ မတ်ပဲတွေဘာဆေးဖျန်းရမလဲ
ထက်ကို • ဖြေကြားချက် 1 ခု
မြေပဲအထွက်တိုးဖို့ စိုက်ပျိုးရမည့်နည်းကိုပြောပြပါ
ဘိုထွန်းသူ • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသီးမှည့်ခြင်းကို ထိန်းချုပ်နေတဲ့ မမြင်ရတဲ့ ဓာတ်ငွေ့ အီသိုင်လင်း
23/11/2026
အသံ
နိုဝင်ဘာ ၂၄ မှ ၃၀ ရက်နေ့အထိ တစ်ပတ်စာ မိုးလေဝသ သုံးသပ်ချက်
23/11/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၁၆-၂၀.၁၁.၂၀၂၆)
20/11/2026
စိုက်ခင်းအတွင်း နွားချေးအစိမ်း သုံးမိရင် ကြုံရမယ့် အန္တရာယ် ၃ မျိုး
20/11/2026
ရှမ်းပြည်ထွက် ကုန်စိမ်းများ ဈေးတက်နေ
19/11/2026
More from ဒေါက်တာမျိုးကြွယ်
အားလုံး