နို့အုံရောင်ရောဂါ ကုသခြင်း

27/07/2018 10:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး MDEP MDEP မှ ပေးပို့ထားပါသည်။

 ကုသခြင်း- (အမှတ်အသားလုပ်ခြင်း ၊စာရင်းသွင်းခြင်း၊ ခွဲခြားထားခြင်း၊ ကုသခြင်း)

 မှတ်သား၊ စာရင်းသွင်း၊ ခွဲခြား၊ ကုသခြင်းကို အစဉ်လိုက်နာဆောင်ရွက်ရပါမည်။

  • ရောဂါလက္ခဏာပြသခြင်းမရှိသော နို့အုံရောဂါအဆင့်တွင် မည်သည့်ထင်ရှားသော ရောဂါလက္ခဏာကိုမျှ တွေ့မြင်ရမည် မဟုတ်ပေ။ သို့သော်ရောဂါသည် ထိုအဆင့်မှ ရောဂါလက္ခဏာပြသည့်အဆင့်သို့ တဖြည်းဖြည်း ကူးပြောင်းသွားနိုင်ပါသည်။
  • ရောဂါလက္ခဏာပြသခြင်းမရှိသော နို့အုံရောဂါကိုအမြန်ရောဂါရှာဖွေစစ်ဆေးနည်းဖြင့် အောက်ပါအတိုင်း စစ်ဆေးရှာဖွေနိင်ပါသည်။

    စနစ်ကျ မှန်ကန်သောမှတ်သားခြင်း၊ သီးခြားခွဲခြားထားခြင်းတို့ဖြင့် နွာမများကုသမှုပေးရာတွင် အမှားအယွင်း နည်းစေပါသည်။ ခြံရှိလုပ်သားအားလုံး မိမိတို့ခြံတွင် အသုံးပြုသောနည်းစနစ်ကို ရှင်းလင်းစွာနားလည်ထားပြီး ဖြစ်ရန် လိုအပ်ပါသည်။

 ကုသခြင်း- (နို့အုံအတွင်းသို့ ဆေးထိုးကုသခြင်း)

  အခြေခံအချက်များ

  • နို့အုံအတွင်းသို့ ဆေးရည်ထည့်သည့်အခါ သန့်ရှင်းမှုသည် အရေးကြီးဆုံးဖြစ်သည်။
  • ဆေးထည့်စဉ် သန့်ရှင်းမှုမရှိက ရောဂါပိုးဝင် ရောက်ပြီး သေဆုံးသည်အထိ ဖြစ်နိုင်သည်။

  • နို့အုံအတွင်း နို့ကျန်ရှိပါက ထိုနို့များကို ကုန်စင် အောင်ညှစ်ပြီးမှ ဆေးသွင်းရမည်။

 ဆောင်ရွက်ရမည့်အချက်များ

  • ဆေးကုသည့်နေရာသည် သန့်ရှင်းရမည်။
  • နို့တိုင်အားလုံးဆေးသွင်းမည် ဆိုပါက အဝေး ဆုံးနို့တိုင်ကို ပထမဦးဆုံး သန့်ရှင်းပေးရမည်။

  • နို့ပေးစဉ်ဆေးသွင်းပါက နို့အုံတွင်းဆေးသွင်း ပြီး နှိပ်နယ်ပေးနိုင်သော်လည်း နို့ဖြတ်ရန်ဆေး သွင်းပြီးပါက နို့အုံကို နှိပ်နယ်ခြင်းမပြုရပါ။

မြန်မာ - နယူးဇီလန် ကောင်းမွန်သော နို့စားနွား မွေးမြူခြင်း စီမံကိန်း

 

 

 

 

 

 

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်