နို့စားဆိတ်နှင့် အသားဆိတ်၏ ကွာခြားချက်

25/01/2022 11:30 AM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

ဆိတ်မွေးမြူခြင်း၏ အဓိကရည်ရွယ်ချက်မှာ နို့၊ အသားနှင့် သားရေ ရရှိရန်ပင်ဖြစ်သည်။ ဆိတ်တစ်ကောင်၏ကိုယ်အလေးချိန်သည် နွားတစ်ကောင်၏ ကိုယ်အလေးချိန် ရှစ်ပုံတစ်ပုံခန့်သာဖြစ်သော်လည်း နို့တစ်ပိသာထွက်ရှိနိုင်သဖြင့် ဆိတ်မှာနွားထက် နို့ထွက်နှုန်း ပိုမိုကောင်းသည်ဟု ဆိုနိုင်ပါသည်။

ဆိတ်နို့သည် နွားနို့ထက် ပရိုတင်းနှင့် အဆီဓာတ်ပါ၀င်မှု ပိုမိုများသော်လည်း ဆိတ်နို့အဆီရှိ အဆီခဲကလေးများသည် ပိုမိုသေးငယ်သဖြင့် အစာကြေလွယ်သည်။ သို့ဖြစ်၍ ဆိတ်နို့သည် နွားနို့ထက် ကလေးငယ်များ၊ အသက်အရွယ်ကြီးရင့်သူများနှင့် လူနာများအတွက် ပိုမိုသင့်လျော်သည်။ ထို့ပြင် ဆိတ်နို့တွင် ဘက်တီးရီးယားပါ၀င်မှုနှုန်းသည် နွားနို့ထက်ပို၍ နည်းသည်။ ထို့ပြင် ဆိတ်သည် နို့ညှစ်ရလွယ်ကူသည့်အပြင် သဘာ၀အရလည်း အကြမ်းခံနိုင်၍ အစာမရွေးစားနိုင်သည်။ မြက်၊ သစ်ရွက်အမျိုးမျိုးနှင့် သစ်ပင်များ၏ အခေါက်များကို ခွာ၍ စားတတ်သည်။ 

ဇီးပင်အပါအ၀င် ဆူးပင်များကို ကြိုက်နှစ်သက်သည်။ ဆိတ်၏အစာအိမ်သည် အမျှင်ကြမ်းများ (လစ်ဂနစ်)ကို ချေဖျက်နိုင်စွမ်းရှိသည်။ သို့ဖြစ်၍ ဆိတ်များကို စားကျက်မကောင်းသော်လည်း ကောင်းစွာမွေးမြူနိုင်သည်။ ထို့ပြင် ဆိတ်သည် မျိုးအောင်မြင်မှု ကောင်းသဖြင့် ကောင်ရေပွားများနှုန်း များသည်။

ဆိတ်နို့သည်သာ အဟာရဓာတ်များပြည့်၀သည်သာမက ဆိတ်သားသည်လည်း အရသာရှိ၍ လူတို့ကြိုက်နှစ်သက်ကြသည်။ ထို့အပြင် ဆိတ်သားရေမှာလည်း ဖိနပ်၊ လက်အိတ်၊ လက်ဆွဲအိတ်၊ ဂျာကင်အင်္ကျီစသည်ဖြင့် အသုံးပြုနိုင်ခြင်းကြောင့် ဆိတ်မွေးမြူရေးသည် ကုန်ကျစရိတ်နည်းနည်းဖြင့် အကျိုးအမြတ်များများရရှိနိုင်သည့် စီးပွားဖြစ်မွေးမြူရေး လုပ်ငန်းတစ်ခုလည်း ဖြစ်သည်။

နို့စားဆိတ်နှင့်အသားစားဆိတ်

ဆိတ်သည် ခန္ဓာကိုယ်သေးငယ်သော်လည်း နို့ထွက်နှုန်းကောင်းသည်။ နွားနှင့် နှိုင်းယှဉ်လျှင် အစာအနည်းငယ်သာကျွေးရပြီး တန်ဖိုးရှိသည့်နို့ကို ပေးစွမ်းနိုင်သဖြင့် နို့စားဆိတ်များ စနစ်တကျရွေးချယ် မွေးမြူသင့်သည်။ ဆိတ်သားသည်လည်း နူးညံ့ခြင်း၊ အရသာရှိခြင်းကြောင့် လူတို့ကြိုက်နှစ်သက်ကြသည်။ သို့ဖြစ်၍ မွေးမြူသူများအနေဖြင့် မိမိမွေးမြူမည့် ရည်ရွယ်ချက် အပေါ်မူတည်၍ စနစ်တကျ ရွေးချယ်မွေးမြူသင့်သည်။

(က) နို့စားဆိတ်

နို့စားဆိတ်များစွာရှိသည်။ ဂျမနာပါရီ (Jamunapari)၊ နူဘီယံ (Nubian)၊ ဆာနန် (Saanen)နှင့် အယ်လ်ပိုင်း (Alpine) မျိုးတို့ဖြစ်သည်။ နို့စားဆိတ်သည် နဖူးကျယ်၍ နှုတ်သီးချွန်ရ၏။ မျက်နှာရှည်၍ ဦးချိုများ သေးသွယ်ချွန်ထက်သည်။ မျက်လုံးပြူး၍ အရောင်တောက်ကာ၊ သွက်လက် ဖျတ်လတ်နေသင့်

သည်။ ကိုယ်လုံးရှည်လျားပြီး ရင်ခေါင်းချိုင့်ဝှမ်း သွယ်ရမည်။ နို့ထွက်ကောင်းသောဆိတ်မ၏ နို့အုံသည် ကြီးမားရုံသာမက နူးညံ့ပျော့ပျောင်းရမည်။ အရေခွံပါးရမည်။ နို့တံများသည် အရွယ်အစားညီ၍ သေးသွယ်ပြီးတစ်ခုနှင့်တစ်ခု ခပ်ကွာကွာကွာ ရှိသင့်သည်။

(ခ) အသားစားဆိတ်

ဆိတ်တိုင်း အသားစား၍ရသော်လည်း အသားစားဆိတ်ဆိုသည်မှာ အသားတိုးနှုန်းကောင်းခြင်း၊ အသားနူးညံ့ခြင်း၊ အရသာရှိခြင်း စသည့် အရည်အချင်းများနှင့် ပြည့်စုံရန်လိုအပ်ပါသည်။ အသားစားဆိတ်မျိုးအဖြစ် ဘိုဝါး(Boer)မျိုးနှင့် စပိန်မျိုး (Spanish) တို့ကို အသုံးပြုကြသည်။ အသားစားဆိတ်တွင် အကောင်ကြီးခြင်း၊ ရင်အုပ်ကျယ်ခြင်း၊ အသားတိုးနှုန်း၊ ကြီးထွားနှုန်းမြန်ခြင်း၊ သားပေါက်ကောင်းခြင်း၊ အသားထွက်နှုန်းသည် အသက်ရှင်စဉ် အလေးချိန်၏ (၄၅)မှ (၆၂)ရာခိုင်နှုန်းရှိခြင်းစသည့် အရည်အချင်းများပြည့်စုံရန် လိုအပ်ပါသည်။

မှီငြမ်း- Dr.Myat Lin ၏ "ဆိတ်မွေးမြူရေး" အကြောင်းမှ ကောက်နှုတ်ဖော်ပြပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်