ဘင်္ဂလားပင်လယ်အော်ထဲက လေဖိအားနည်းရပ်ဝန်း မုန်တိုင်းဖြစ်နိုင်ချေပိုမြင့်လာ

18/08/2022 17:10 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

 ' ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း၊ ရခိုင်ကမ်းရိုးတန်းအနီး၊ စစ်တွေမြို့အနောက်ဘက် ၈၄ မိုင်ခန့် ပင်လယ်ပြင်မှာဖြစ်နေတဲ့ INVEST-99B (လက်ရှိလေဖိအားနည်းရပ်ဝန်းအဆင့်) က ၂၄ နာရီအတွင်း ပိုမိုအားကောင်းလာပြီးတော့ မုန်တိုင်းအဆင့်ကိုရောက်လာနိုင်ခြေအဆင့် HIGH (ဖြစ်နိုင်ချေပိုများလာ) ကို ရောက်လာကြောင်း JTWC ရဲ့ ဒီနေ့ညနေ ၄ နာရီအချိန်သတိပေးထုတ်ပြန်ချက်မှာ ဖေါ်ပြထားတယ်' လို့  အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်ခန့်မှန်းသူ ဦးဝင်းနိုင်က ပြောပါတယ်။

' 99B ဟာ လက်ရှိအချိန်မှာ ဗဟိုဖိအား 992 hPa နဲ့ ဗဟိုလေတိုက်နှုန်း တစ်နာရီမိုင် ၄၀ နှုန်းအထိရောက်ရှိလာကြောင်းတွေ့ရပြီး အနောက်-အနောက်မြောက်ဘက်၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ အနောက်မြောက်ပိုင်းကိုဆက်လက်ရွေ့လျားကာ ယခင်ခန့်မှန်းချိန်များထက်စော၍ ဩဂုတ်လ ၁၉ ရက် မွန်းလွဲပိုင်းမှ စတင်ပြီး အိန္ဒိယနိုင်ငံ ဩရိဿကမ်းခြေမြောက်ပိုင်းကို ဖြတ်ကျော်ဝင်ရောက်နိုင်မယ်လို့ ကြိုတင်ခန့်မှန်းချက်တွေမှာတွေ့ရကြောင်း' လည်း ဦးဝင်းနိုင်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ‌အသိပေးထားပါတယ်။

မုန်တိုင်းဖြစ်ပေါ်လာရင် မြန်မာနိုင်ငံအတွင်း သက်ရောက် (လေပြင်း၊ မိုးကြီး) နိုင်မယ့်ဒေသတွေ နဲ့ပတ်သက်လို့တော့ အောက်ပါလင့်ကနေ ဖတ်ရှုနိုင်ပါတယ်။

https://greenwaymyanmar.com/posts/Invest_99_B

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်