နို့ညှစ်ပုံးနှင့်နို့ညှစ်ရာတွင် အသုံးပြုသည့် ပစ္စည်းများကို ဆေးကြောခြင်း

29/06/2018 09:38 AM တွင် MDEP MDEP မှ ရေးသား ပြီး MDEP MDEP မှ ပေးပို့ထားပါသည်။

ရည်ရွယ်ချက်
နို့ညှစ်သည့်ပုံးများနှင့် နို့စစ်သည့်ရေစစ်၊ နို့ချဉ်ခွက်များသည် ခြောက်သွေ့သန့်ရှင်းရန် အရေးကြီးပါသည်။ ထိုသို့ သန့်ရှင်းခြောက်သွေ့အောင်ဆောင်ရွက်ခြင်းဖြင့် နို့ညှစ်သည့်အခါနှင့် နို့ခြင်သည့်အခါများတွင် နို့အတွင်းသို့ ဘက်တီးရီးယားပိုးပွားမွှာများ ဝင်ရောက်ခြင်းကို တားဆီးနိုင်မည်ဖြစ်သည်။
၁။ ရေဖြင့်ဆေးကြောခြင်း
သန့်ရှင်းသည့်ရေကို အသုံးပြုပါ။
ပုံး၏မျက်နှာပြင်များကိုနှံအောင်ဆေးကြောပါ။
ဆေးပြီးသောရေများကို သွန်ပစ်ပါ။ ထပ်မံအသုံးမပြုရ။


၂။ ဆပ်ပြာဖြင့်ဆေးကြောခြင်း
ပုံးထဲသို့ဆပ်ပြာတစ်ဇွန်းနှင့် ရေ(၂)လီတာ ထည့်ပါ။
ပုံးနှင့်ပစ္စည်းများကို သေချာပွတ်တိုက်ပါ။
ဆေးပြီးသောရေများကို သွန်ပစ်ပါ။ ထပ်မံအသုံးမပြုရ။

၃။ ကလိုရင်းဖြင့်ဆေးကြောခြင်း
ပုံးထဲသို့ ကလိုရင်းတစ်ဇွန်းနှင့်ရေ(၃)လီတာထည့်ပါ။
ပုံး၏မျက်နှာပြင်များကို ကလိုရင်းရည်ဖြင့် သေချာစွာဆေးပါ။
နို့ခြင်ခွက်၊ ရေစစ်တို့ကို ရေထဲတွင်နှစ်၍ဆေးပါ။
ဆေးပြီးသောရေများကို သွန်ပစ်ပါ။ ထပ်မံအသုံးမပြုရ။
၄။ အခြောက်ခံခြင်း
ခြောက်သွေ့သောမျက်နှာပြင်တွင်
ဘက်တီးရီးယားပိုးများ
မပေါက်ဖွားနိုင်ပါ။
နို့ညှစ်ပုံးနှင့်နို့ညှစ်ရာတွင်အသုံးပြုသည့်ပစ္စည်းများကို ဆေးကြောခြင်း
၁။ ရေဖြင့်ဆေးကြောခြင်း
  နို့ညှစ်ပုံးများ၊ နို့ခြင်ခွက်၊ ရေစစ်တို့ကို ရေဖြင့်သေချာစွာဆေးကြောရပါမည်။ ထိုသို့ဆေးကြောခြင်းဖြင့် နို့ပုံးများ ရှိ အညစ်အကြေးများကို ၉၅% သန့်ရှင်းပြီးဖြစ်ပါသည်။ ထိုသို့ ဆေးကြေားရန်အသုံးပြုသည့်ရေသည်လည်း သန့်ရှင်းရန်အရေးကြီးပါသည်။
နို့ညှစ်ပုံးနှင့်နို့ညှစ်ရာတွင်အသုံးပြုသည့်ပစ္စည်းများကို အောက်ပါအတိုင်းဆေးကြေားရပါမည်။
၁။ ဦးစွာရေတစ်ပုံးဖြင့် နို့ညှစ်ပုံး၊ ရေစစ်၊ နို့ခြင်ခွက်စသည်တို့ကို ဆေးကြောရပါမည်။
၂။ ထိုသို့ဆေးကြောရာတွင် သန့်ရှင်းကြည်လင်သည့်ရေကို အသုံးပြုရပါမည်။
၃။ အကယ်၍ရေသည် ကြည်လင်သန့်ရှင်းမှုမရှိပါက ရေတစ်ပုံးထဲသို့ ကလိုရင်းလဘက်ရည်ဇွန်း(၂)ဇွန်း ထည့်၍ သုံးပါ။
၄။ ပုံးများနှင့်အသုံးပြုသည့် ပစ္စည်းများကို သေချာပွတ်တိုက်ဆေးကြောပါ။
၅။ ဆေးကြောပြီးသော ရေများကို သွန်ပစ်ပါ။ ထပ်မံအသုံးမပြုရပါ။
၆။ ရေဖြင့်ဆေးပြီးသောအခါ ပစ္စည်းများကိုသေချာရေစစ်ပါ။
၂။ ဆပ်ပြာဖြင့်ဆေးကြောခြင်း
နို့ညှစ်ပုံးနှင့် အသုံးပြုသည့်ပစ္စည်းများ သန့်ရှင်းရန်အတွက် ရေဖြင့်ဆေးကြောသည့်အခါ ရေနွေး၊ ဆပ်ပြာတို့ဖြင့် ထပ်မံ၍ သေချာပွတ်တိုက်ဆေးကြောရပါမည်။ ထိုသို့ဆေးကြောရာတွင် အယ်ကာလိုင်းဆပ်ပြာကို အသုံးပြု သင့်ပြီး အကယ်၍မရရှိပါက နို့ပုံးများတွင် အနံ့မစွဲစေရန် အနံ့မပါသည့် ပန်ကန်ဆေးဆပ်ပြာကိုအသုံးပြုနိုင် ပါသည်။
နို့ညှစ်ပုံးနှင့်နို့ညှစ်ရာတွင်သုံးသည့်ပစ္စည်းများကို အောက်ပါအတိုင်းဆေးကြောရပါမည်။
၁။ ပုံးထဲသို့ ရေတစ်ဝက်ခန့်ထည့်ပါ။ ရေနွေးရနိုင်လျှင်ရေနွေးသုံးပါ။
၂။ ရေထဲသို့ ဆပ်ပြာလဘက်ရည်တစ်ဇွန်(၁)ဇွန်းထည့်ပါ။
၃။ နို့ပုံးနှင့်အသုံးပြုသည့် ပစ္စည်းများကို ဘရက်ရှက်သို့မဟုတ် အဝတ်သန့်သန့်ဖြင့်သေချာပွတ်တိုက်ပါ။
၄။ ဆေးကြောပြီသောအခါ ဆပ်ပြာရည်များကို သွန်ပစ်ပါ။ ထပ်မံအသုံးမပြုရ။
၅။ ထို့နောက်ပုံး၊ ရေစစ်၊ နို့ခြင်ခွက်စသည်တို့ကို သေချာစစ်ပါ။
၃။ ကလိုရင်းဖြင့်ပိုးသတ်ဆေးကြောခြင်း
နို့ညှစ်ရာတွင်အသုံးပြုသည့် ပုံးများ၊ ရေစစ်များ၊ နို့ခြင်ခွက်များသည် သန့်ရှင်းမှသာလျှင် နို့အရည်အသွေး ကောင်းမွန်မည်ဖြစ်ပါသည်။
ပုံးထဲသို့ရေတစ်ဝက်ခန့်ထည့်၍ ကလိုရင်းရည် လဘက်ရည်ဇွန်းတစ်ဇွန်းထဲ့ပါ။
ပုံးအတွင်းမျက်နှာပြင်များကို သေချာစွာပွတ်တိုက်ပြီး ရေစစ်၊ နို့ခြင်ခွက်စသည်တို့ကို ထိုရေထဲသို့နှစ်ဆေးပါ။
ထိုသို့ဆေးကြောပြီးနောက် ရေကိုသွန်ပြီး ပစ္စည်းများကို ရေစစ်ပါ။
၄။ ရေစစ်ခြင်းနှင့် အခြောက်ခံခြင်း
ပုံးများကိုစင်ပေါ်တွင်မှောက်၍ အခြောက်ခံပါ။ခြောက်သွေ့ပါက ပုံးကိုအဖုံးဖုံးထားပါ။
ထိုသို့ပုံးများခြောက်သွေ့ခြင်းသည် ဘက်တီးရီးယားပိုးပေါက်သွားခြင်းကို တားဆီးနိုင်ပါသည်။
မြန်မာ-နယူးဇီလန် ကောင်းမွန်သော နို့စားနွားမွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်