တစ်ပိုင်တစ်နိုင် ငါးမွေးမြူခြင်းနှင့် ငါးသားပေါက် ပြုစုခြင်းအတွက် လေပေးရေလှည့်စနစ်
၁။ ငါးကန်အောက်ခြေမှာ စုပုံလျက်ရှိသော ငါးမစင်အညစ်အကြေးနှင့် အစာကျန်များ ရေညှိနှင့် ရေမှော်အဆွေးများ ဓာတ်ပြိုကွဲရာမှာ နိုက်တြိုဂျင် ဓာတ်ပေါင်း (အမိုးနီးယားနှင့် နိုက်ထရိုက်) များထွက်ပေါ်ပါသည်။ ဤဖြစ်စဉ်တွင် ကန်ရေမှာ ပျော်ဝင်လျက်ရှိသော အောက်စီဂျင်ကို အသုံးပြုသောကြောင့် ငါးများ၏ ဇီဝကမ္မဖြစ်စဉ်အတွက် အောက်စီဂျင် မလုံလောက်မှုဖြစ်လာပါသည်။
၂။ ရေအစိမ်းရင့်ရောင်ရှိသော ကန်တွင်နေဝင်ချိန်မှစပြီးနောက်နေ့မနက်အထိ အပင်မျှောလှေး (Phytoplankton) များမှာလည်း အောက်စီဂျင် အသုံးပြုပါသည်။ ထို့ကြောင့် ညဦးပိုင်းမှစ၍နောက်တနေ့ နေ ထွက်လာသည်အထိ ရေတွင်ပျော်လျက်ရှိသော အောက်စီဂျင်ပမာဏမှာ တဖြည်းဖြည်းနည်းပါးလာလေ့ရှိပါသည်။
၃။ ငါးအစာစားနှုန်းလျော့ခြင်း၊ ကြီးနှုန်းနှေးခြင်း ၊ သန်စွမ်းမှုမရှိခြင်း၊ ရောဂါကူးစက်ခြင်း ၊ နေ့စဉ်ငါးအသေများတွေ့ခြင်း အချိန်ကြာလာသည်နှင့်အမျှ ငါးသေနှုန်းများလာခြင်း စသည်များ ကြုံတွေ့လာမည် ဖြစ်သည် ။ ရာသီဥတုပူပြင်းခြင်း ၊ ကန်ရေအပူချိန် မြင့်မားခြင်း၊ ရေမလုံလောက် ခြင်း ရှိလာသောအခါ ဤဖြစ်စဉ်မှာ ပိုမို ဆိုးဝါးပါသည်။ ဤအခြေအနေကိုကျော်လွှားနိုင်ရန်ရေဒလက် (Paddlewheels) ၊ လေပေးစက် (Compressor & blower)၊ လေပန်း (Diffusers) စသည်များကို ဒီဇယ် ၊ လျှပ်စစ် ၊ နေရောင်ခြည်စွမ်းအင်ဖြ င့် အသုံးပြုလျက်ရှိပါသည်။
၄ ။AQUADAPT MYANMAR သည် စရိတ်သက်သာပြီး လွယ်ကူစွာ သုံးနိုင်သည့်လေပေးရေလှည့်စနစ် (Venturi Aeration System) ကိုတီထွင်ထားပါသည်။ ကန်ရေတွင် အောက်စီဂျင်(DO2- Dissolved Oxygen) ပိုမိုရရှိစေပြီး ကန်ရေအရည်အသွေးကျခြင်းရေပျက်ခြင်းကို အတော်အတန် ကာကွယ်နိုင်မည် ဖြစ်ပါသည် ။ ဧရာဝတီတိုင်း မအူပင်ခရိုင် ၊ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်ရှိ ငါးမွေးကန် အချို့တွင် ငါးလုပ်ငန်းဦးစီးဌာနနှင့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ကူညီမှုဖြင့်အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီး ဖြစ်ပါသည်။
၅။ ဤနည်းစနစ်ဖြင့် တစ်ပိုင်တစ်နိုင် ငါးမွေးမြူသူများသည်ရာသီဥတုပြောင်းလဲခြင်း အပူချိန် မြင့် မားလာခြင်းကြောင့် ကန်ရေအရည် အသွေးကျဆင်းပျက်စီးမှုကို ထိမ်းသိမ်းကာကွယ်နိုင်မည်ဖြစ်ပါသည်။ လက်တွေ့ ပြသခြင်းသာမက ပိုမိုကောင်းမွန်သောနည်းစနစ်များ ဖော်ထုတ်နိုင်ရန် ငါးလုပ်ငန်းဦးစီးဌာန ၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ ငါးမွေးသူများနှင့် ပူးပေါင်းပြီး သုတေသနများ ဆက်လက်ပြုလုပ်သွားမည် ဖြစ်ပါသည် ။
ဒေါက်တာ ခင်မောင်စိုး (Ph.D.)
source - aquadapt myanmar facebook page
မင်း
လွန်ခဲ့သော ၄ နှစ် ကတီထွင်ထားတာလေ နမူနာပြပါလား
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဒီနှစ်နွေစပါးအတွက် အယ်နီညိုရှိတော့ မျိုးစပါးအတွက်။ ဆာဖိုးသာနဲ့ Gw11 ဘယ်မျိုးထည့်ရင် ကောင်းနိုင်လဲဆရာ
Nwe Nwe aung • ဖြေကြားချက် 1 ခု
ကွမ်းစိုက်ထားတာလသားအရွယ်မှာပဲသေနေတာ ၃လသားရှိပြီ ပင်ခြေနားကနေအဖြူလေးတွေအလုံးတွေကပ်နေပြီးအမြစ်ပုတ်သေနေတာ ဘာလုပ်ရမလဲဗျာ
JohnSaw • ဖြေကြားချက် 1 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ
Nga Chan • ဖြေကြားချက် 3 ခု
ထရိုင်ကိုဒါးမားကို မန္တလေး (သို့မဟုတ်) တံတားဦးအနီးတဝိုက် ဘယ်မှာဝယ်ယသလို့ရလဲသိချင်ပါတယ်ဗျ
Nyan Lwin Tun • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026