ကမ္ဘာ့အကြီးဆုံးအာလူးဥစံချိန်နဲ့ ကပ်လွဲခဲ့ရတဲ့ နယူးဇီလန်စုံတွဲ

17/03/2022 15:55 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

နယူးဇီလန်နိုင်ငံက စုံတွဲတစ်တွဲဟာ ကမ္ဘာ့အကြီးဆုံးအာလူးဥကြီး တွေ့ရှိပြီလို့ ထင်မှတ်ခဲ့ကြပေမယ့် ဥကြီးရဲ့ DNA မျိုးဗီဇစစ်ချက် ထွက်လာချိန်ကျမှ အခြားအမြစ်ဥတစ်မျိုး ဖြစ်နေတာကို သိလိုက်ရပြီး ကမ္ဘာ့စံချိန်နဲ့ ကပ်လွဲသွားရပါတယ်။

ကိုလင်းနဲ့ ဒွန်နာခရိတ်ဘရောင်းတို့ စုံတွဲဟာ ၂၀၂၁ ခုနှစ်၊ သြဂုတ်လတုန်းက ဟာမီတန်မြို့အနီးက သူတို့ခြံလေးထဲမှာ ၇.၈ ကီလို (၄.၈ ပိဿာနီးနီး) အလေးချိန်ရှိတဲ့ ဥကြီးကို တူးဖော်တွေ့ရှိခဲ့တာပါ။

ကိုလင်းဟာ စတွေ့တွေ့ချင်း ထူးဆန်းတဲ့ဥပုံစံကို ကြည့်ကာ ကန်စွန်းဥလို့ ထင်မှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဥရဲ့ ဧရာမအရွယ်အစားကို တွေ့လိုက်တော့မှ အင်မတန်မှ ကြီးလွန်းတာကြောင့် ကန်စွန်းဥ မဖြစ်နိုင်လို့ ဆုံးဖြတ်ခဲ့ကြောင်း ဇန်နဝါရီလအတွင်းက This Morning အစီအစဉ်နဲ့ တွေ့ဆုံစဉ် ပြောဆိုခဲ့ပါတယ်။

ခြံထဲမှာ တူးရင်းဆွရင်း ဒီဥကြီး တွေ့ရှိခဲ့ပုံနဲ့ ပတ်သက်ပြီး ကိုလင်းက “ ဗိုက်ကင်းလူဆိုးကြီးတစ်ယောက်လိုမျိုး မြေကြီးထဲကို ခက်ရင်းခွ ထိုးသွင်းလိုက်ချိန်မှာ အာလူးဥကြီးနဲ့ တည့်တည့်တိုးတာပဲ” လို့ ပြောပြပါတယ်။

ဒါဟာ ဧရာမအာလူးဥကြီး ဖြစ်လောက်တယ်ဆိုတဲ့ သူ့အထင်ကို အာလူးသား အနည်းငယ် မြည်းစမ်းကြည့်ကာ အတည်ပြုခဲ့ပြီး သူတို့စုံတွဲက ဥကြီးကို ဓာတ်ပုံတွေရိုက်၊ စာရွက်စာတမ်းတွေ ပြင်ဆင်ကာ ဂင်းနက်ကမ္ဘာ့စံချိန်အဖွဲ့ထံ ကမ္ဘာ့စံချိန်ဝင်ခွင့်ရရှိရေး လျှောက်ထားခဲ့ကြပါတယ်။

ဒါပေမဲ့လည်း ပြီးခဲ့တဲ့အပတ်က ဂင်းနက်အဖွဲ့ ပြန်ကြားခဲ့တဲ့ အီးမေးလ်ထဲမှာ ဒီဧရာမဥကြီးဟာ အာလူးဥ မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။

“ဝမ်းနည်းပါတယ်။ ဒီနမူနာဟာ အာလူးဥ မဟုတ်ပါဘူး။ ဒါဟာ ဘူးမျိုးဝင် အပင်တစ်မျိုးမျိုးရဲ့ အမြစ်ဥကြီးပါ။ ဒါကြောင့် ယခုလျှောက်ထားချက်ကို စိတ်မကောင်းစွာနဲ့ ငြင်းပယ်လိုက်ရပါတယ်” လို့ အီးမေးလ်ထဲမှာ ရေးထားပါတယ်။

ဒီသတင်းအတွက် စိတ်ပျက်မိကြောင်းကို ကိုလင်းက ယခုလို ပြောပါတယ်။ “ ကိုယ့်ဘက်က ဘာပြန်ပြောလို့ရမှာလဲ။ ကျုပ်တို့က ခင်ဗျားတို့ကို မယုံကြည်ဘူးလို့လည်း ပြောလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ DNA မျိုးဗီဇစစ်ချက်တွေကိုပါ သူတို့ဆီ ပို့ပေးထားတာကိုး” လို့ ပြောပါတယ်။

လက်ရှိ ကမ္ဘာ့အကြီးဆုံးအာလူးဥ စံချိန်ကိုတော့ ယူကေ နော်တင်ဟမ်ရှိုင်းယားဒေသက ဟင်းသီး ဟင်းရွက်စိုက်ပျိုးသူ ပီတာဂလေ့ဘရွတ်က ပိုင်ဆိုင်ထားပြီး သူ့အာလူးဥရဲ့ အလေးချိန်ဟာ ၄.၉၈ ကီလို ရှိခဲ့ပါတယ်။

ကိုလင်းကတော့ သူတွေ့ခဲ့တဲ့ ဧရာမဥကြီးကို 'Dug' လို့အမည်ပေးထားပြီး အအေးခန်းထဲမှာ သိမ်းထားဆဲပါပဲ။

“ ကျွန်တော် အအေးခန်းထဲကနေ စားသောက်ဖွယ်ရာတချို့ သွားယူဖြစ်တဲ့အခါတိုင်း ဥကြီးကို နှုတ်ဆက်နေကျပါ။ သူက တကယ့် အေးတိအေးစက်ကောင်ကြီးဗျ။ အာလူးမဟုတ်တဲ့ ကမ္ဘာ့အကြီးဆုံးဥကြီးပေါ့” လို့ ကိုလင်းက ပြောပါတယ်။

ဒီဧရာမဥကြီးကို မတော်တဆ စိုက်ပျိုးမိရာကနေ ကိုလင်းဆီမှာ ဖြစ်လာတဲ့ဆန္ဒကတော့ ကမ္ဘာ့အကြီးဆုံးအာလူးဥအစစ်ကို စိုက်ပျိုးပြီး လက်ရှိကမ္ဘာ့စံချိန်ကို ချိုးဖျက်ဖို့ ဖြစ်ပါတယ်။ စံချိန်ချိုးမယ့်အာလူးဥကြီးကို နောက်ရာသီမှာ စတင်စိုက်ပျိုးဖို့ ပြင်ဆင်နေကြောင်းလည်း ပြောပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: WORLD’S LARGEST POTATO IS ACTUALLY A TUBER, SAYS GUINNESS WORLD RECORDS - The Telegraph

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်