ရာသီဥတုပြောင်းလဲခြင်း၊ ဇီဝဖိစီးမှုကြောင့် အပင်အတွင်း ခုခံယန္တရား ဖြစ်ပေါ်ခြင်း

27/12/2018 15:28 PM တွင် ဦးဖရက်သိန်းဖေ ဦးဖရက်သိန်းဖေ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မျက်မှောက်ကာလသည် ရာသီဥတုပြောင်းလဲခြင်းကြောင့် လူသားအပါအဝင် ကမ္ဘာ့သက်ရှိလောကတစ်ခုလုံးကို ခက်ခဲစေသော အနေအထားမျိုးနှင့် ကြုံတွေ့နေရသည်။  လေထုအတွင် ဖန်လုံအိမ် ဓာတ်ငွေ့များတိုးလာခြင်း၊ နေရောင်ခြည် ကမ္ဘာမြေပေါ်သို့ သက်ရောက်မှုများတိုးလာခြင်းကြောင့် ကမ္ဘာမြေတွင် အပူချိန် ၀ ဒသမ ၇ မှ ၀ ဒသမ ၈ စင်တီဂရိတ် တိုးလာရုံမျှဖြင့် ရာသီဥတုပြောင်းလဲခြင်းဒဏ်ကို သိသာစွာ ခံစားလာရဿည်။

အပူချိန် ၁ ဒသမ ၅ စင်တီဂရိတ်တိုးလာပါက အယ်လ်နီညိုက ကဲ့သို့သော သဘာဝကပ်ဘေးများကျရောက်နိုင်သည်ဟု ပညာရှင်များက ခန့်မှန်းထားကြသည်။ ထို့ကြောင့် ကမ္ဘာ့လေထုအပူချိန် ၁ ဒသမ ၂ ဒီဂရီ စင်တီဂရိတ်ထက် တိုးမလာအောင် ထိန်းကျောင်းမှုများကို ပြုလုပ်လျက်ရှိသည်။

ရာသီဥတုပြောင်းလဲခြင်းကြောင့် အပင်များတွင် ဖိစီးမှုများခံစားလာကြရသည်။ ရေနည်းခြင်း၊ အပူချိန်မြင့်တက်ခြင်း၊ နေရောင်ခြည်ပြင်းထန်စွာကျရောက်ခြင်း၊ ဆားပေါက်ခြင်း၊ ရေမြုပ်ခြင်း စသည်တို့မှာ အဇီဝဖိစီးမှုများဖြစ်သည်။ အပင်များ အတွင်းရှိ ဇီဝကမ္မဆိုင်ရာဖောက်ပြန်မှုများ ဖြစ်ပေါခြင်း၊ ပိုးမွှားရောဂါကျရောက်ခြင်းတို့မှာကား ဇီဝဖိစီးခြင်းဖြစ်သည်။ ရာသီဥတုပြောင်းလဲခြင်းကြောင့် ဇီဝဖိစီးမှုများဖြစ်ပေါ်ရာတွင် ပိုးမွှားများ၊ ရောဂါများကျရောက်ခြင်းကို ပညာရှင်များက သတိပြုမိကြသည်။ ရာသီဥတုပြောင်းလဲခြင်းနှင့် ပိုးမွှားရောဂါကျရောက်ခြင်းတို့၏ ဆက်နွယ်မှုကို အစပိုင်း၌ အလေးထားလေ့လာရန် သတိမပြုမိခဲ့ကြပေ။

ရာသီဥတုပြောင်းလဲခြင်းကြောင့် သီးနှံပင်များ၏ ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှုထိခိုက်လာသောအခါ ထိုပျော့ကွက်ကိုနင်း၍ ရောဂါပိုးမွှားများသီးနှံပင်ကို ဝင်ရောက်နှိပ်စက်တော့သည်။ ထို့ကြောင့် ရာသီဥတုပြောင်းလဲခြင်းကို ခံစားနေရ၍ အင်အားချည့်နဲ့နေသောအပင်များ ပိုးမွှားရောဂါတည်းဟူသော ဇီဝဖိစီးမှုကိုခံစားရသောအခါ ပို၍ ထိရောက်မှု  ပြင်းထန်လာတော့သည်။ အဆုံးတွင် စိုက်ပျိုးရေးလုပ်ငန်းတစ်ခုလုံး အလွန်အမင်းပျက်စီးပြီး လူတို့၏ အနာဂတ်ကိုပင် ခြိမ်းခြောက်လာ၏။

ရာသီဥတုပြောင်းလဲခြင်းကို ခံစားရသော အပင်များအနေဖြင့် ယင်းတို့၏ သဘာဝအလျောက် အပင်အတွင်း ရာသီဥတုကြောင့် ဖြစ်သော ဖိစီးမှုကိုခုခံနိုင်မည့် ခုခံယန္တရားပေါ်ထွက်မြဲဖြစ်သည်။ ပညာရှင်များအနေဖြင့် ထိုသို့သော ခုခံမှုများကို ဖော်ပြရာတွင် အများအားဖြင့် ဖိစီးဟော်မုန်းများသာမက ဖြစ်ပေါ်လာသော ရောဂါများကသည်ပင်လျှင် အပင်အတွက် ခုံခံယန္တရားတစ်ရပ်ဖြစ်ပေါ်စေကြောင်း သိရှိလာကြသည်။

အေဖလက်တော့ဇင်( Alflextoxin)

မြေပဲပင်ကဲ့သို့သော သီးနှံမျိုးတွင် အက်စပါးဂျီးလပ်စ် (Aspergillus) မျိုးစုမှ မျိုးစိတ်အချို့စွဲကပ်သောအခါ အက်စပါးဂျီးလိုစစ် (Aspergillosis)ဟုခေါ်သော ရောဂါတစ်မျိုးခံစားရတော့သည်။ ထိုရောဂါမှာ အပင်ငယ်စဉ်၌  ကျရောက်လေ့မရှိဘဲ အပင်ရိတ်သိမ်းခါနီးကာလမျိုးတွင်သာ ကျရောက်တတ်သော ရောဂါဖြစ်သည်။ အထူးသဖြင့် မြေပဲပင်များကို နုတ်ယူသိမ်းဆည်းချိန် မတိုင်မီ ကာလလေးအတွင်း ဖြစ်တတ်သည်။ ထိုအချိန်မျိုးတွင် ရာသီဥတုပြောင်းလဲခြင်းကြောင့် ဖိစီးမှုများ ခံစားရသော်လည်း အဖြစ်များသည်။

ရိတ်သိမ်းခါနီး ရင့်ခါနီးတွင် ဖိစီးမှုတစ်စုံတစ်ရာကို ခံစားရပါက ခုခံအားကျဆင်းလာပြီး ပြင်ပမှ ဖိစီးမှုများကို  ပို၍ခံစားရလာသည်။ ထိုအချိန်တွင် အဆိပ်များဖြစ်ပေါ်လာသည်။ ထိုဖြစ်ပေါ်လာသော အဆိပ်များမှာ မြေပဲပင်အား ပိုးမွှားနှင့် အခြားရောဂါများကျရောက်စေရန် တန်ပြန်ကာကွယ်ပေးနိုင်သော အစွမ်းရှိသည်။ ထိုမှိုစွဲကပ်ပြီးသောမြေပဲပင်များမှာ အစေ့များမရင့်သေးခြင်းကြောင့် မနုတ်နိုင်သေးသော အခြေအနေတွင် မြေထဲမှ နီမတုတ်ကဲ့သို့သော ပိုးများပင် အပင်အတွင်း မဝင်ရောက်နိုင်ရန် ကာကွယ်ပေးသည်။

တစ်နည်းဆိုသော် ရောဂါကြောင့်ဖြစ်ပေါ်လာသော အဆိပ်က အပင်အတွင်းမှာနေ၍ နောက်ထပ်ဝင်ရောက်မည့် ပိုးမွှားများ ထပ်မံဝင်ရောက်နိုင်ရန် တာဆီးပေးခြင်းဖြစ်သည်။ မြေပဲပင်အတွင်း ဖြစ်ပေါ်သော ထိုအဆိပ်များသည် ခုခံယန္တရား ဖြစ်သော်လည်း မြေပဲပင်ကြောင့်ဖြစ်ပေါ်ခြင်းမဟုတ်ဘဲ မြေပဲပင်တွင် စွဲကပ်သော အက်စပါးဂျီးလပ်(စ်) မှိုကြောင့် ဖြစ်ပေါ်ခြင်းဖြစ်သည်။

ထိုအဆိပ်ဖြင့် သီးနှံပင်ဖြစ်သော မြေပဲပင်ကို ကာကွယ်ရာတွင် သီးနှံပင်အသက်ရှင်စဉ်၌သာမက ခူးဆွတ်ပြီးမြေပဲစေ့များကို သိုလှောင်သိမ်းဆည်းထားသည်အထိ ဆက်လက်ကာကွယ်ပေးလျက်ရှိသည်။ မြေပဲပင်တွင် စွဲကပ်သောအက်စပါးဂျီးလပ်(စ်) များ သေဆုံးသည့်တိုင်အောင် အဆိပ်များမှာ ပျောက်ကွယ်မသွားဘဲ အစေ့များအတွင်းဆက်ရှိနေသည်။ ထိုအဆိပ်ပါသော မြေပဲစေ့ကို စားသုံးမိသော လူ၊ တိရစ္ဆာန်တို့ "ကင်ဆာ" ရောဂါကို ခံစားကြရသည်။ ထို့ကြောင့်ဆီကြိတ်ပြီး ၊ ပဲဖက်ဘဝ၌လည်း ထိုအစက်များဆက်ရှိနေခြင်းကြောင့် ထိုပဲဖက်များကို တိရစ္ဆာန်စာအဖြစ် အသုံးပြုပါက စားသုံးသော တိရစ္ဆာန်များကို အဆိပ်သင့်စေသည်။ "ကင်ဆာ"ရောဂါဖြစ်စေသည်။ ထို့ကြောင့် နိုင်ငံခြားတိုင်းပြည်များမှ တိရစ္ဆာန်များ အတွက် ပဲဖက်များကို တင်သွင်းရာတွင် အဖလက်တော့ဇင်မှိုအဆိပ်များပါမလာရန် အထူးစစ်ဆေးကြရသည်။

တိရစ္ဆာန်များစားသုံးသော ပဲဖက်များအတွင်း ထိုအဆိပ်သန်းတစ်ထောင်ပုံ အပုံ ၂၀၀ ပါရုံမျှဖြင့် တိရစ္ဆာန်များအား အဆိပ်သင့်စေနိုင်ခြင်းလက္ခဏာလေ့လာတွေ့ရှိရသည်။ သန်းတစ်ထောင်ပုံ ၅၀ ပုံသို့ ရောက်ရှိပါက ထိုမြေပဲဖက်ကို တိရစ္ဆာန်အစာအဖြစ် အသုံးမပြုနိုင်တော့ပေ။

အပင်များရောဂါကျရောက်မှုကို ရာသီဥတုပြောင်းလဲခြင်းနှင့်ဆက်စပ်ခြင်း

ပညာရှင်များ၏ လေ့လာချက်အရ အရည်အသွေးကောင်းမွန်ပြီး အထွက်နူန်းကောင်းသော အပင်များရရှိရန် သီးနှံပင်၏ သက်တမ်းတစ်လျှောက်လုံး ဇီဝဖိစီးမှုမျိုးကျရောက်ရန် စိုက်ပျိုးသူအနေဖြင့် စောင့်ရှောက်ရန်လိုအပ်သည်။

အကယ်၍ ရေငတ်ခြင်း၊ အပူချိန်မြင့်လွန်းခြင်းတို့ကဲ့သို့သော ဖိစီးမှုမျိုးကို ခံစားလာရပါက အပင်အတွင်း ခုခံယန္တရားများ အလိုအလျောက်ဖြစ်လာပြီး ခုခံမြေဖြစ်သည်။ ထိုယန္တရားသည် အပင်ကို ကာကွယ်မှုပေးသော်လည်း စားသုံးသူများ အတွက်ကား အဆိပ်ဖြစ်စေပြန်သည်။ ထိုအဆိပ်မျိုးမဖြစ်ပေါ်စေရန်မှာ သီးနှံပင်စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ ကာကွယ်ရန် လိုအပ်သည်။ အကယ်၍ ထိုဆက်နွယ်မှုအားလုံးကို စိုက်ပျိုးသူအနေဖြင့် သဘောပေါက်ပါက ပြောင်းလဲနေသာ ရာသီဥတုကို ပို၍မှန်ကန်စွာ ရင်ဆိုင်နိုင်မည်ဖြစ်ပါသည်။

ဦးဖရက်သိန်းဖေ

စိုက်ပျိုးစီးပွားဂျာနယ်မှ ကူးယူဖော်ပြပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်