ပဲဈေးအကျကြမ်း၊ ဆန်ကြမ်းဈေးလည်းကျတဲ့ သီးနှံဈေးနှုန်းတွေနဲ့ ရှေ့အလားအလာ (၇.၂.၂၀၂၂ - ၁၁.၂.၂၀၂၂)

12/02/2022 11:59 AM တွင် AMIA AMIA မှ ရေးသား

weekly crop prices

ဆန်

ရန်ကုန်ဈေးကွက်မှာတော့ ဆန်ဈေးတွေ အပြောင်းအလဲ ရှိပါတယ်။ ဆန်ချော အများစု ဈေးက တက်လာပြီး ဆန်ကြမ်းအချို့ကတော့ ဈေးကျဆင်းသွားပါတယ်။ 

မတ်ပဲ

မတ်ပဲကတော့ ဒီတစ်ပတ်မှာ တစ်တန်ကို ၁၂ သိန်းအောက်ထိ ဈေးကျသွားလို့ အကျကြမ်းခဲ့ပါတယ်။ 

ပဲစင်းငုံနီ

ပဲစင်းငုံနီကလည်း ဒီတစ်ပတ်မှာ ဈေးကျဆင်းသွားပြီး တစ်တန်ကို ၁၃ သိန်းအောက်ရောက်ရှိသွားပါတယ်။ ပြည်တွင်းလက်ကျန်က ပြီးခဲ့တဲ့ နှစ်ကတည်းက လျော့နည်းနေတာ ဖြစ်လို့ ဝယ်ယူမှုရှိနေပေမယ့် ပဲသစ်တွေ ဆက် တိုက် ဝင်ရောက်နေခဲ့ပြီး ဈေးချဝယ်ယူမှုကြောင့် ဈေးက ကျဆင်းနေခဲ့တာဖြစ်ပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကတော့ ဈေးဆက်တိုက်ကျဆင်းနေပါတယ်။ 

ကြက်သွန်နီ

ကြက်သွန်နီကတော့ ဒီတစ်ပတ်မှာ အနည်းငယ်ပြန်တက်လာပါတယ်။ ပြီးခဲ့တဲ့အပတ်ကအထိ ဆက်တိုက် အနိမ့် ဈေးနဲ့ရှိနေခဲ့တာဖြစ်ပေမယ့် အဝင်နည်းနေလို့ဈေးအနည်းငယ် ပြန်တက်လာတာပါ။

 ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်