အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဘဏ္ဍာနှစ်ဝက်အတွင်း ပြည်ပသို့ ရေထွက်ကုန် တင်ပို့မှု တန်ချိန် ၃ သောင်းကျော် လျော့ကျ

ဘဏ္ဍာနှစ်ဝက်အတွင်း ပြည်ပသို့ ရေထွက်ကုန် တင်ပို့မှု တန်ချိန် ၃ သောင်းကျော် လျော့ကျ

AMIA
AMIA • 20/10/2026

ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပထမနှစ်ဝက်အတွင်း ပြည်ပနိုင်ငံများသို့ ရေထွက်ကုန် တင်ပို့မှု တန်ချိန် ၃ သောင်းဝန်းကျင် လျော့ကျခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာန စာရင်းများအရ သိရသည်။

ယခု ဘဏ္ဍာနှစ်ဖြစ်သည့် ဧပြီလမှ စက်တင်ဘာလအထိ ၆ လတာကာလအတွင်း ပြည်ပသို့ ရေထွက်ကုန်ပစ္စည်း တန်ချိန် ၁.၆ သိန်းကျော် (၁၆၀,၀၀၀ ကျော်) တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ သန်း ၂၇၀ ကျော် ရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပထမနှစ်ဝက်တွင် တင်ပို့ခဲ့သည့် ရေထွက်ကုန် တန်ချိန်နှင့် ယှဉ်ပါက တန်ချိန် ၃ သောင်းဝန်းကျင် လျော့ကျသွားခဲ့သော်လည်း နိုင်ငံခြားငွေ ရရှိမှုအနေဖြင့်မူ အမေရိကန်ဒေါ်လာ ၉ သန်းဝန်းကျင်မျှသာ ကွာဟမှု ရှိကြောင်း သိရသည်။

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပထမနှစ်ဝက်တွင် ပြည်ပသို့ ရေထွက်ကုန် တန်ချိန် ၁၉၀,၅၆၇ ခန့် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၇၉ သန်းကျော် ရရှိခဲ့ကြောင်း သိရသည်။

"တန်ချိန်အနေနဲ့ဆိုရင် သောင်းချီ လျော့သွားတယ်။ နိုင်ငံခြားငွေ ရရှိမှုမှာတော့ အများကြီး လျော့မသွားဘူး။ အဓိက ဈေးကွက် မြင့်လာလို့ပါ။ တရုတ်က တင်ပို့မှု အများဆုံးပါ" ဟု ရေထွက်ကုန် ပြည်ပတင်ပို့သူ တစ်ဦးက ပြောသည်။

ပြည်ပနိုင်ငံများသို့ အဓိက တင်ပို့သည့် ရေထွက်ကုန်များမှာ ပုဇွန်၊ ငါးမြစ်ချင်း၊ ငါးသလောက်၊ ဂဏန်း၊ ခရုနှင့် ပင်လယ်ငါးများ ဖြစ်ပြီး တရုတ်၊ ထိုင်း၊ ဂျပန်၊ ဆော်ဒီ၊ အိန္ဒိယ၊ ယူအေအီး၊ စင်ကာပူ အပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့နေခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်ပသို့ ရေထွက်ကုန် တင်ပို့ရာတွင် ရေကြောင်း၊ လေကြောင်းနှင့် နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တင်ပို့နေခြင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသို့ လေကြောင်းဖြင့် တင်ပို့နေပြီး ဆော်ဒီ၊ အိန္ဒိယနှင့် စင်ကာပူနိုင်ငံများကိုမူ အအေးခန်း ကွန်တိန်နာများဖြင့် တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ရေထွက်ကုန် တင်ပို့မှုအနေဖြင့် စုစုပေါင်း မက်ထရစ်တန်ချိန် ၄၆၃,၇၈၈.၃၉ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၆၈၉.၁၅ သန်း ရရှိခဲ့ကြောင်း သိရသည်။

နောင်လာမည့် ကာလများတွင် ပြည်ပသို့ ရေထွက်ကုန် တင်ပို့မှုကို ပိုမို တင်ပို့နိုင်ရေးနှင့် နိုင်ငံခြားငွေ ပိုမိုရရှိအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ငါးမွေးမြူရေး ထုတ်လုပ်မှုနှင့် ပုဇွန်ထုတ်လုပ်မှုကို ပိုမို တိုးမြှင့်ထုတ်လုပ်ရန်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ခုချိန်ကုန်စိမ်းဘာစိုက်ရင်ကောင်မလဲအကြံလေးပေးပါးလာစားပက်သောက်ပင်ပေါ့

pupu • ဖြေကြားချက် 3 ခု

ခရမ်းပင်များပန်းပွင်မှအပင်များလိုက်သေတာဘာကြောင့်လဲဗျ အပင်များညိုပြီးသေနေတယ်ဗျဘာကြောင်သေတာလဲဘာဆေးများဖြန်ရမလဲ

Thantzinhen • ဖြေကြားချက် 1 ခု

ဆရာတို့ဗျ ခရမ်းချဥ် ပံ ၁၁၁ မျိုးပါ မိုးတွင်းစိုက်ထားတော့ အပင် အားမရဘူးဖြစ်နေတာ အရွက်တွန့်နေတာပါ ငယ်ငယ်က ရေလဲဝင်ထားပါတယ်ဘာလုပ်သင့်လဲ အကြံပေးပါဦးဗျ မြိုင်နယ်ကပါ ခင်ဗျ

Ko Nyan Myint Win • ဖြေကြားချက် 1 ခု

ကြက်‌ဟင်းခါးသီးပင်ကပိုးဘယ်လိုလုပ်ရမလဲ

Htet Myat Oo John • ဖြေကြားချက် 1 ခု

အပင်အထနှေးတဲ့မတ်ပဲကိုဆေးဆိုင်က ဆာလ်ဖာ၈၀%ပါတဲ့ဟာဘဲဖျန်းခိုင်းနေတယ် အမိုင်နိုအက်စစ်တို့ကအပင်မတက်ဘူးလာ ဆာလ်ဖာကတကယ်ဘဲ အပင်ကိုအထမြန်စေတာလား

Sawsamson • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။