တရုတ်နိုင်ငံက ထူးထူးဆန်းဆန်း လမ်းဘေးအစားအစာများ (၂)

19/06/2022 11:00 AM တွင် ဇင်ဘိုလွင် ဇင်ဘိုလွင် မှ ရေးသား

တရုတ်နိုင်ငံမှာ တွေ့နိုင်တဲ့ ထူးထူးဆန်းဆန်းလမ်းဘေးအစာတွေထဲက မြွေသားစွပ်ပြုတ်၊ ကြောင်ကင်၊ နှစ်တစ်ထောင်ကြက်ဥ၊ ပုတ်သင်ပျံကြော်၊ ပိုးစာကောင်ကြော်တွေအကြောင်းကိုတော့ အပိုင်း(၁) မှာ ဖော်ပြခဲ့ပြီးပါပြီ။

အခုအပိုင်း(၂) မှာတော့ ပိုးဟပ်ဟင်း၊ မိကျောင်းကောင်လုံးကင်၊ သိုးခေါင်းပြုတ်ကင်၊ ပင့်ကူကြော်၊ ဘလွတ်လို့ခေါ်တဲ့ သန္ဓေတည်နေတဲ့ဘဲဥဟင်း စတာတွေအကြောင်း ထပ်ပြောပြပေးသွားပါ့မယ်။

(၁) ပိုးဟပ်ဟင်း

ဟင်းနာမည်ဖတ်လိုက်တော့ ပျို့ချင်အန်ချင်ဖြစ်သွားသလားမိတ်ဆွေ။ ပိုးဟပ်တွေဆိုတာက အတွေ့ရအများဆုံးအင်းဆက်တွေထဲက တစ်မျိုးပါ။ ဒါပေမဲ့ တရုတ်လမ်းဘေးဈေးတွေထဲမှာတော့ ပိုးဟပ်တွေကို မတွေ့ရတာက ဆန်းနေ နိုင်ပါတယ်။ (ဟင်းလုပ်စားပစ်တာကိုး..)

သင်က မြေကြီးပေါ်မှာ ပိုးဟပ်တွေကိုတွေ့ရင် ကြောက်တတ်တဲ့လူစားမျိုးဆိုရင် ပိုးဟပ်တွေနဲ့ဟင်းပန်ကန်တစ်ချပ် သင့်ရှေ့တည့်တည့်မှာရှိနေတာမျိုးကို စိတ်ကူးယဉ်ကြည့်လိုက်ပါဦး..။ တရုတ်လူမျိုးတွေအမြင်မှာတော့ ဒီကောင်တွေ က အရသာရှိတဲ့ ပရိုတိန်းပြည့်တဲ့ အင်းဆက်မျိုးတွေပဲတဲ့ဗျ။ ကိုယ်တွေနဲ့တော့ ဖီလာဆန့်ကျင်ပေါ့လေ။

(၂) မိကျောင်းကောင်လုံးကင်

မိကျောင်းတစ်ကောင်လုံးကြီးကို ကင်တဲ့လူတွေကတော့ တကယ့်လူတွေပဲဗျာ။ လူကြားသူကြားထဲ ဒီလိုမျိုးမိကျောင်းကြီးတစ်ကောင်လုံးကို ကင်ထားတာကို မြင်ရဖို့ဆိုတာ သင်လည်းမျှော်လင့်ထားမယ်မထင်ဘူး။ ဒါပေမဲ့ တရုတ်ကလူတွေအတွက်တော့ ဒါက ဘာမှထွေထွေထူးထူး ရှိမနေပါဘူး။

မိကျောင်းသားကို အစိတ်အပိုင်းတစ်ခုအနေနဲ့ စားတာကိုမြင်ရင်တော့ သိပ်မထူးဘူးပေါ့။ ဒါပေမဲ့ တရုတ်မှာကျ တစ်ကောင်လုံးကြီးကင်ထားတာလေ။ ဒါဟာ ဘာကိုမှ အလေအလွင့်မဖြစ်စေတဲ့ တရုတ်ဟင်းလျာတစ်မျိုးပေါ့။

(၃) သိုးခေါင်းပြုတ်ကင်

မြွေသားစွပ်ပြုတ်တို့၊ မိကျောင်းကောင်လုံးကင်တို့၊ ပိုးဟပ်ဟင်းလျာတို့ကို သိပြီးပြီဆိုတော့ ဒီသိုးခေါင်းဟင်းလျာက ဘာဆန်းတော့မလဲပေါ့။ ဒါပေမဲ့ တရုတ် ဟင်းလျာဆိုတော့ နည်းနည်းလေးတော့ ဆန်းလိုက်ရမှဆိုသလိုမျိုး။

ဘာဆန်းတာလဲဆိုတော့ သူက ပန်းကန်ထဲမှာ သိုးခေါင်းကြီးတစ်ခေါင်းလုံးကို တည်ခင်းထားတာလေ။ ပလိတ်တင်မိုက်မိုက်လေးဆိုတော့ စားရတဲ့နည်းလမ်း က ဆန်းတာပေါ့လေ။ သိုးခေါင်းကိုတော့ အကောင်းဆုံးအရသာရဖို့ ပြုတ်ပြီးတော့ ကင်ထားတာပါတဲ့..။ 

(၄) ပင့်ကူကြော်

ဒါကတော့ ဒီစာရင်းထဲမှာ အဆန်းဆုံးလို့ ပြောရမလားပဲ။ အထူးသဖြင့် သင်က ပင့်ကူဆို ကြောက်တတ်သူဆိုရင်ပေါ့။ တာရန်တူလတ်စ် လို့ခေါ်တဲ့ ပင့်ကူက အကောင်ကြီးကြီး အမွှေးရှည်ရှည်ကောင်တွေတဲ့။ တွေးကြည့်ရုံနဲ့ ကျောချမ်းစရာကြီးနော်။ ယုံချင်ယုံ မယုံချင်နေပဲ။ တရုတ်လူမျိုးတွေကတော့ ဒီကောင်တွေကို မကြောက်တဲ့အပြင် အရသာရှိတဲ့ သွားရည်စာလိုမျိုးတောင် လုပ်စား ပစ်လိုက်သေး။

ဒီပင့်ကူအကြွပ်ကြော်ကို တရုတ်လူမျိုးတွေစားလာတာ ရာစုနှစ်တွေချီပေါ့။ ဒါပေမဲ့ တရုတ်ပြင်ပမှာ ဒီအကြော် ပေါ်ပြူလာဖြစ်လာကတော့ ၁၉၉၀ ခုနှစ်တွေကျမှပါတဲ့။ ဒီနေ့မှာတော့ သင့်အနေနဲ့ အိမ်လုပ်ပင့်ကူဟင်းလေးများစားချင်ရင် အင်တာနက်ပေါ်မှာ ပင့်ကူဟင်းလျာအသွယ်သွယ် ကို ရှာဖွေလေ့လာနိုင်ပါပြီ။

(၅) ဘလွတ် (သို့) သန္ဓေတည်ဘဲဥဟင်းလျာ

ဒါကတော့ တရုတ်လမ်းဘေးဈေးတွေမှာ အကျော်ကြားဆုံးဟင်းလျာတွေထဲက တစ်ခုဖြစ်သလို ဖိလစ်ပိုင်မှာလည်း အလားတူပါပဲ။ ဒီဟင်းလျာကို သင်မကြား ဖူးဘူးဆိုရင် ရှင်းပြမယ်။ ဒါက အကောင်ပေါက်ခါနီးဖြစ်နေတဲ့ဘဲဥကို ပြုတ်ထားတာပဲ။ ဥကိုခွာ၊ အထဲက သားလောင်းလေးကို စားရတာပေါ့။

တရုတ်စားဖိုမှူးတွေကတော့ ပိုစားကောင်းစေဖို့ ဆားနဲ့ရှာလကာရည်လေး ထည့်တယ်လို့ဆိုပါတယ်။ စားဖူးသူတွေပြောတာကတော့ ဘလွတ်ကိုစားရတာက ခရင်မ်ချိစ်လေးကိုစားရသလိုမျိုး၊ မလိုင်နုနုလေးကို စားရသလိုမျိုးပါပဲတဲ့။

ကဲ..ဒါမျိုးတွေ စားဖူးချင်တယ်ဆိုရင်တော့..တရုတ်နိုင်ငံကို အလည်တစ်ခေါက် လောက်ဖြစ်ဖြစ် ရောက်အောင်သွားလိုက်ပါလို့...။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်