ကာဘွန် နေရာမှန်အထိုင်ချခြင်း

06/09/2019 14:00 PM တွင် ဦးဖရက်သိန်းဖေ ဦးဖရက်သိန်းဖေ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   မှန်လုံအိမ်ဓာတ်ငွေ့များတွင် ထုထည်အားဖြင့် အများဆုံးဖြစ်သော ကာဘွန် ( ကာဘွန်ဒိုင်အောက်ဆိုက်) များမှာ နေရာမှားနေသည်ဟု ပညာရှင်များက တင်စားကြသည်။ မူလက ကာဘွန်အများစုသည် ရေနံ၊ ကျောက်မီးသွေးကဲ့သို့ မြေသားအနက်နေရာတွင် ရှိခဲ့ကြသည်။ သစ်တောကြီးများအတွင်း သစ်သားများတွင်ရှိနေသော ကာဘွန်များမှာလည်း နေရာမှန်တွင် ရှိနေခြင်းကြောင့် ရာသီဥတုပြောင်းလဲခြင်းအပေါ် ထိခိုက်မှုမရှိပါ။ ထိုရေနံများ၊ ကျောက်မီးသွေးများနှင့် သစ်တောများကို ဖျက်ဆီးပစ်ခြင်းက လေထုအတွင်းသို့ ကာဘွန်များ ရောက်ရှိပြီး အဆုံးတွင် အာကာသထဲမှနေ၍ ကမ္ဘာကြီးကို ပူနွေးစေသည်။

   အလွယ်ကူဆုံးဥပမာဖြင့် တင်ပြရလျှင် ခြေနင်းနေရာတွင်ရှိရမည့် ဖိနပ်က ဦးထုပ်နေရာတွင် ရောက်ရှိနေသကဲ့သို့ ဖြစ်သည်။ ထို့ကြောင့် ပညာရှင်များက ကာဘွန်များကို မူလနေရာမှန် မြေထဲသို့ပြန်ပို့ရန် သုံးသပ်လာကြသည်။ ကာဘွန်များ မူလနေရာမှန်ဖြစ်သော မြေတွင်းသို့ ပြန်၍ အထိုင်ချခြင်းကို ကာဘွန်နေရာမှန် အထိုင်ချခြင်း Carbon Sesquistartion ဟု ခေါ်သည်။ 

   လက်တွေ့အနေဖြင့် အဓိကပြုလုပ်ပုံမှာ ကာဘွန်ပစ္စည်း၊ အော်ဂဲနစ်ပစ္စည်းများကို မြေထဲသို့ ပမာဏများများ ပို့ဆောင်ထားခြင်းဖြစ်သည်။ ထိုသို့ ပို့ဆောင်ထားသော အော်ဂဲနစ်ပစ္စည်းများတွင်လည်း  အချိန်ကာလအားဖြင့် တာရှည်ခံသော ပစ္စည်းများရှိသကဲ့သို့ တာရှည်မခံသော ပစ္စည်းများလည်း ရှိနေပါသည်။ ဥပမာ- ဆဲလ်လျူးလို့စ် Celluloss ကဲ့သို့ တာရှည်မခံသော သစ်စိမ်းဓာတ်မြေသြဇာ Green Manure ကို အသုံးပြုပါက လျင်မြန်စွာ ဆွေးမြေ့ပြီးယင်းမှ နိုက်ထရပ်စ်အောက်ဆိုက်များ ပိုမိုလျင်မြန်စွာ များပြားစွာ ထွက်လာမည်ဖြစ်သည်။ အကယ်၍ ဆွေးမြေ့ရန် ခက်ခဲသော ကာဘွန်ပစ္စည်းဖြစ်သည့် လစ်နင် Lignin ပါ၀င်သော သစ်မာလွှစာမှုန့်မျိုးကိုသုံးပါက မြေဆီလွှာအတွင်း အချိန်ကြာမြင့်စွာ ကာဘွန်များ ရှိနေနိုင်မည်ဖြစ်သည်။

ဦးဖရက်သိန်းဖေ


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်