အချိုတည်းခရမ်းချဉ် ချယ်ရီ

29/04/2022 11:00 AM တွင် ဆုမြတ်နိုး ဆုမြတ်နိုး မှ ရေးသား

 

အနောက်တိုင်းနိုင်ငံတွေနဲ့ ကျွန်မတို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ချယ်ရီခရမ်းချဉ်မျိုးတွေကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးကာ အချိုပွဲအနေနဲ့ သုံးဆောင်နေကြပါတယ်။ 

မြန်မာနိုင်ငံမှာလည်း စမ်းသပ်စိုက်ပျိုးမှုတွေ ရှိနေပြီဖြစ်ပြီး စူပါမားကတ်တွေမှာလည်း ဝယ်ယူရရှိနိုင်နေပြီ ဖြစ်ပါတယ်။ 

 

ချယ်ရီခရမ်းချဉ်မျိုးတွေထဲမှာ ထူးခြားတဲ့ အရောင်တွေဖြစ်တဲ့ အဝါ၊ လိမ္မော်ရောင်၊  အမဲရောင်နဲ့ ပန်းရောင်တွေရှိပါတယ်။ အသီးပုံစံတွေ အနေနဲ့ အသီးရှည်အချွန်မျိုးနဲ့ အဝိုင်းမျိုးဆိုပြီး၂ မျိုးရှိပါတယ်။ အရသာကတော့ ခရမ်းချဉ် မြန်မာမျိုး၊ ရှမ်းမျိုးထက် ပိုချိုပါတယ်။ အရွယ်အစားမှာလည်း ပိုသေးပါတယ်။ ဥယျာဉ်ခြံသီးနှံမျိုးထဲ ပါဝင်တာကြောင့် တစ်ပိုင်တစ်နိုင် အိုးလေးနဲ့လည်း စိုက်ပျိုးနိုင်ပါတယ်။ 

 

ချယ်ရီခရမ်းချဉ်ဟာဆိုရင် ဗီတာမင်နဲ့ သတ္တုဓာတ်ကြွယ်ဝစွာပါဝင်ပြီး ကျန်းမာရေးအတွက် ဆေးဖက်ဝင်တဲ့ အသီးလည်းဖြစ်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်စီ ဓာတ်လည်း ကြွယ်ဝစွာပါဝင်နေပါတယ်။ ရိတ်သိမ်းချိန်ပေါ်မူတည်ပြီး အာဟာရဓာတ် ကွဲပြားစွာပါဝင်နိုင်တဲ့ အသီးတစ်မျိုးလည်းဖြစ်ပါတယ်။ 

 

ချယ်ရီခရမ်းချဉ်သီးမှာ လိုင်ကိုပင်းလို့ခေါ်တဲ့ ဒြပ်ပေါင်းပါဝင်တာကြောင့် ရောင်ရမ်းခြင်းနဲ့ သွေးခဲခြင်းကြောင့်ဖြစ်တဲ့ လေဖြတ်ခြင်း စတဲ့ပြဿနာတွေကို မဖြစ်အောင်ဟန့်တားကူညီပေးနိုင်တဲ့ အစွမ်း ရှိပါတယ်။ လိုင်ကိုပင်းဒြပ်ပေါင်းက အမျိုးသမီးတွေအများဆုံးဖြစ်တဲ့ အရိုးပွရောဂါကို မဖြစ်အောင် တားဆီးပေးပြီး အရိုးသိပ်သည်းဆ ဆုံးရှုံးမှုနည်းအောင် ကူညီပေးပါတယ်။ ထိုဒြပ်ပေါင်းက ရောဂါဖြစ်စေတဲ့ free radical တွေကို တိုက်ထုတ်ပေးပြီး အရေပြားကို ခရမ်းလွန်ရောင်ခြည် ထိရောက်မှုကို ကန့်သတ်ပေးနိုင်ပြီး နှလုံးကျန်းမာရေးကို အထူးကောင်းမွန်စေပါတယ်။

 

ဒါ့အပြင် ပါဝင်တဲ့ ဒြပ်ပေါင်းအများအပြားဟာ ကင်ဆာအမျိုးအစားများစွာ အပါအဝင် ရောဂါမျိုးစုံမျိုးစုံဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ခရမ်းချဉ်သီး နဲ့ ခရမ်းချဉ်သီး ထုတ်ကုန်တွေကို များများစားပေးရင် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ချေကို လျှော့ချပေးနိုင်တယ်လို့ သုတေသီတွေက ဆိုထားကြပါတယ်။

 

ဗီတာမင်အေ၊ စီ၊ အီး၊ ပိုတက်စီယမ် အမျှင်ဓာတ်နဲ့ ခိုလင်းဓာတ် တို့ ကြွယ်ဝစွာပါဝင်တဲ့ အသီးတစ်မျိုးလည်း ဖြစ်ပါတယ်။

သို့ပေမယ့်လည်း ဘယ်အရာမဆို တန်ဆေးလွန်ဘေးလို့ပဲ ပြောပါရစေ။ ချယ်ရီခရမ်းခရမ်းချဉ်ကို များများစားမယ်ဆိုရင် ပါဝင်တဲ့ မဲလစ်အက်ဆစ်ဓာတ်ကြောင့် လေတက်ခြင်းနဲ့ အစာအိမ်မကောင်းတာကိုပါ ဖြစ်စေတတ်တယ်လို့ ဆိုပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်