အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စမုန်မျိုးငါးပါးထဲက စမုန်နက်ရဲ့ကောင်းကျိုးများ

စမုန်မျိုးငါးပါးထဲက စမုန်နက်ရဲ့ကောင်းကျိုးများ

အင်္ဂလိပ်အမည် - Fennel

ရုက္ခဗေဒအမည် - Foeniculum vulgare

စမုန်မျိုးငါးပါးထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ စမုန်နက်ဟာ မုန်လာဥနီမျိုးရင်းဝင် အပင်ဖြစ်ပါတယ်။ သို့သော်လည်း အမြစ်ကို စားသုံးရတဲ့ ဟင်းသီးဟင်းရွက် အပင်တော့ မဟုတ်ပါဘူး။

စမုန်နက်မှာ အရောင်ခပ်ဖျော့ဖျော့ ပင်စည်ဥနဲ့ ရှည်လျားတဲ့ ရိုးတံတွေပါရှိပါတယ်။ စမုန်နက်အပင်ဟာ ဥကနေ ရိုးတံ၊ အရွက်၊ အပွင့်နဲ့ အစေ့အထိ အပင်ရဲ့ အစိတ်အပိုင်းအားလုံးကို စားသုံးနိုင်တာ ဖြစ်ပါတယ်။

သူရဲ့မူရင်းဒေသကတော့ မြေထဲပင်လယ် တောင်ပိုင်းဒေသပဲ ဖြစ်ပါတယ်။ စမုန်နက်ဟာ ဆေးဘက်ဝင်အပင်ဖြစ်သလို ဟင်းခတ်အမွှေးအကြိုင် အနေနဲ့လည်း အသုံးပြုနိုင်တာကြောင့် အစားအသောက်နဲ့ ဟင်းလျာတွေထဲမှာ ထည့်သွင်းအသုံးပြုကြပါတယ်။ အထူးသဖြင့် ငါး၊ သိုးသား ချက်ပြုတ်တဲ့နေရာတွေနဲ့ အသားစင်းကော လုပ်တဲ့နေရာတွေမှာ စမုံနက်ကို အဓိကအသုံးပြုကြလေ့ရှိပါတယ်။

ယခုဆောင်းပါးမှာတော့ စမုံနက်ရဲ့ ကောင်းကျိုးတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

အာဟာရဓာတ်များ

စမုံနက်ဟာ ကယ်လ်လိုရီပါဝင်မှုနည်းပြီး အာဟာရဓာတ်တွေကြွယ်ဝစွာ ပါဝင်နေတဲ့အတွက် ကျန်းမာရေးအတွက် သင့်တော်တဲ့ ဆေးဘက်ဝင် အပင်တစ်မျိုးဖြစ်ပါတယ်။ စမုံနက်ရဲ့ ပင်စည်ဥမှာ ပိုတက်စီယမ်၊ ဆိုဒီယမ်၊ ဖော့စဖောရပ်စ်နဲ့ ကယ်လ်စီယမ်ဓာတ်တွေအပြင် အော်ဂဲနစ်ဒြပ်ပေါင်းတွေ (fatty acid) နဲ့ မဂ္ဂနီစီယမ် ဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် စမုံနက်အစေ့မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ မှို၊ ဗိုင်းရပ်စ် စတာတွေကို ဆန့်ကျင်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။  

အရိုး သန်မာစေခြင်း

စမုံနက်မှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေဟာ အရိုးတွေရဲ့ ဖွဲ့စည်းတည်ဆောက်မှုကို ထိန်းသိမ်းပေးပြီး အရိုးတွေကို ကျန်းမာသန်စွမ်းစေပါတယ်။

ဖော့စဖောရပ်စ်နဲ့ ကယ်လ်စီယမ် - အရိုးတွေရဲ့ ဖွဲ့စည်းတည်ဆောက်မှုနဲ့ ကြီးထွားမှုကိုအားပေးပါတယ်။

အိုင်းယွန်းနဲ့ ဇင့် - သဘာဝအတိုင်း ကော်လာဂျင် (collagen) ထုတ်လုပ်မှုနဲ့ အရိုးတွေသန်မာစေဖို့ အားပေးပါတယ်။

မဂ္ဂနိစ် - အရိုးတွေ ကျစ်လျစ်မှုရှိစေဖို့ အားပေးပါတယ်။

ဗီတာမင် ကေ - အရိုးတွေ ကျွတ်ဆတ်တာ၊ ကျိုးတာမျိုးတွေ မဖြစ်အောင် ကူညီပေးပါတယ်။

 

သွေးဖိအား ထိန်းညှိပေးခြင်း

ခန္ဓာကိုယ်မှာ ပိုတက်စီယမ်ဓာတ် မလုံလောက်တဲ့အခါ သွေးဖိအားတွေကို တက်လာစေနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ စမုန်နက်မှာပါဝင်တဲ့ ပိုတက်စီယမ်၊ ကယ်လ်စီယမ်နဲ့ မဂ္ဂနီစီယမ် ဓာတ်တွေကြောင့် သွေးဖိအား ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် စမုန်နက်မှာပါဝင်နေတဲ့ နိုက်ထရိတ်ဓာတ်တွေဟာ သွေးကြောဆိုင်ရာ ပြဿနာတွေမဖြစ်ပွားအောင် ကူညီပေးနိုင်ပါတယ်။

နှလုံးကျန်းမာရေး ကောင်းစေခြင်း

စမုန်နက်မှာ နောက်ထပ်ပေါပေါများများ ပါဝင်နေတာက အမျှင်ဓာတ်ဖြစ်ပါတယ်။ ၎င်းဓာတ်တွေဟာ သွေးတွင်းမှာရှိတဲ့ ကိုလက်စထရောဓာတ်တွေကို လျော့ကျသွားအောင် ကူညီနိုင်ပြီး နှလုံးရောဂါ ဖြစ်ပွားမှုကို လျော့နည်းစေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်တွင်းမှာ သွေးကြောတွေကို ပျက်စီးစေနိုင်ပြီး နှလုံးဆိုင်ရာ ပြဿနာတွေဖြစ်ပေါ်စေနိုင်တဲ့ ဒြပ်ပေါင်းတွေ ဖွဲ့စည်းဖြစ်ပေါ်မှုကို စမုံနက်မှာပါဝင်တဲ့ ဗီတာမင် ဘီ ၆ (B-6) နဲ့ ဖောလိတ် (folate) ဓာတ်တွေက တားဆီးပေးနိုင်ပါတယ်။

ကင်ဆာ ကာကွယ်ပေးနိုင်ခြင်း

စမုန်နက်မှာ ပါဝင်တဲ့ ဆလီနီယမ် (Selenium) ဓာတ်ဟာ အခြားသော သစ်သီးဝလံတွေနဲ့ ဟင်းသီးဟင်းရွက် အတော်များများမှာ တွေ့ရလေ့မရှိတဲ့ သတ္တုဓာတ်တစ်မျိုး ဖြစ်ပါတယ်။ ၎င်းဓာတ်ဟာ အသည်းရဲ့ အင်ဇိုင်းလုပ်ဆောင်ချက်တွေကို ထောက်ပံ့ပေးပြီး ကင်ဆာရောဂါဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်းတွေကို ခန္ဓာကိုယ်ထဲကနေ ဖယ်ရှားရာမှာ ကူညီပေးပါတယ်။ ဒါ့အပြင် ရောင်ရမ်းမှုတွေနဲ့ အကျိတ်တွေရဲ့ ကြီးထွားလာမှုတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ စမုံနက်မှာပါဝင်တဲ့ ဗီတာမင် စီ၊ ဗီတာမင် အေနဲ့ ဘီတာ ကယ်ရိုတင်းတို့ဟာ ခန္ဓာကိုယ်တွင်း ဆဲလ်တွေပျက်စီးခြင်းကနေ ကာကွယ်ပေးနိုင်တဲ့ အစွမ်းထက်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ဖြစ်ပါတယ်။

အသားအရေ ကောင်းမွန်စေခြင်း

စမုံနက်ဟာ ဗီတာမင် စီ ကြွယ်ဝတဲ့ အရင်းအမြစ်တစ်ခုဖြစ်ပြီး အသားအရေကို ကျန်းမာစိုပြေအောင် ကူညီပေးနိုင်ပါတယ်။ ဗီတာမင် စီဟာ နေရောင်ခြည်၊ လေထုညစ်ညမ်းမှုနဲ့ ဖုန် (အမှုန်) တွေကြောင့် အရေပြားတွေပျက်စီးခြင်းကနေ ကာကွယ်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။

ဇင်ထူးနိုင်

ကိုးကားချက်

https://www.medicalnewstoday.com/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆရာခင်ဗျ ခရမ်းချဥ်ခင်းအတွက်ပါ ခရမ်းချဥ်ကတော့အသီးကတော့ အဆုတ်လိုက်တွေ သီးတာဗျ ဒါပေမဲ့ အပင်တက်ကျ နှေးနေလားလို့ဆရာ ဒီကြားထဲ ဆျာ ပီဖိုလန်ကို ရပ်ခိုင်းပီး ထွက်တိုးသုံးခိုင်းတာ နှစ်ကတ်တော့ဖျန်းပီးပီ နည်းနည်းတော့တက်လာတယ်ဆရာ အခုပထမပုံထဲက ရှယ်ပီကေ ကိုလဲ ဆျာပြောတဲ့ ပိုတက် အချိုးများလို့ အဲ့ဆေးလဲ ဖျန်းချင်တယ် အပင်ထိုင်သွားမှာလဲစိုးရတယ် အတာကို ဘယ်လိုဖျန်းသင့်လဲဆရာ ပီးတော့လေ ဝိစာရက ကပ်စီပလပ်နဲ့ မင်းမဟော်က မင်းသားက အာနိတင်တူလားဆရာ အဲ့ကယ်စီယမ်ပါတဲ့ဆေးတွေက ဘယ်နှစ်ရက်ကို ဘယ်နှစ်ကြိမ်လောက် ဖျန်းသင့်လဲဆရာ ကျွန်တော်ကတော့ ဘိုရွန်ပါတဲ့ ကပ်စီပလပ်ကိုကြိုက်မိနေလို့ ဆျာ အခုညနေက ဂရမ်း မှိုဆေးနဲ့ မင်းသား အားဆေးနှစ်မျိုးဖျန်းမှာပါဆရာ အတာပီးရင် ရှယ်ပီကေဝင်ချင်တာ အပင်ထိုင်သွားမှာစိုးလို့မဝင်ရဲဘူး အတာဆျာဘာဆေးတွေဝင်ရမလဲ အကြံပေးပါနော်ဆျာ မင်းသားနဲ့ ကယ်ီပလပ် ဘယ်ဟာနဲ့ရောတွဲရမလဲ နော်

U Yan • ဖြေကြားချက် 2 ခု

ဆရာကြီး ဆေးရွက်ကြီးသဘာဝပိုးသတ်ဆေးလုပ်နည်းမျှဝေပေးပါဆရာ။ ဆေးနှုန်းထားလေးလဲမျှဝေပေးပါဆရာ အပင်လောင်မှာကိုဆိုးရိမ်ရပါသလားဆရာ မျှဝေပေးပါအုန်း

U Than Toe Aung • ဖြေကြားချက် 2 ခု

ဂရန်600နဲမင်းသားမတ်ပဲးဖြန်လို့ရလား

ကိုနိုင်လင်း • ဖြေကြားချက် 3 ခု

ဒိန်ချဥ်ထဲ ကြေးနီပြား ထည့်စိမ်ပီး ရလာတဲ့အရည်က မှိုရောဂါကို ကုသနိုင်တယ်လို့ AIက ဖြေထားပါတယ် တကယ်ပဲ မှိုရောဂါကို ကုသနိုင်သလား ဘယ်လိုရောဂါတွေကုသနိုင်သလဲ ဆေးနည်းပြုလုပ်နည်းကို ဖြေကြားပေးပါဦးဆရာတို့

Khing Hein • ဖြေကြားချက် 1 ခု

ကျဲစပါး17ရက်လောက်မာအပင်ဝါပီးအဖြားခြောက်နေရင်ဘာလုပ်ရမလဲဗျ

K • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။