စမုန်စပါးကနေ ရရှိနိုင်တဲ့ ကျန်းမာရေးကောင်းကျိုးများ

06/05/2022 15:30 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

အင်္ဂလိပ်အမည် - Dill

ရုက္ခဗေဒအမည် - Anethum graveolens

စမုန်စပါးဆိုတာ ဥရောပနဲ့ အာရှအစားအစာတွေထဲမှာ မကြာခဏ ထည့်သွင်းအသုံးပြုလေ့ရှိတဲ့ နာမည်ကြီး ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင် အပင်တစ်မျိုး ဖြစ်ပါတယ်။ စမုန်စပါးရဲ့ မူရင်းဒေသကတော့  မြေထဲပင်လယ်ဒေသတွေနဲ့ ဥရောပ အရှေ့တောင်ဘက်ဒေသတွေပဲ ဖြစ်ပါတယ်။ စမုန်စပါးဟာ သေးသွယ်တဲ့ပင်စည်နဲ့ ပျော့ပျောင်းတဲ့ အရွက်တွေပါရှိပြီး အနံ့အားဖြင့် စူးရှပြင်းထန်သလို အရသာအားဖြင့် ချိုမြိန်တဲ့အရသာ ရှိပါတယ်။

စမုန်စပါးရဲ့ အရွက်နဲ့ အစေ့တွေကို ဆေးဘက်ဆိုင်ရာနဲ့ ဟင်းချက်ပြုတ်ရာမှာသာမက ကော်ဖီ၊ လက်ဖက်ရည်၊ မုန့်နဲ့ သကြားလုံး ပြုလုပ်တဲ့နေရာတွေမှာလည်း ထည့်သွင်း အသုံးပြုကြလေ့ရှိတာ ဖြစ်ပါတယ်။ စမုန်စပါးလို့ ဆိုလိုက်ရင် အဓိကအားဖြင့် အစေ့ရဲ့ ရနံ့ကြောင့် လူသိများထင်ရှားတာဖြစ်ပါတယ်။ အခြားသော ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင် အပင်တွေလိုပဲ စမုန်စပါးမှာလည်း ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေရှိနေတာကြောင့် ယခုဆောင်းပါးကနေတဆင့် မျှဝေပေးလိုက်ပါတယ်။  

ပါဝင်တဲ့ အာဟာရဓာတ်များ

စမုန်စပါးဟာ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေလိုပဲ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်နေတဲ့ အပင်ဖြစ်ပါတယ်။ စမုန်စပါးမှာ ဗီတာမင်စီ၊ ဗီတာမင်အေ၊ ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ ဖော့စဖောရပ်စ်၊ မဂ္ဂနီစီယမ်၊ မဂ္ဂနိစ်၊ အိုင်းယွန်း၊ ကာဗိုဟိုက်ဒရိတ်၊ အဆီဓာတ်၊ အမျှင်ဓာတ်နဲ့ ပရိုတင်း စသဖြင့် အာဟာရဓာတ်များစွာ ပါဝင်နေတာ ဖြစ်ပါတယ်။

ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝခြင်း

စမုန်စပါးရဲ့ မွှေးရနံ့ကြွယ်ဝတဲ့ အစေ့နဲ့ အရွက်တွေမှာ အီသနောလ် (ethanol) နဲ့ အစီတုန်း (acetone) ကဲ့သို့ ဒြပ်ပေါင်းတွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒါ့အပြင် စမုန်စပါးမှာ ပါဝင်တဲ့ ဗီတာမင်စီဟာလည်း ဓာတ်တိုးဆန့်ကျင်ပေးတဲ့ ဂုဏ်သတ္တိရှိနေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် စမုန်စပါးကို စွပ်ပြုတ်နဲ့ ဟင်းလျာတွေထဲမှာ ထည့်သွင်းအသုံးပြုခြင်းအားဖြင့် ခန္ဓာကိုယ်တွင်းမှာရှိနေတဲ့ ဆဲလ်တွေပျက်စီးခြင်း၊ အဆစ်အမြစ်ရောင်ရမ်းခြင်း၊ နှလုံးပြဿနာများနဲ့ အာရုံကြောဆိုင်ရာ ရောဂါများ ဖြစ်ပွားမှုကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

နှလုံးကျန်းမာရေး ကောင်းစေခြင်း

စမုန်စပါးမှာ ပါဝင်တဲ့ ဖလေဗိုနွိုက် (flavonoid) ဓာတ်တွေဟာ နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ရောင်ရမ်းမှုတွေကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် စမုန်စပါးဟာ နှလုံးတစ်သျှူးတွေရဲ့ ထိန်းသိမ်းမှုကို အားပေးတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကိုလည်း ထောက်ပံ့ပေးနိုင်တာကြောင့် နှလုံးရောဂါ ပြဿနာရှိနေတဲ့သူတွေအတွက် စမုန်စပါးဟာ သင့်တော်တဲ့ ရွေးချယ်မှု တစ်ခုဖြစ်စေမှာပါ။

ဆီးချိုဖြစ်ပွားမှု လျှော့ချပေးခြင်

စမုန်စပါး အစေ့ရဲ့ လူသိများထင်ရှားတဲ့ ကောင်းကျိုးတစ်ခုကတော့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး ဆီးချိုရောဂါ ကင်းဝေးစေတာ ဖြစ်ပါတယ်။ စမုန်စပါးရဲ့အရွက်တွေမှာ ဇီဝဆိုင်ရာပါဝင်ပစ္စည်း တစ်မျိုးဖြစ်တဲ့ ယူဂျီနောလ် (eugenol) ပါဝင်ပြီး ၎င်းကနေ သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် စမုန်စပါးဟာ ကစီဓာတ်ပြိုကွဲမှုကို ဂလူးကို့စ်အဖြစ်သို့ လျှော့ချပေးကာ ခန္ဓာကိုယ်အတွင်း အဆီများ ဖြစ်ပေါ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

အရိုးများ သန်မာစေခြင်း

စမုန်စပါးမှာ ကယ်လ်စီယမ်၊ အိုင်းယွန်း၊ ဗီတာမင် ဒီ နဲ့ ရီဘိုဖလက်ဗင် (riboflavin) စတဲ့ ဓာတ်တွေပါဝင်နေပြီး ၎င်းဓာတ်တွေကြောင့်ပဲ အရိုးများကို သန်မာစေတာ ဖြစ်ပါတယ်။ စမုန်စပါးမှာပါဝင်တဲ့ ကယ်လ်စီယမ်ဓာတ်ဟာ ခန္ဓာကိုယ်ကနေလိုအပ်တဲ့ ကယ်လ်စီယမ်ပမာဏကို ကောင်းစွာပံ့ပိုးပေးနိုင်ပြီး အရိုးတွင်းသတ္တုဓာတ် သိပ်သည်းဆများခြင်းနဲ့ အရိုးပွရောဂါမျိုးတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။  နောက်တစ်ချက်ကတော့ အမျိုးသမီးတွေမှာ အသက် ၃၀ ကျော်လာပြီဆိုရင် အရိုးနဲ့ ပတ်သတ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်လာလေ့ရှိပါတယ်။ အထူးသဖြင့် သွေးဆုံးချိန်နီးလာတာနဲ့အမျှ ၎င်းပြဿနာက ပိုတိုးလာလေ ဖြစ်ပါတယ်။ ဒါ့ကြောင့် အသက် ၃၀ ဝန်းကျင်ခန့် ရောက်လာပြီဆိုကတည်းက အရိုးကျန်းမာရေးကို ကြိုတင်ပြီး ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ ဒီလို အခြေအနေမှာ စမုန်စပါးဟာ ရွေးချယ်ဖို့ သင့်တော်တဲ့ အရာတစ်ခုဖြစ်စေမှာပါ။

ကိုယ်ခံအား ကောင်းစေခြင်း

စမုန်စပါးမှာ မိုနိုတာပင်စ် (monoterpenes) လို့ခေါ်တဲ့ ဒြပ်ပေါင်းတွေပါဝင်ပြီး ဘက်တီးရီးယား၊ မှိုနဲ့ ဗိုင်းရပ်စ်တွေကို ဆန့်ကျင်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေ ပါလို့ ကိုယ်ခံအားကို ကောင်းမွန်စေပါတယ်။ ဒါ့ကြောင့် အစားအစာတွေထဲမှာ ဆေးဖက်ဝင် စမုန်စပါးကို ထည့်သွင်း အသုံးပြုခြင်းဖြင့် ခန္ဓာကိုယ်အနှံ့အပြားမှာ ရှိနေတဲ့ ပိုးမွှားရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့အပြင် အရေပြားပေါ်မှာ ဖြစ်ပေါ်တတ်တဲ့ အသေးစားဒဏ်ရာများနဲ့ အကြောပြတ်တာမျိုးတွေ ကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

ကိုးကားချက်

https://www.organicfacts.net/

https://www.beyondpinkworld.com/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်