ထမင်းစားပြီးတိုင်း ရှောင်ကျဉ်ရမည့် အလေ့အထများ

26/09/2021 13:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

၁။ ဆေးလိပ်မသောက်ရ

    ထမင်းစားပြီးပြီးချင်း စီးကရက်တစ်လိပ်သောက်ခြင်းဟာ ၁၀ လိပ်သောက်တာနဲ့ညီမျှတယ်လို့ သက်သေပြထားပါတယ်။ ဒါ့ကြောင့် ဆေးလိပ်အရမ်းသောက်ချင်တယ်ဆိုရင်တောင်မှ အစာစားပြီးချင်း မသောက်သုံးသင့်ပါဘူး။

၂။ အသီး ချက်ချင်းမစားရ

    အချို့က ထမင်းစားပြီးရင် အချိုတည်းတဲ့အနေနဲ့ သစ်သီးဝလံတို့ကို ချက်ချင်းစားကြပါတယ်။ အမှန်းတော့ ဒါဟာ ကောင်းတဲ့အလေ့အထတော့မဟုတ်ပါဘူး။ ဝမ်းမှာ လေခံတတ်ပါတယ်။ ဒါ့ကြောင့် ဝမ်းဗိုက် လေထိုးလေအောင့်ဖြစ်ဖို့ ပိုလွယ်ကူပါတယ်။ ထမင်းမစားမီနဲ့ ထမင်းစားပြီး အနည်းဆုံး တစ်နာရီလောက်ခြားပြီးမှ သစ်သီးဝလံစားသုံးဖို့ တိုက်တွန်းထားပါတယ်။

၃။ လက်ဘက်ရည်မသောက်ရ

    လက်ဘက်မှာ အက်ဆစ်ဓာတ်ကြွယ်ဝပါတယ်။ ဒါ့ကြောင့် အစာစားပြီး လက်ဘက်ရည်သောက်ရင် စားထားတဲ့အစာများကို ပရိုတိန်းဓာတ်တိုးပွားစေပြီး အစာချေဖျက်ရန် ခက်ခဲသွားပါတယ်။​အစာမကြေ၊ ရင်ပြည့်ဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုပဲဖြစ်ပါတယ်။

၄။ ခါးပတ်မလျော့ရ

    အချို့က အစားစားနေတုန်းတော့ ဘာမှမလုပ်ဘဲနဲ့ အစားစားပြီးခါ ခါးပတ်လျော့တတ်ပါတယ်။ ဒါဟာလည်း ကောင်းတဲ့အလေ့အထ မဟုတ်ပါဘူး။ အစာအိမ်နဲ့ အူကို လိမ်စေပြီး အူလမ်းကြောင်းပိတ်တာတွေ ဖြစ်တတ်ပါတယ်။

၅။ ရေမချိုးရ

    ထမင်းစားပြီး တကယ် ရေမချိုးသင့်ပါဘူး။ ရေချိုးတဲ့အခါ ခန္ဓာကိုယ်တွင်းကသွေးကို ခြေဖျား၊​ လက်ဖျားအပြင် အခြား ခန္ဓာကိုယ်အစိတ်အပိုင်းများဆီ သွေးစီးဆင်းမှုအား ကောင်းစေပါတယ်။ ဒါ့ကြောင့် ဗိုက်ထဲမှာ သွေးနည်းနည်းပဲ ရှိပါတယ်။ အစာချေဖျက်ဖို့ မလုံလောက်တဲ့အတွက် အစာမကြေခြင်းကို ဖြစ်စေမှာဖြစ်ပါတယ်။

၆။ လမ်းမလျှောက်ရ

    အစားစားပြီးချင်း လမ်းတစ်ရာလျှောက်ရင် အသက် ၁၀၀ နေရမယ်ဆိုတဲ့ ဆိုရိုးတောင်ရှိခဲ့ပါတယ်။ အမှန်တော့ ဒါဟာလည်း မှားယွင်းတဲ့အလေ့အထတစ်ခုပဲ ဖြစ်ပါတယ်။ လမ်းလျှောက်တဲ့အတွက် စားသုံးလိုက်တဲ့အစားအစာမှ အာဟာရဓာတ်များကို အစာချေဖျက်စနစ်က လုံလောက်စွာစုပ်ယူသွားနိုင်ပါတယ်။ အခြားသောအကျိုးဆက်များလည်း ရှိနေပါသေးတယ်။

၇။ ချက်ချင်းမအိပ်ရ

    အစားစားပြီးချင်းလည်း ချက်ချင်းမအိပ်သင့်ပါဘူး။ ချက်ချင်းအိပ်လိုက်ရင် အစာချေဖျက်မှုစနစ်က ကောင်းကောင်းအလုပ်မလုပ်တော့ပါဘူး။ အူလမ်းကြောင်းကိုလည်း သက်ရောက်မှုရှိပါတယ်။ တမ်းထဲကို Gastric acid တိုးစေပါတယ်။ 

    အထက်ပါ ၇ ချက်ကတော့ ခန္ဓာကိုယ်အာာဟာရဓာတ်အတွက် စားသုံးတဲ့အခါတိုင်းမှာ ရှောင်ကျဉ်ရမယ့် လုပ်ဆောင်ချက်များဖြစ်တယ်လို့ သိရပါတယ်။ 

Source -  My Food Myanmar


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်