စိုက်ပျိုးသုတ ဇူလိုင်လ

01/07/2024 11:00 AM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

ဇူလိုင်လတွင် အပင်ဖြစ်ထွန်းနေသည့် ယာသီးနှံများကို ပြုစုဂရုစိုက်ရန်၊ မိုးရွာသွန်းမှုနှင့် ဆည်ရေ/ သွင်းရေရရှိမှုအရ စပါးပျိုးမထောင်ရသေးပါက ပျိုးထောင်ရန်၊  ရိတ်သိမ်းမည့် နွေစပါးသီးနှံများ ရိတ်သိမ်းရန်တို့နှင့်စပ်လျဉ်း၍ ဆောင်ရွက်သင့်သည်များကို အသိပေးလိုပါသည်။

ယာသီးနှံများ

စိုက်ပျိုးထားသော နှမ်း၊ မြေပဲ၊ ပြောင်း၊ ပဲမျိုးစုံစသည့် ယာသီးနှံများကို အပင်နှစ်ပတ်သားခန့်မှစတင်၍ ယာသီးနှံအလိုက်သားခွဲခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်း၊ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်းတို့ကို လိုအပ်သလို ဆောင်ရွက်ရန် ဖြစ်ပါသည်။

မိုးရွာသွန်းမှုသည် မည်သည့်ဒေသတွင်မဆို ပျံ့နှံ့မှု၊ ညီညာမှုမရှိဘဲ သွန်ချချင်သလို သွန်ချရွာသွန်းခြင်းကြောင့် မိုးကြီးခြင်းများဖြစ်ပေါ်နိုင်ပါသည်။၊ ထို့ကြောင့် အပင်ခြေ ရေဝပ်ခြင်း၊ မြေဆီလွှာရေတိုက်စားခြင်းတို့ကို ကြိုတင်ကာကွယ်ထားရန်လည်း လိုပါသည်။

မိုးစပါးသီးနှံများအတွက်

ပျိုးထောင်ခြင်း

အထွက်ကောင်းစပါးမျိုးသည် သက်တမ်းအလိုက် အနှံထွက်ရင့်မှည့်သော သဘာဝရှိသည်။ စပါးအပြီး သီးထပ်သီးနှံကို စိုက်ချိန်မှန်တွင် စိုက်ပျိုးနိုင်ရေးအတွက် ပျိုးထောင်ချိန် နောက်မကျဖို့ လိုပါသည်။ မိုးရွာသွန်းမှုမမှန် ပျိုးထောင်ရေမရ၍ ပျိုးမထောင်ရသေးပါက ဇူလိုင်လကုန်နောက်ဆုံးထား၍ ပျိုးထောင်ပြီးစီးရေး ကြိုးစားစေလိုပါသည်။

ရာသီစပါးမျိုးများသည် အလင်းရောင်တုန့်ပြန်မှု (Potoperiod Sensitive) ရှိသဖြင့် ပန်းပွင့်သည့်ရက်ပုံသေ(Date fixed)ဖြစ်သည်။ မျိုး၏သဘာဝအရ ပျိုးထောင်ချိန်စောသည် ဖြစ်စေ၊ နောက်ကျသည်ဖြစ်စေ စပါးပန်းပွင့်သည့်ရက်မှာ ပုံသေဟုဆိုလိုခြင်းဖြစ်သည်။ ထိုကြောင့်ပုံမှန်စပါးအထွက်ကို ရရှိနိုင်ရေးအတွက်  ပျိုးထောင်ချိန်မှန်ဖို့ လိုပါသည်။ 

စပါးစိုက်ပျိုးရာတွင် အသုံးပြုမည့်မျိုးစေ့သည် သန့်ရှင်းရမည်။ မျိုးစစ်မျိုးမှန် ဖြစ်ရမည်။ ပိုးမွှားရောဂါ အပြစ်အနာအဆာကင်းရမည်။ အဆင့်အတန်းရှိ ကြံအင်လက္ခဏာနှင့် ပြည့်စုံသောမျိုးစေ့ကို အသုံးပြုရန် တိုက်တွန်းလိုပါသည်။

အခြောက်တိုက်ရိုက်စိုက်ခင်း

မိုးရေကိုသာအားကိုးပြီး ပျိုးထောင်စိုက်ပျိုးရသည့် ဒေသများအတွက် အကယ်၍ ပျိုးထောင်ရေ လုံးဝမရရှိပါက စပါးသီးနှံကိုအောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုး နည်းစနစ် ပြောင်းသင့်သည်။ အခြောက်ထယ်ရေး၊ အခြောက်မျိုးစေ့ချစနစ်(Dry Direct Seeded Rice Method)ဖြင့် ကြဲပက်(သို့မဟုတ်)အတန်းလိုက် စိုက်ပျိုးသင့်သည်။ ၄င်းမှာ ယာသီးနှံ (နှမ်း၊ပြောင်း၊ပဲမျိုးစုံစသည်) စိုက်ပျိုးရန်ကဲ့သို့ ထွန်ရေးပြုပြင်ပြီး အခြောက်မျိုးစေ့ ချစိုက်ရန် ဖြစ်ပါသည်။ 

သို့သော် ဤစနစ်ဖြင့်  စိုက်ပျိုးသော စပါးခင်းများတွင် စပါးပင်နှင့် ပေါင်းမြက်ပင်များသည် တစ်ပြိုင်တည်း ပေါက်ရောက်ကြီးထွားခွင့်ရရှိထားသဖြင့်- 

(၁) ပေါင်းမြက်ကင်းစင်စေရေး အထူးဂရုပြုရန်လိုသည်။ 

(၂) လယ်ကန်သင်းများကောင်းစေပြီး ကတွတ်ပိတ်ကာ ရွာကျလာသော မိုးရေကို စုဆောင်းဆက်လက်သိုလှောင်ရန် ဖြစ်ပါသည်။

တမန်းပြင်တိုက်ရိုက်စိုက်ခင်း

မိုးရေသေချာသောဒေသနှင့် ဆည်ရေသောက်ဒေသတို့တွင် အစိုတမန်းပြင် တိုက်ရိုက် မျိုးစေ့ချစနစ် (Wet Direct Seeded Rice Method)ဖြင့် ကြဲပက် (သို့မဟုတ်) အတန်းလိုက် စိုက်ပျိုးသင့်သည်။ စိုက်ခင်းတမန်းကောင်းအောင် ပြုပြင်ရန်လိုသည်။  တမန်းမျက်နှာပြင် ညီညာအောင် ကြမ်းရိုက် မြေညှိရန်လိုသည်။  ရေပြောင်စင်အောင်ထုတ်နိုင်ရန် စိမ့်မြောင်း၊ ပတ်မြောင်းများ ပြုလုပ်ထားရန် လိုပါသည်။ 

တမန်းပြင်ပေါ်သို့ မျိုးစေ့ချရာတွင် ၂၄ နာရီရေစိမ်၊ ၂၄ နာရီမျိုးအုပ်ရရှိသော စာပါးစပ် ပြူမျိုးစေ့များကို အသုံးပြုရန်ဖြစ်သည်။ ကြဲပက်စနစ်ဖြစ်ပါက ကြဲပက်စိုက်ပျိုးနိုင်သည်။ သို့မဟုတ် အစိုတမန်းပြင်တွင် ကြဲပက်စိုက်ပျိုးခြင်းမပြုဘဲ မျိုးစေ့ချကရိယာဖြင့်ဖြစ်စေ၊ ကြိုး တန်းဆွဲလက်ဖြူးချ၍ ဖြစ်စေ၊ လက်စုချ၍ဖြစ်စေ အတန်းလိုက်လည်း စိုက်ပျိုးနိုင်ပါသည်။

စပါးကိုမည်သည့်နည်းစနစ်ဖြင့် စိုက်ပျိုးသည်ဖြစ်စေ စိုက်ပြီးပါက ပေါင်းမြက်ကင်းစင်စေရေး၊ မြေသြဇာအာဟာရမချို့ယွင်းစေရေး ပိုးမွှားရောဂါမကျရောက်စေရေး လိုအပ်သလို ပြုစုဂရုစိုက်ရန် ဖြစ်ပါသည်။

မျိုးစေ့ထုတ်စိုက်ခင်း

မျိုးစေ့ထုတ်စိုက်ပျိုးမည့်စိုက်ခင်းများသည်  စိုက်ကွက်ရွေးချယ်မှု မှန်ကန်စေလိုသည်။ လွယ်လွယ်ကူကူသွားလာလုပ်ကိုင် ဆောင်ရွက်နိုင်သော လယ်မြေဖြစ်ရမည်။ မြေဆီသြဇာ ကောင်းမွန်ပြီး မိုးရေဖြင့် မလုံလောက်ပါက သွင်းရေအလွယ်တကူ ဖြည့်ဆည်းပေးနိုင်သော လယ်မြေ ဖြစ်သင့်သည်။ လယ်ကွက်အတွင်းရှိ ရေကို ကောင်းစွာထိန်းသိမ်းနိုင်ရန် အမြင့်၊ အကျယ်ခိုင်ခံ့စွာ စနစ်တကျ ပြုလုပ်ထားသော ကန်သင်းများ ရှိရမည်။ လယ်ကွက်၏ မြေမျက်နှာပြင်သည် ညီညာနေရပါမည်။

နွေစပါးသီးနှံ

မြန်မာနိုင်ငံအလယ်ပိုင်းအချို့ဒေသများတွင် ဧပြီလဝန်းကျင်မှာမှ စပါးကိုစိုက်ကြသဖြင့် ဇူလိုင်မှာမှ အများစုက စပါးရိတ်ရသည်။ ရိတ်သိမ်းချွေလှေ့စက်ကြီးများနှင့် ရိတ်ချွေ နိုင်ရေး ကြိုးစားစေလိုသည်။ အလေအလွင့်လျော့နည်းပြီး မြန်မြန်ဆန်ဆန်ပြီးကာ မိုးစပါး နောက်မကျစေရေး ဖြစ်ပါသည်။

နွေစပါးများ အထွက်စွမ်းရည် အပြည့်အဝရရှိရေးအတွက် ပန်းပွင့်ပြီး (၂၅-၃၅) ရက် အကြာ (သို့)  စပါးနှံများ၏ (၈၅%) ခန့်ရင့်မှည့်ချိန် (သို့) စပါးနှံ၏ အနည်းဆုံး ၃/၄ ပုံခန့် အဝါရောင်သို့ပြောင်းချိန်တွင် ရိတ်သိမ်းရန် ဖြစ်သည်။ ရိတ်သိမ်းပြီး ၂၄ နာရီအတွင်း အစိုဓာတ်ကျဆင်းစေရန် ခြောက်၍ သန့်ရှင်းသော မိုးကာစ၊ ပလပ်စတစ်ပေါ်တွင် စပါးကို အခြောက်ခံရန် ဖြစ်ပါသည်။

နွေစပါး စပါးမျိုးသန့်အဆင့်-၂ (Certified Seed) (ယခုအခေါ်အဝေါ်မှာ စီးပွားဖြစ်မျိုးသန့်) မျိုးစေ့ထုတ်စိုက်ခင်းများနှင့် လယ်သမားကိုယ်တိုင် မိမိအစီအစဉ်ဖြင့် မျိုးသန့် မျိုးကောင်း (Good Seed) ထုတ်စိုက်ခင်းများကို မျိုးရောနှောမှု မဖြစ်စေရန် စနစ်တကျ ရိတ်သိမ်းပြီး သီးသန့်ချွေလှေ့ နေလှမ်းကာ သိုလှောင်သိမ်းဆည်းရန် ဖြစ်ပါသည်။

ဇူလိုင်လသည် စိုက်ပျိုးထားသော ယာသီးနှံ၊ မိုးစပါးသီးနှံ စသည့် ပထမသီးနှံများ စိုက်ချိန်မှန်ရေး၊ အပင်ဖြစ်ထွန်းရေးတို့အတွက် အရေးပါသောလ ဖြစ်သည်။ နွေစပါးသီးနှံ များ အလေအလွင့်မရှိအောင် ရိတ်သိမ်းရမည့်လလည်း ဖြစ်သည်။ သို့ဖြစ်၍ စိုက်ပျိုးသီးနှံ အားလုံး ထုတ်လုပ်မှုမြင့်မားရေး ဆောင်ရွက်ကြရန် အသိပေးအပ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်